FINANCIAL TIMES သတင်းစာ၏ နက်နက်နဲနဲ ဆန်းစစ်လေ့လာမှု

FINANCIAL TIMES သတင်းစာ၏ ပရိသတ်စိတ်ဝင်စားမှုဖော်ဆောင်ရေးဆိုင်ရာ ဒီဂျစ်တယ်အယ်ဒီတာ ကီးစ်ဝဟင်နဆီရေးသားသည်။

ဖနယ်ချယ်တိုင်းမ်သတင်းစာက အမျိုးသမီးစာဖတ်သူ တိုးတက်စေရေး ပရောဂျက်များ ဆောင်ရွက်ရသည့်အကြောင်းရင်း

The Financial Times (FT) ၏ ကျား/မ စာဖတ်သူများဆိုင်ရာပရောဂျက်များကို အချက်အလက်များအသုံးပြုကာ စတင်ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့ခြင်းကြောင့် အမျိုးသမီးစာဖတ်ပရိသတ်အကြိုက်ကို နားလည်သဘောပေါက်စေရန်နှင့်ယင်းတို့ကို ဖြည့်ဆည်းပေးနိုင်ရန်ဆောင်ရွက်ရာတွင် အထူးအထောက်အကူပြုခဲ့သည်။

ပထမဆုံးအနေဖြင့် ကျွန်မတို့သည် ၂၀၁၆ ခုနှစ်တွင် အထောက်အထားအခြေပြု ကျား/မ အချက်အလက်ဆိုင်ရာ နည်းလမ်းတစ်ခုကိုအသုံးပြုကာ အမျိုးသမီး စာဖတ်ပရိသတ်ပမာဏကို သတ်မှတ်နိုင်ခဲ့ကြသည်။ တွေ့ရှိချက်များအရ အမျိုးသမီးစာဖတ် ပရိသတ်ပမာဏမှာ သိသိသာသာ နည်းပါးနေသည့်အပြင် စိတ်ဝင်စားမှုလည်း သိပ်မရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ အဆိုပါအချက်ကို စိုးရိမ်စရာအဖြစ်ရော စီးပွားရေးအခွင့်အလမ်းအဖြစ်ပါကျွန်မတို့ရှုမြင်ခဲ့ကြသည်။ အမျိုးသမီးစာဖတ်ပရိသတ်က FT (ဥပမာအားဖြင့် FT ကို အမျိုးသားများအတွက် ရည်ရွယ်သောသတင်းစာဟု သတ်မှတ်ကြောင်း အမျိုးသမီးစာဖတ်ပရိသတ်က ပြောကြားခဲ့သည်။) ကို စိတ်မဝင်စားရသည့် အကြောင်းရင်းများနှင့် ထိုအခြေ အနေကိုပြောင်းလဲရန် ကျွန်မတို့မည်သို့ ကြိုးစားနိုင်သည်ကို ထပ်မံပြုလုပ်သော သုတေသနအရနားလည်လာသည်။ အထောက်အထားအခြေပြု ကျား/မ အချက် အလက်ဆိုင်ရာနည်းလမ်းကို အသုံးပြုခြင်းကြောင့် အမျိုးသမီးများဖတ်လေ့ရှိ သော သတင်းဆောင်းပါးများနှင့် အမျိုးသမီးစာဖတ်ပရိသတ်အကြိုက်တို့ကို ပိုမို နားလည်လာခဲ့သည်။

ပရိသတ်စိတ်ဝင်စားမှုဖော်ဆောင်ရေး ဒီဂျစ်တယ်အယ်ဒီတာ (Digital Editor for Audience Engagement)၏ လုပ်ငန်းတာဝန်တွင် ပန်းတိုင်ကြီးနှစ်ရပ်ပါဝင်သော ပရောဂျက်များကို ချမှတ်ဆောင်ရွက်စေခဲ့သည်။

    ၁။ အဖွဲ့အစည်းပြင်ပ။ ။ FT အား လပေး၊ နှစ်ပေး မှာယူ ဖတ်ရှုသည့် အမျိုးသမီးပရိသတ်၏ FT အပေါ်ရှုမြင်ပုံကိုပြောင်းလဲကာ ရေရှည်တွင်၎င်းတို့ ပိုမိုစိတ်ဝင်စားကာ မလွတ်တမ်းဖတ်လိုစိတ်ရှိလာအောင် ဖန်တီးပေးရန်။ ၂။ အဖွဲ့အစည်းတွင်း။ ။ (က) အမျိုးသမီးစာဖတ်ပရိသတ် ဖတ်ရှုတတ်သည်များကို ပိုမိုနားလည်အောင် ဆောင်ရွက်ရန် (ခ) အမျိုးသမီးစာဖတ်ပရိသတ်အကြိုက်ကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရန်လုပ်ဖော်ကိုင်ဖက်များအကြား လုပ်ငန်းဆိုင်ရာအလေ့အထ ပြောင်းလဲလာအောင်တိုက်တွန်းအားပေးရန်။

အဆိုပါ ပရောဂျက်များမှာ FT ၏ အမျိုးသမီးစာဖတ်ပရိသတ် ပိုမိုများပြားလာ အောင်ဆောင်ရွက်သည်ထက် လက်ရှိမှာယူဖတ်ရှုသည့် အမျိုးသမီးပရိသတ် စိတ်ဝင်စားမှုရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ သို့ရာတွင် အဆိုပါ ပရောဂျက်အချို့မှ ဆင့်ပွားသိလာနိုင်သော အချက်အလက်များဖြင့် FT ကို ဖတ် ရှုခြင်းမရှိသေးသည့် အမျိုးသမီးပရိသတ်များ၏ရှုမြင်ပုံကိုလည်း ပြောင်းလဲအောင် ဆောင်ရွက်နိုင်မည်ဟု ကျွန်မတို့မျှော်လင့်ထားသည်။

လုပ်ဖော်ကိုင်ဖက်များအကြား ယဉ်ကျေးမှုအပြောင်းအလဲကို တွန်းအားပေးရန်အတွက်၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်ပါက ပိုမိုအလုပ်ဖြစ်နိုင်သည်။

သတင်းဆောင်းပါးတစ်ပုဒ်၊ အကြောင်းအရာ သို့မဟုတ် ကဏ္ဍ တစ်ခုအား အမျိုးသမီးပရိသတ်၏ စိတ်ဝင်စားမှုရှိပုံကို ဆုံးဖြတ်ရာတွင် အဓိကတိုင်းတာ ချက်မှာ အမျိုးသမီးပရိသတ်အရေအတွက် အချိုးအစားဖြစ်ပြီး၊ စုစုပေါင်းစံသတ်မှတ်အရေအတွက်နှင့် အဆိုပါအချိုးအစားကို နှိုင်းယှဉ်ကြည့်ခြင်းပင်ဖြစ်သည်။ အမျိုးသမီးပရိသတ် အချိုးအစားမြင့်တက်လာပြီး၊ စုစုပေါင်း စံသတ်မှတ် အရေအတွက်လည်း များပြားလာစေရန် ကျွန်မတို့အမြဲဦးတည်ဆောင်ရွက်ပါသည်။

    လပေးနှစ်ပေးမှာယူဖတ်ရှုဆဲ အမျိုးသမီးပရိသတ်

၂၀၁၇ ခုနှစ် ပထမ သုံးလပတ်နှင့် ၂၀၁၉ ခုနှစ် တတိယ သုံးလပတ် တွင် ၁.၂ ရာခိုင်နှုန်း မြင့်တက်လာသည်။

    သတင်းဆောင်းပါးတစ်ပုဒ်အတွက် အမျိုးသမီးပရိသတ်ပျှမ်းမျှရာခိုင်နှုန်း

၂၀၁၇ နှင့် ၂၀၁၉ ခုနှစ်တို့တွင် နှစ်အလိုက် ၃ ရာခိုင်နှုန်း မြင့်တက်လာသည်။

FT၏ အမျိုးသမီးစာဖတ်သူများ ပိုမိုစိတ်ဝင်စားလာစေရေး ပရောဂျက်များ

ပရောဂျက် XX

ပရောဂျက်။ ။ ထင်ရှားသည့်ကဏ္ဍများတွင် အမျိုးသမီးပရိသတ် ဖတ်လိုသည့် သတင်းဆောင်းပါးများကိုထည့်သွင်းရန် ကျွန်မတို့ဆုံးဖြတ်လိုက်သည်။ ဆိုလို သည်မှာ အမျိုးသမီးများစိတ်ဝင်စားမှုရရှိခဲ့သော ယခင်ကဖော်ပြဖူးသည့် FT သတင်းဆောင်းပါးတစ်ပုဒ် (မှန်းထားသည်ထက် ပိုမိုဖတ်ရှုသော)ကိုဖတ်ရှုသော ပျမ်းမျှ အမျိုးသမီးအရေအတွက်ထက် ပိုဖတ်နိုင်ချေရှိသည်ဟု ယူဆရသည့် သတင်းဆောင်းပါးများကိုထည့်သွင်းခြင်းဖြစ်သည်။

ထိုပရောဂျက်မည်သို့အလုပ်လုပ်သနည်း။

ပင်မဝက်ဘ်ဆိုက် အယ်ဒီတာများနှင့် ပရိသတ်စိတ်ဝင်စားမှု ဖော်ဆောင်ရေး ဆိုင်ရာ ဒီဂျစ်တယ်အယ်ဒီတာတို့က အမျိုးသမီးပရိသတ်ဖတ်ရှုမှုများနိုင်မည့် သတင်းဆောင်းပါးကို တစ်နေ့တစ်ပုဒ်ကျ ရွေးချယ်ထည့်သွင်းသည်။ အဆိုပါ သတင်းဆောင်းပါးခေါင်းစဉ်ကို ပင်မဝက်ဘ်ဆိုက်စာမျက်နှာတွင် ထည့်သွင်းခြင်း၊ အမျိုးသမီးပရိသတ် အများအပြားရှိသည့် လူသိများသောနေ့စဉ် သတင်းအကျဉ်း ချုပ် အီးမေးလ်တို့တွင် ထည့်သွင်းခြင်းများပြုလုပ်ကာ အများမြင်သာအောင် ဆောင်ရွက်သည်။ ထို့အပြင် ဆိုရှယ်မီဒီယာများပေါ်တွင်လည်း အများမြင်သာ အောင် ဆောင်ရွက်သေးသည်။ ထို့နောက် အဆိုပါပရောဂျက် XX က အမျိုးသမီး ပရိသတ်အပေါ် မည်မျှထိရောက်မှုရှိသည်ကိုဆန်းစစ်သည်။

ရည်ရွယ်သည့် ပန်းတိုင်က မည်သည့်အရာနည်း။

    ၁။ အဖွဲ့အစည်းပြင်ပ။ ။ အမျိုးသမီးပရိသတ်က ၎င်းတို့ဖတ်ရှု လိုသည့် သတင်းဆောင်းပါးများကို ပိုမိုရှာဖွေဖတ်ရှုလာနိုင်အောင် ကြိုးစားဆောင်ရွက် ပေးခြင်းဖြင့် FT အပေါ်ရှုမြင်ပုံကိုပြောင်းလဲပေးရန်။ ၂။ အဖွဲ့အစည်းတွင်း။ ။ (က) ပရောဂျက် XX ပါ သတင်းဆောင်းပါးများအား ပရိသတ်ကတုံ့ပြန်ပုံ များကို ဆန်းစစ်ကာအဆိုပါ သတင်းအချက်အလက်များကို အဖွဲ့အစည်းအတွင်း သင့်လျော်သည့်အဖွဲ့များထံပေးပို့ကာ အမျိုးသမီးပရိသတ်၏ အကြိုက်ကိုပိုမိုသိရှိ အောင်ဆောင်ရွက်ရန်။ (ခ) သက်ဆိုင်သည့်အဖွဲ့များ၏ လုပ်ငန်းဆိုင်ရာအလေ့အထ ပြောင်းလဲလာ အောင်တိုက်တွန်းအားပေးရန်။ ဥပမာအားဖြင့် ပင်မဝက်ဘ်ဆိုက် အယ်ဒီတာများ ကသတင်းဆောင်းပါးအမျိုးမျိုးကို လူသိများအောင်ဆောင်ရွက်ပေးပြီး၊ အောင် မြင်မှုအတိုင်းအတာကို သတင်းဆောင်းပါးများအား ကြည့်ရှုသူအရေအတွက်ထက် စိတ်ဝင်တစားဖတ်ရှုသည့် ပရိသတ်အချိုးအစားနှင့်သာ ဆုံးဖြတ်ရန်ဖြစ်သည်။ ပရောဂျက်အတွက် သတင်းဆောင်းပါးများ ဖန်တီးရေးသားရန် တာဝန်ယူရသော အယ်ဒီတာများကလည်း ဂျာနယ်လစ်များအား သတင်းဆောင်းပါး အမယ်အမျိုးမျိုး ရေးသားရေးအတွက်တာဝန်ပေးရန်ဖြစ်သည်။

ပရောဂျက် XX ပါ သတင်းဆောင်းပါးများ အမျိုးသမီးပရိသတ်များအကြားတွင် အခြေအနေမည်သို့ရှိသနည်း။

ပရောဂျက် XX ပါသတင်းဆောင်းပါးတစ်ပုဒ်ကို ဖတ်ရှုသည့် ပျမ်းမျှအမျိုးသမီး အရေအတွက် အချိုးအစားသည် FT ပါ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရှုသည့် ပျမ်းမျှ အရေအတွက်ထက် သိသိသာသာ ပိုမိုများပြားသည်။ ထိုသို့ သိသိသာသာကွာခြား ချက်ကို ဆက်လက်များပြားလာအောင်ဆောင်ရွက်ရေးမှာ ပရောဂျက်၏ ရည်မှန်း ချက်ပန်းတိုင်ပင်ဖြစ်သည်။

စိန်ခေါ်မှုများက မည်သည့်အရာများနည်း

အဓိကအားဖြင့် ပင်မဝက်ဘ်ဆိုက်၏ အပြင်အဆင်တင်ပြပုံ အလေ့အထပြောင်း လဲလာခြင်းမှာ FT၏ တန်ဖိုးအရှိဆုံးအပိုင်းတစ်ရပ်ဖြစ်လာခဲ့သည်။ အောက်ပါ ဥပမာအချို့ကိုကြည့်ပါ။

    အထူးသဖြင့် အထက်ပါ အလေ့အထအသစ်ကို သတင်း အကဲဖြတ်မှုနှင့် လွတ်လပ်မှုကို အနှောင့်အယှက်ဖြစ်မည့် အရာဟုမမြင်ဘဲ လက်ခံလာရေး ပင်မဝက်ဘ်ဆိုက် အယ်ဒီတာများကို အားပေးတိုက်တွန်းခြင်း။ - ဝက်ဘ်ဆိုက် စာမျက်နှာကိုကြည့်ရှုသည့် စုစုပေါင်းအရေအတွက်ထက် ပရိသတ်အရေအတွက် အချိုးအစားကိုဦးစားပေးရန် အားပေးတိုက်တွန်း ရခြင်း။ (ဥပမာ။ ကြည့်ရှုသည့် အမျိုးသမီးပရိသတ်အရေအတွက် ရာခိုင်နှုန်း) - သတင်းဆောင်းပါးများအား ပင်မ FT ဆောင်းပါးများအဖြစ် မမြင်စေဘဲ လူသိများအောင် ဆောင်ရွက်ခြင်း (အထူးကဏ္ဍ၊ နှစ်သက်စရာကဏ္ဍ၊ ကြည်နူးစရာကဏ္ဍ စသည်ဖြင့် တလှည့်စီအမည်တပ် ဖော်ပြသည်။) - FT၏ စာဖတ်ပရိသတ်မှာ မည်သူများဖြစ်သည်ဆိုသည့် အချက်နှင့် ပင်မ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ၎င်းတို့မည်သည့်အရာများကို မြင်တွေ့လိုသည်တို့ကို အချက်အလက်များအပြင် ဂျာနယ်လစ်ဆန်သော အမြင်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားခြင်း။ - FT ၏ အမျိုးသမီးပရိသတ်များက အမျိုးသားပရိသတ်များ ဖတ်ရှုသည်များကိုပင် အလားတူဖတ်ရှုကြောင်း စိန်ခေါ်မှုသဖွယ်ဖြစ်နေသည့် ယခင်ကနားလည်ထားမှု (အမျိုးသမီးပရိသတ် ရာခိုင်နှုန်းမည်မျှများသည်ဖြစ် စေ FT တွင် ဖော်ပြသော သတင်းဆောင်းပါးများကို သတ်မှတ်အရေ အတွက်ထက် ကျော်လွန်ကြည့်ရှုသည့် အရေအတွက်တွင် အမျိုးသား များမှာ အမျိုးသမီးများထက်များပြားသည်။) - ဝက်ဘ်ဆိုက်ကို စီမံလည်ပတ်နေသည့်အဖွဲ့၏ လုပ်နည်းလုပ်ဟန်နှင့် ဆုံးဖြတ်ချက်ချမှတ်မှု အဆင့်ဆင့်ကိုနားလည်မှုရရှိခြင်း။ အဆိုပါကိစ္စ ရပ်များမှ ထိုအဖွဲ့တွင်ပါဝင်ခြင်းမရှိသူများက ပြတ်ပြတ်သားသားသိရှိလေ့မရှိပေ။ - ဝက်ဘ်ဆိုက်ကို စီမံလည်ပတ်နေသည့်အဖွဲ့နှင့် AE အဖွဲ့ တို့အကြား ပိုမိုနီးစပ် ဟန်ချက်ညီကာယုံကြည်မှုရှိလာသည့်အပြင် လုပ်ငန်းစဉ်များ ချမှတ်နိုင်ခြင်း။ - လုပ်ဖော်ကိုင်ဖက်များ၏ နာမည်ကောင်းရှိမှု အပေါ်မူတည်၍ တာဝန် အရမဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းနှင့် စေတနာ့ဝန်ထမ်းသဘော ဆောင်ရွက်ရမည့်လုပ်ငန်းအကြား လိပ်ခဲတည်းလည်းဖြစ်နေသည်ကို လိုအပ်သကဲ့သို့ ပေါင်းစပ်ဆောင်ရွက်နိုင်ခြင်း။

ပရောဂျက် XX မှ ကျွန်ုပ်တို့ သိရှိလာခဲ့သည်များ။

    • လုပ်ငန်းဆောင်ရွက်မှု အလေ့အထပြောင်းလဲရန်မှာ ကြန့်ကြာမှုရှိသော် လည်းပြောင်းလဲယူနိုင်ခဲ့သည်။ ပရောဂျက် XX မှ ပေါ်ထွက်လာသော သတင်းဆောင်းပါးများသည် ဝက်ဘ်ဆိုက်ပေါ်တွင် ဝင်ရောက်ကြည့်ရှုမှု များပြားသည်ကို တွေ့မြင်လာရသောကြောင့် ပင်မဝက်ဘ်ဆိုက်ကို စီမံလည်ပတ်နေသည့် အယ်ဒီတာများက ပင်မစာမျက်နှာတွင်ထည့်သွင်း မည့်အကြောင်းအရာများနှင့် ပတ်သက်၍ သဘောထားအမြင်ပြောင်းလဲလာသည်။ • ပရောဂျက် XX ကြောင့် FT ပရိသတ်များအကြား ရေပန်းစားသည့် သတင်းဆောင်းပါးကဏ္ဍအရပ်ရပ်ကို တိုးချဲ့ရန် အထောက်အကူပြုခဲ့သည်။ အထူးသဖြင့် ယခင်ကပရိသတ်အချို့သာ စိတ်ဝင်စားသည့် အလုပ်အကိုင်နှင့် ပတ်သက်သော သတင်းဆောင်းပါးများတွင် အမျိုးသမီးများနှင့်ဆိုင်သော အကြောင်းအရာများ၊ အမျိုးသမီးအမည်များ ပိုမိုထည့်သွင်းတင်ပြလာသည့်အခါတွင် ကြည့်ရှုသူပိုမိုများပြားလာကြောင်း ထိုပရောဂျက်ကြောင့် ဝက်ဘ်ဆိုက်ကို စီမံလည်ပတ်နေသည့် အယ်ဒီတာများသိရှိလာခဲ့သည်။ ထိုသို့အမျိုးသမီးများကို ပိုမိုအသားပေး ရေးသားသည့် သတင်းဆောင်းပါးများကို ပရိသတ်ပိုမိုစိတ်ဝင်စားလာ သောကြောင့်လည်း ထိုပရိုဂျက်တွင်တာဝန်ကျသည့် အယ်ဒီတာများ သည် ထိုကဲ့သို့သတင်းဆောင်းပါးများကို ပိုမိုဖန်တီးတင်ဆက်လိုလာကြသည်။ အဆိုပါ သတင်းဆောင်းပါးများတွင် မျိုးဆက်ပွားခြင်း၊ အမျိုးသမီးရာသီစက်ဝန်း၊ သွေးဆုံးခြင်း၊ မိဘဘဝ၊ လိင်မှုဆိုင်ရာ နှောင့်ယှက်ခြင်း၊ လူမျိုးရေးခွဲခြားခြင်းနှင့် လိင်တူလိင်ကွဲစုံမက်သူများ၊ လိင်တူရော လိင်ကွဲပါ စုံမက်သူများနှင့် လိင်စိတ်ခံယူမှု မပြတ်သားသေး သူများစသဖြင့် အကြောင်းအရာပေါင်းစုံပါဝင်သည်။ • မက်လုံးများကြောင့် အယ်ဒီတာအဖွဲ့တွင် အထောက်အကူရရှိခဲ့သည်။ ဥပမာအားဖြင့် လူကြိုက်ပိုများအောင် ထပ်မံဆောင်ရွက်နိုင်သည့် အခွင့် အရေးများနှင့် လူကြိုက်ပိုများနိုင်မည့် သတင်းဆောင်းပါးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ပင်မဝက်ဘ်ဆိုက်ကို စီမံလည်ပတ်နေသည့် အယ်ဒီတာများလိုလားသည့် သတင်းဆောင်းပါးများနှင့် ပတ် သက်သည့် စိတ်ကူးများကိုထိုးထွင်းသိမြင်လာခြင်းပင်ဖြစ်သည်။ • အဆိုပါပရောဂျက်တွင် လုပ်ဖော်ကိုင်ဖက်အချင်းချင်း မိမိတို့၏ အချက် အလက်များကို အပြန်အလှန်မျှဝေကြသည်။ လုပ်ဖော်ကိုင်ဖက်များ စိတ်ဝင်တစားပါဝင်မှုရှိစေရန် (နှင့်ပရောဂျက်သစ်ကို စတင်ချိန် က တည်းက ခိုင်မာအားကောင်းမှုရှိစေရန်) ၎င်းတို့ဖန်တီးသည့် သတင်းဆောင်းပါးများကို အမျိုးသမီးများက ကြိုက်နှစ်သက်ပုံအားအသိပေး သည်။သတင်းကောင်းမှန်သမျှကို ကျေနပ်လက်ခံကြစမြဲပင်ဖြစ်သည်။ • အသစ်ပြုလုပ်သော/ အငြင်းပွားဖွယ်ဖြစ်သော ပရောဂျက်များတွင် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန်မှာအရေးပါသည်။ ပရောဂျက်အဖွဲ့၏ စရိုက်နှင့် အဖွဲ့ဝင်များ၏ စိတ်ကူးစိတ်သန်းများ (နှင့် စိုးရိမ်မှုများ) ပရောဂျက်လုပ်ငန်းစဉ်ရေးဆွဲရာတွင် အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ • အသေးစားစမ်းသပ်မှုဖြင့် စတင်ဆောင်ရွက်ပါ။ ထိုသို့ စမ်းသပ်မှုကို တိုးချဲ့နိုင်သကဲ့သို့ ထိန်းညှိမှုလည်းပြုလုပ်နိုင်သည်။ အကယ်၍ အလုပ်မဖြစ်ပါက ဆက်မလုပ်ဘဲ နေနိုင်သည်။ ထိုသို့ ဆောင်ရွက်ချက် များကြောင့် တစ်စုံတစ်ခုကို အမြဲတစေသိလာနိုင်သည်။ • ခေါင်းဆောင်မှုမှာအရေးပါသည်။ လုပ်ဖော်ကိုင်ဖက် အကြီးတန်းအယ်ဒီတာများထံမှ သတင်းအချက်အလက် နှင့်အထောက်အကူရရှိခြင်း၊ လက်ရှိဖြစ်ပေါ်နေသည်နှင့် ထိုဖြစ်ရပ်အရေးပါသည့် အကြောင်းရင်းကို ရှင်းလင်းတင်ပြခြင်းတို့မှာအရေးပါသည်။ လုပ်ဖော်ကိုင်ဖက်များ၏ ထပ်ဆင့်အားစိုက်ထုတ်မှုများကို ကျေးဇူးတင်အသိအမှတ်ပြုခြင်းမှာ လည်းအထောက်အကူပြုသည်။ • အမျိုးသမီးများ (နှင့် အမျိုးသားများ)နှင့် ပတ်သက်သော ကျွန်မတို့၏ တင်ကူးထင်မြင်ချက်များမှာ မှားယွင်းလေ့ရှိကြောင်း အချက်အလက်များအရသိရသည်။ အမျိုးသမီးများကို အသားပေးရေးတင်ပြထားသည့် အမျိုးသမီးများနှင့်သက်ဆိုင်သောအကြောင်းအရာများ (ဖက်ရှင်၊ စတိုင်၊ အလှအပရေးရာ) ကို အမျိုးသားရာခိုင်နှုန်း အများအပြားကလည်း အမြဲ တစေဖတ်ရှုလေ့ရှိသည်။ မိမိအလုပ်ကို စီမံခန့်ခွဲရေးဆိုင်ရာ အကြောင်း အရာများမှသည် အမျိုးသမီးများနှင့် သက်ဆိုင်သောနည်းပညာ သတင်း ဆောင်းပါးများတွင်လည်း ဤအတိုင်းပင်ဖြစ်သည်။ ထိုအချက်မှန်ကန် ကြောင်းကို လပေး၊ နှစ်ပေး ဖတ်ရှုသူ အမျိုးသား ၇၅ ရာခိုင်နှုန်းရှိ နေခြင်းကသက်သေထူသည်။ FT တွင်ဖော်ပြသော ငွေရေးကြေးရေး ဆိုင်ရာ အထူးဆောင်းပါးအချို့ (ငွေရေးကြေးရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ ရန်ပုံငွေ စီမံခန့်ခွဲမှု) တွင် အမျိုးသမီးများကို အသားပေးရေးသားထားသည်။

LONG STORY SHORT WEEKLY NEWSLETTER

ပရောဂျက်။ ။ အမျိုးသမီးပရိသတ်က ၎င်းတို့ကြိုက်နှစ်သက်သည် ဟု ပြောကြားလာသော တင်ပြပုံ၊ အပြင်အဆင်ဖြင့် တင်ဆက်ထားသော FT ၏ သတင်းဆောင်းပါးများဖြင့် အမျိုးသမီးပရိသတ်ရရှိလာစေရန်ရည်ရွယ်သည်။

ထိုပရောဂျက်မည်သို့အလုပ်လုပ်သနည်း။

အဖတ်များသည့် သတင်းဆောင်းပါးများနှင့် ဖတ်ချင်စရာ အကောင်းဆုံး အကြောင်းအရာများကို သတင်းလွှာထဲတွင် ကျကျနနထည့်သွင်းကာ သောကြာနေ့တိုင်းတွင် အီးမေးလ်ဖြင့်ပေးပို့သည်။ သတင်းလွှာပါ အကြောင်းအရာများကို FT ၏ အမျိုးသမီးဂျာနယ်လစ်များက အပတ်စဉ် တစ်ယောက်တစ်လှည့်ရွေးချယ်ထည့်သွင်းသည်။

ရည်ရွယ်သည့် ပန်းတိုင်က မည်သည့်အရာနည်း။

မိမိတို့မှာအချိန်နည်းပြီး သတင်းများနှင့်လည်းမျက်ခြည်မပြတ်လိုကြောင်း ပြောပြလာသည့် အမျိုးသမီးများ၏ လိုအင်ကိုဖြည့်ဆည်းပေးနိုင်ရန်။ ထိုလိုအင်ကိုဖြည့်ဆည်းနိုင်ရန် နည်းလမ်းပေါင်းစုံကိုအသုံးပြုခဲ့သည်။

    ၁။ သတင်းလွှာပုံစံ။ ။ အလုပ်များသည့် အမျိုးသမီးများအတွက် စိတ်ဝင်စားစရာသတင်းလွှာဖြစ်စေရန်တင်ပြထားသည်။ သတင်းလွှာထဲတွင် တစ်ပတ် အတွင်း အမျိုးသမီးပရိသတ်များမလွတ်တမ်း ဖတ်ရှုသင့်သည့်သတင်းများကို ဖတ်ရှုခွင့်ရရှိစေရန် သတင်းလွှာတွင် စီစဉ်တင်ဆက်ထားသည်။ ၂။ ဖော်ပြသည့်အကြောင်းအရာ။ ။ လွန်ခဲ့သည့်သီတင်းပတ်အတွင်း အမျိုးသမီး များဖတ်ရှုခဲ့သည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သတင်းဆောင်းပါးရွေးချယ်သူက အသုံးပြုသည်။ FT မှာ ငွေရေးကြေးရေးဆိုင်ရာများ ကိုသာဖော်ပြသည့် သတင်းစာဟု၎င်းတို့နားလည်ထားကြောင်း အမျိုးသမီးပရိသတ်ထံမှ ကြားသိရသဖြင့်ကဏ္ဍမျိုးစုံမှ သတင်းနှင့်ဆောင်းပါးများကို ထည့်သွင်းထားသည့်အပြင် ဖတ်ချင်စရာအကောင်းဆုံး သတင်းဆောင်းပါး များနှင့် အဖတ်များသည့် သတင်းဆောင်းပါးများကိုပါထည့်သွင်းထားသည်။ ထိုသို့ FT တွင် ဖော်ပြသည့် သတင်းဆောင်းပါးအားလုံးသည် အမျိုးသမီးများနှင့် သင့်လျော်သည်ဟု ကျွန်မတို့ကမှတ်ယူသည့်အပြင် ထိုသို့မဖော်ပြပါက အမျိုးသမီးပရိသတ်များ ဖတ်ခွင့်မကြုံဖြစ်သွားနိုင်သည်။ ၃။ သတင်းဆောင်းပါးရွေးချယ်သူများ။ ။ အမျိုးသမီးပရိသတ်နှင့် ပိုမိုသင့်လျော် သည့် သတင်းလွှာဖြစ်ကြောင်းခံစားမိစေရန် အပတ်စဉ်တိုင်းတွင် အမျိုးသမီး ဂျာနယ်လစ်များက သတင်းဆောင်းပါးများကို အလှည့်ကျရွေးချယ်ကြသည်။ ထိုသို့ဆောင်ရွက်ခြင်းကြောင့် ကျွန်မတို့၏ အမျိုးသမီးဂျာနယ်လစ်များကို လူသိပို များစေသည့်အပြင် သတင်းများတွင်လည်း အမျိုးသမီးများ၏ အမြင်ကိုပိုမိုထင်ဟပ်ပြနိုင်သည်။ ၄။ တင်ပြပုံ။ ။ သတင်းလွှာသည် လတ်တလောဖြစ်ပျက်နေသည်များတင်ပြ ထားသည့်အပြင် FT က ပင်တိုင်ဖော်ပြနေသည်များနှင့် ခြားနားအောင်လည်း ရည်ရွယ်ထည့်သွင်းထားကာ သမားရိုးကျပုံစံမှခွဲထွက်၍ လူပြောများသည့် အကြောင်းအရာများကို အသားပေးထည့်သွင်းထားသည်။ ဖတ်ချင်စရာကောင်း အောင်လည်း စာမျက်နှာအသွင်အပြင်ကိုဖန်တီးထားသည်။ သတင်းဆောင်းပါး ရွေးချယ်သည့် ဂျာနယ်လစ်တိုင်းက မိမိတို့၏ကိုယ်ရေးကိုယ်တာ အကြောင်း အရာ၊ ကျွမ်းကျင်သည့်နယ်ပယ်နှင့် စိတ်ဝင်စားရာများကိုပါ ပရိသတ်ထံ မိတ်ဆက်ဖော်ပြကြသည်။ ထို့အပြင် ရွေးချယ်တင်ပြထားသည့် FT ပါ သတင်း ဆောင်းပါးများနောက်ကွယ်မှ အကြောင်းအရာများနှင့် ထိုသတင်းဆောင်းပါး များကို မိမိတို့မည်သည့်အတွက် နှစ်သက်ရသည်ကိုလည်း အဆိုပါအမျိုးသမီး ဂျာနယ်လစ်များကတင်ပြထားသည်။ ၅။ ထင်သာမြင်သာရှိခြင်း။ ။ FT ၏ ပင်မအသွင်အပြင်နှင့် ကွဲပြားမှုရှိစေရန် အထူးစီမံထားသည့် ကောက်ကြောင်းဖြင့်ရေးဆွဲထားသော လိုဂိုအမှတ်တံဆိပ်ကို အသုံးပြုကာ ပင်မစာစောင်နှင့် မတူသည့် အရောင်များကိုလည်း အသုံးပြုထားသည်။ သတင်းဓာတ်ပုံများကိုလည်း လူတန်းစားအလွှာစုံပါအောင် ရိုက်ကူးထားသည်။

သတင်းဆောင်းပါးရှည်ကို အတိုချုပ်ဖော်ပြမှု အခြေအနေမည်သို့ ရှိသနည်း။*

ထိုအစီအစဉ်ကြောင့် FT ၏ပျမ်းမျှပရိသတ်ထက် စိတ်ဝင်တစားကြည့်ရှုသည့် ပရိသတ်ပိုမိုရရှိကာ အမျိုးသမီးပရိသတ် အရေအတွက်မှာလည်းပိုများသည်။

    • FT သတင်းလွှာ၏ ပျမ်းမျှပရိသတ်ထက် အမျိုးသမီးပရိသတ် ၈.၂ ရာခိုင် နှုန်းပိုရှိလာသည်။ • စာဖတ်ပရိသတ် ပျမ်းမျှအရေအတွက်တွင် ယခင်ကထက် ၃.၅ ရာခိုင် နှုန်းပိုများလာသည်။ • ကလစ်ခေါက် ကြည့်ရှုသည့် ပျမ်းမျှနှုန်းမှာလည်း ယခင်ကထက် ၁.၈ ရာခိုင်နှုန်း ပိုများလာသည်။ • အဆိုပါအစီအစဉ်ကို စတင်ခဲ့သည့် ၂၀၁၈ ခုနှစ် အစောပိုင်းက နောက် ပိုင်းတွင် လပေး၊ နှစ်ပေး ဖတ်ရှုသူအရေအတွက် လစဉ်တိုးလာခဲ့သည်။

*Data from Q3 2019

စိန်ခေါ်မှုများက မည်သည့်အရာများနည်း

    • ကျွန်မတို့နှင့် အကျွမ်းတဝင်လုံးဝမရှိသည့် ပရိသတ်အတွက်သတင်းလွှာ အခင်းအကျင်းတစ်ခုကို ပုံစံပြုရခြင်း။ • FT ၏ မူလအနှစ်သာရမပျောက်အောင်ထိန်းသိမ်းရင်း ပရိသတ်နှင့် အံဝင်ခွင်ကျဖြစ်မည့် သတင်းလွှာအခင်းအကျင်းနှင့် ရေးသားတင်ပြပုံအသစ်တစ်ခုကိုရှာဖွေရခြင်း။ • မူလအနှစ်သာရကို မပြတ်ထိန်းထားရင်း စာရေးသူအမျိုးမျိုးနှင့် ဆက်သွယ်လုပ်ကိုင်ရခြင်း။ • ဤသတင်းလွှာတွင် ကဏ္ဍစုံမှ စာရေးသူအများအပြားရေးသားသည်များပါရှိစေရန် သေချာစွာဆောင်ရွက်လိုသည်။ • ပြောင်းလွယ်ပြင်လွယ် ပိုမိုပြုလုပ်နိုင်သည့် စာမျက်နှာအခင်းအကျင်း ဒီဇိုင်းရရှိစေရန် သတင်းတည်းဖြတ်သည့် ပလက်ဖောင်းသစ်တစ်ရပ် တည်ဆောက်ရခြင်း။

သတင်းဆောင်းပါးရှည်ကို အတိုချုပ်ဖော်ပြမှုမှ ကျွန်မတို့မည်သည့်အရာများကို သိရှိလာခဲ့သနည်း။

    • အမျိုးသမီးများအတွက် ရည်ရွယ်သည်ကိုသိသာအောင်တင်ပြရန်မှာ အဓိကလိုအပ်ချက်မဟုတ်ပေ။ သတင်းလွှာထဲတွင် အမျိုးသမီးများ အတွက်ရည်ရွယ်ကြောင်း မည်သည့်နေရာတွင်မှ မဖော်ပြသော်လည်း ဤသတင်းလွှာမှာ အမျိုးသမီးများ၏ စိတ်ဝင်စားမှုကိုရရှိသည်။ အမျိုးသမီးများအတွက်ဟု အမှတ်တံဆိပ်တပ်ခြင်းကြောင့် သက်ရောက် မှု ကောင်းကျိုး၊ ဆိုးကျိုး မည်သို့ရှိမည်ကိုကျွန်မတို့မသိပါ။ • အမျိုးသားများသည်လည်း အမျိုးသမီးများအတွက် ရည်ရွယ်သော သတင်းလွှာများကိုဖတ်ရှုကြသည်။ ဤသတင်းလွှာကို အမျိုးသမီး ပရိသတ်၏ စိတ်ဝင်စားမှုကိုရရှိစေရန် ရည်ရွယ်ထုတ်ဝေသော်လည်း အမျိုးသားပရိသတ်များကလည်း စိတ်ဝင်စားကြသည်။ • ပရိသတ်ထံမှ တိုက်ရိုက်တုံ့ပြန်မှု အနည်းအကျဉ်းသာရရှိသည်။ ဤ သတင်းလွှာ၏ ပရိသတ်များက စာရေးသူများနှင့် တိုက်ရိုက်ထိတွေ့တုံ့ ပြန်မှုမပြုကြသောကြောင့် လက်ရှိအခြေအနေတွင် တုံ့ပြန်မှုကို ကိန်းဂဏန်းဖြင့်ပြသရန် အကန့်အသတ်အများအပြားရှိနေသေးသည်။ ထိုသို့အခြေအနေဖြစ်နေရသည့် အကြောင်းရင်းကို တိတိကျကျမသိရသော်လည်း အလှည့်ကျစာရေးသူ အရေအတွက် အများအပြားရှိနေသောကြောင့် ပရိသတ်အနေဖြင့် စာရေးသူနှင့် ပုဂ္ဂိုလ်ရေးအရ တိုက်ရိုက် ထိတွေ့တုံ့ပြန်ရန် စိတ်ကူးမပေါကြသည်လည်းဖြစ်နိုင်သည်။

ဂျက်နက်ဘော့

ပရောဂျက်။ ။ FT၏ ပင်မစာမျက်နှာပါ ဓာတ်ပုံများတွင် ကျား/မ ပိုမိုညီမျှစွာ ပါဝင်စေသည့် နည်းလမ်းတစ်ရပ်ကို ကျွန်မတို့ရှာဖွေလိုသည်။

ထိုပရောဂျက်မည်သို့အလုပ်လုပ်သနည်း။

ဂျက်နက်ဘော့ဆော့ဖ်ဝဲသည် FT သတင်းဆောင်းပါးများပါ ဓာတ်ပုံများတွင် မျက်နှာကိုအခြေခံကာ ကျား/မ ခွဲခြားပေးသောဆော့ဖ်ဝဲဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲက ကျား/မ ခွဲခြားမှုကို မော်နီတာတွင် အရောင်ပါအလံများဖြင့်ပြသကာ အယ်ဒီတာများမြင်နိုင်စေရန် ဆောင်ရွက်ပေးသည့်အပြင် Slack ချန်နယ်မှတစ် ဆင့် ကျား/မ အချိုးအစားညီမျှမှုဆိုင်ရာ အချက်အလက်များကိုလည်း ဖော်ပြပေးသည်။

ရည်ရွယ်သည့် ပန်းတိုင်က မည်သည့်အရာနည်း။

    ၁။ အဖွဲ့အစည်းပြင်ပ။ ။ အမျိုးသမီးစာဖတ်ပရိသတ်က ပိုမိုစိတ်ဝင်တစားရှိလာစေရန်။ ဆန်းစစ်လေ့လာမှုများအရ အမျိုးသမီးများသည် အမျိုးသမီးပါဝင်သောဓာတ်ပုံများဖြင့် သရုပ်ဖော်တင်ပြသော သတင်းဆောင်းပါးများကို အမျိုးသားများထက် ပိုမိုကြည့်ရှုနိုင်ချေရှိကြောင်းတွေ့ရသည်။ ၂။ အဖွဲ့အစည်းတွင်း။ ။ ပင်မစာမျက်နှာတွင် ကျား/မ ပါဝင်မှုမညီမျှ သည်ကို ပိုမိုသိနားလည်မှုရှိလာပြီး အမျိုးသမီးများပါဝင်သည့်ဓာတ်ပုံများကို ပိုမိုထည့်သွင်းလာစေရန် FT ဂျာနယ်လစ်များအားတွန်းအားပေးရန်။

စိန်ခေါ်မှုများက မည်သည့်အရာများနည်း

    • လက်ရှိအသုံးပြုနေသည့် မျက်နှာပုံသဏ္ဌာန်အခြေခံပြီး ကျား/မ ခွဲခြား သည့် ဆော့ဖ်ဝဲ/ဒေတာဘေ့စ်မှာ လူဖြူမျိုးနွယ်မဟုတ်သူများကို ခွဲခြားရာတွင် ပြဿနာအချို့ရှိပုံရပြီး၊ အဆိုပါကဲ့သို့သော ပြဿနာမှာ မှတ်ဉာဏ်တု (AI) အသုံးပြုသည့် ဆော့ဖ်ဝဲများတွင်တွေ့ရလေ့ရှိသည်။ • ဂျက်နက်ဘော့ဆော့ဖ်ဝဲတွင် ကျားမခွဲခြားရာ၌ သုံးစွဲသူက လိုအပ်သည် များကို မကြာခဏချိန်ညှိရန် လိုအပ်ပေရာ သတင်းခန်းမဝန်ထမ်းများက ထိုသို့ဆောင်ရွက်နိုင်ခြင်းမရှိပေ။ • ဆော့ဖ်ဝဲက အလိုအလျောက်ပေးပို့လာသည့် အချက်အလက်များကို စိစစ်ပြီးဝန်ထမ်းများက ၎င်းတို့၏လုပ်ငန်းထဲတွင် ပေါင်းစပ်အသုံးပြုလာအောင်ပြောဆိုတိုက်တွန်းရခြင်း။

ကျွန်မတို့ မည်သည့်အရာများကို သိရှိလာခဲ့သနည်း။

    • သတင်းခန်းမဝန်ထမ်းများက စိတ်ဝင်စားသည့်ဆော့ဖ်ဝဲတစ်ခုကို ဒီဇိုင်း ပြုရေးဆွဲရန်သုံးစွဲမည့် အယ်ဒီတာအဖွဲ့ဝင်များက စတင်ရေးဆွဲသည့် ကာလကပင် ပါဝင်ရန်လိုအပ်သည်။ ဆော့ဖ်ဝဲကိုရေးဆွဲပြီးစီးပြီး စတင် အသုံးပြုသည့်အခါတွင်မှ အသုံးမတည့်သည့်ဖန်ရှင်များကို ပြင်ဆင် ဖယ်ရှားခြင်းမျိုး ပြုလုပ်ရန်မှာမလွယ်ကူပေ။ ဤသို့သော ကိစ္စရပ်များ တွင်အရင်းအမြစ်များ အကန့်အသတ်ရှိပါက အဆိုပါ ဆော့ဖ်ဝဲတစ်ခုကို ဒီဇိုင်းပြုရေးဆွဲရန်မဖြစ်နိုင်ပေ။ • အထက်ပါ အကြောင်းများကြောင့် ဂျက်နက်ဘော့ဆော့ဖ်ဝဲတွင် ဆော့ဖ်ဝဲကိုအသုံးပြုခြင်းမှာ အချက်အလက်ကောက်ယူခြင်း လုပ်ငန်းစဉ်ဆောင်ရွက်ရန်ထက် သတင်းခန်းမတွင်အလုပ်လုပ်နေသော ဂျာနယ်လစ်များကို ကျား/မ အချိုးအစားညီမျှမှုရှိအောင် သတိပိုမိုထားမိစေရန် ဆောင်ရွက်ရာတွင် (မော်နီတာတွင်အရောင်ပါ အလံများဖြင့်ပြသကာ) ပိုမိုအသုံးဝင်လာခဲ့သည်။ ဂျက်နက်ဘော့ဆော့ဖ်ဝဲ၏ သတိပိုမိုထားမိစေရန်ဆောင်ရွက်နိုင်စွမ်းကိုနောင်ပြုလုပ်မည့် ပရောဂျက်များတွင် အသုံးပြုနိုင်မည်ဟု ကျွန်မတို့မျှော်လင့်မိသည်။ အထက်ပါကဲ့သို့ ဆောင်ရွက်နိုင်စွမ်းကြောင့် ဂျာနယ်လစ်များအား သတင်းဆောင်းပါးပြီးစီးအောင် ရေးသားခြင်းသက်သက်ကို အာရုံစိုက်နေရာမှ သတင်းဆောင်းပါးစတင် ရေးသားစဉ်ကာလကပင် သတင်းဓာတ်ပုံအသုံးပြုရာ၌ ကျား/မ ညီမျှစွာ ပါဝင်မှုကို ထည့်သွင်းစဉ်းစားလာစေရန်သတိပေးနိုင်မည်ဖြစ်သည်။ • သတင်းခန်းမဝန်ထမ်းများက ဆော့ဖ်ဝဲအသုံးပြုသည့် အော်တိုစနစ်ကို အသုံးပြုရန်၎င်းတို့၏ လုပ်လေ့လုပ်ထအပြုအမူကို ပြောင်းလဲရန် ခက်ခဲသည်။ ထိုအချက်ကြောင့်လည်း ဆော့ဖ်ဝဲအသုံးမပြုဘဲ လူကိုယ် တိုင်စိစစ်သည့် နည်းလမ်းကို ပြောင်းသုံးရန်ရည်ရွယ်လာခဲ့သည်။

ရှီဆက်ဟီဆက်(SHE SAID HE SAID) ဆော့ဖ်ဝဲနှင့် ၅ဝး ၅၀ ပရောဂျက်

ပရောဂျက်။ ။ FT ဂျာနယ်လစ်အဖွဲ့များ ၎င်းတို့ဖန်တီးတင်ဆက်သည့် သတင်း ဆောင်းပါးများတွင် အမျိုးသားနှင့် အမျိုးသမီးစာရေးသူညီမျှစေရန် ကျွန်မတို့က အထောက်အကူပြုပေးလိုသည်။

ပန်းတိုင်က မည်သည့်အရာနည်း။ ။ FT အယ်ဒီတာအဖွဲ့က ဖန်တီးတင်ဆက် သည့် အမျိုးသမီးသတင်းရင်းမြစ်အချိုးအစား ပိုမိုပါဝင်သော သတင်းဆောင်းပါး များကို အမျိုးသမီးပရိသတ်ကကောင်းစွာဖတ်ရှုကြကြောင်း FT၏ ဆန်းစစ် လေ့လာတွေ့ရှိချက်များကို လက်တွေ့အသုံးချရန်။ ထို့အပြင် အမျိုးသမီးသတင်းရင်းမြစ် အချိုးအစားပိုမိုအသုံးပြုသည့် အယ်ဒီတာအဖွဲ့များသည် အမျိုးသမီးများ ပိုမိုပါဝင်သည့်ဓာတ်ပုံများကို အသုံးပြုရန်လည်းဖြစ်သည်။

ထိုပရိုဂျက်မည်သို့အလုပ်လုပ်သနည်း။ လုပ်ဖော်ကိုင်ဖက်များထံ ဆော့ဖ်ဝဲက အလိုအလျောက်ထုတ်ပေးလာသည့် အချက်အလက်များကိုပေးပို့ပြီး၊ ကျား/မ ပါဝင်မှုအချိုးအစား မမျှတသည်ကို ယခင်ကထက် သတိထားမိလာစေရန် စတင်ဆောင်ရွက်သည်။ ယခုနှစ်တွင်မူ ဆော့ဖ်ဝဲအသုံးပြုသည့်စနစ်မှ လူကိုယ်တိုင် ရွေးချယ်သည့်နည်းလမ်းကို ပိုမိုအာရုံစိုက်ဆောင်ရွက်လာခဲ့သည်။

    • SHE SAID HE SAID ဆော့ဖ်ဝဲ (၂၀၁၈ ခုနှစ်တွင် စတင်အသုံးပြုသည်)။ ။ဤဆော့ဖ်ဝဲမှာ FT သတင်းဆောင်းပါးများတွင် သတင်းရင်းမြစ်အဖြစ် ကိုးကားဖော်ပြသူများ၌ ကျား/မ ပါဝင်ခြင်းညီမျှမှုကိုဖော်ပြပေးသည်။ အဆိုပါဆော့ဖ်ဝဲသည် ရှီဆက်ဟီဆက် (‘she said…he said…’) ဆိုသည့်နာမ်စားများနှင့် လူပုဂ္ဂိုလ်အမည်များ၏ ရှေ့ဆုံးအမည်များကို အသုံးပြုကာ သတင်းရင်းမြစ်မှာ အမျိုးသားဖြစ်သည်၊ အမျိုးသမီး ဖြစ်သည်ဟုခွဲခြားပေးသည်။ • ၅ဝး၅၀ ပရိုဂျက် (၂၀၁၉ ခုနှစ်တွင်စတင်အသုံးပြုသည်။) ။ ။ ရိုးရှင်း လှပြီး၊ ဂျာနယ်လစ်များက ၎င်းတို့ကိုယ်တိုင်ပုံနှိပ်ထုတ်ဝေပြီး သတင်း ဆောင်းပါးများတွင် ကျား/မ ညီမျှစွာပါဝင်မှုကို ရှာဖွေစစ်ဆေးသည့် စနစ် တစ်ရပ်ဖြစ်သည်။ ထိုစနစ်ကို ရှီဆက်ဟီဆက်ဆော့ဖ်ဝဲအား အသုံးပြုပြီး နောက်ပိုင်းတွင် ဘီဘီစီသတင်းဌာနနှင့် ပူးပေါင်းကာ စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။

စိန်ခေါ်မှုများက မည်သည့်အရာများနည်း

    • ရှီဆက်ဟီဆက်ဆော့ဖ်ဝဲ။ ။ လုပ်ဖော်ကိုင်ဖက် ဂျာနယ်လစ်များအား ဆော့ဖ်ဝဲကထုတ်ပေးသည့် အချက်အလက်များကို ကနဦးဆန်းစစ်ကာ အဆိုပါအချက်အလက်များကိုအသုံးပြုစေခြင်း။ • ၅ဝး၅၀ ပရိုဂျက်။ ။ • ဂျာနယ်လစ်ဆိုင်ရာ အခန်းကဏ္ဍတွင် လုပ်ဖော်ကိုင်ဖက်တစ်ဦးအား ဦးစီးနေရာမှပါဝင်စေရန် ရွေးချယ်ခြင်းဖြစ်ပြီး အခြားဂျာနယ်လစ်များကိုလည်း ပရောဂျက်တွင်ပါဝင်လာအောင် တိုက်တွန်းရာတွင်အထောက်အကူပြုခြင်း။ • အထူးသဖြင့် အမျိုးသမီးစာရေးသူများ အရေအတွက်နည်းနည်းမှ စတင်ပါဝင်ပြီး၊ တဖြေးဖြေးချင်းသာ အရေအတွက်များလာခြင်း၊ ရှိပြီးသားအရေအတွက်တွင်ပင် ရပ်တန့်နေခြင်းနှင့် ထိုထက်လျော့နည်းလာသည့် အခြေအနေများတွင် အဆိုပါအမျိုးသမီးစာရေး သူများကို အရှိန်အဟုန်မြှင့်ပေးရန် နည်းလမ်းများရှာရခြင်း။ • ပရိုဂျက်တွင် ပါဝင်သူအချင်းအချင်း တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်သွယ်မှုမှာ ရိုဂျက်၏ ပန်းတိုင်နှင့်ပတ်သက်၍ အနက်ကောက်လွဲ မှုများအားဖော်ထုတ်ပြုပြင်နိုင်ရန် အဓိကအရေးပါသည့် အချက်ပင် ဖြစ်သည်။ ယခုအချိန်ထိ တာဝန်ပေးထားသည့် ကဏ္ဍခြောက်ခုမှ ဂျာနယ်လစ်များမှာ ပရိုဂျက်အတွက်အလုပ်လုပ်နေသည်။ သို့ရာ တွင်အဆိုပါကဏ္ဍ ခြောက်ခုမှ ဂျာနယ်လစ်များသည် FT တွင်ရှိ သော ဂျာနယ်လစ်နှင့် အယ်ဒီတာရာပေါင်းများစွာနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။ ထိုမျှများပြားသည့် လူဦးရေနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ထိရောက်သော နည်းလမ်းတစ်ရပ် ရှာဖွေရန်မှာ စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။

ကျွန်မတို့ မည်သည့်အရာများကို သိရှိလာခဲ့သနည်း။

    • ဆော့ဖ်ဝဲမသုံးဘဲလူကိုယ်တိုင် ဆောင်ရွက်သည့်နည်းလမ်းက ပရိသတ်၏စိတ်ဝင်တစားတုံ့ပြန်မှုကိုပိုမိုရရှိသည်။ ဤ ၅ဝး၅၀ ပရိုဂျက်ကိုစတင် ခဲ့သည့်အစောပိုင်းကာလတွင် ကျား/မ မညီမျှစွာပါဝင်မှုကို ပိုမိုသိရှိ လာစေရန်ဆောင်ရွက်ပေးပြီး ဆော့ဖ်ဝဲဖြင့် ဆောင်ရွက်သည့်နည်းလမ်း ထက် လုပ်ဖော်ကိုင်ဖက်များစိတ်ဝင်တစား ပါဝင်လာစေရန် ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပုံရသည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် တစ်ဦးနှင့်တစ်ဦး မပြတ်ဆွေးနွေးမှုရှိစေရန် အကောင်းဆုံးနည်းလမ်း တစ်ရပ်ဖြစ်နိုင်သည့်အပြင် သတင်းခန်းမအတွင်းတွင်လည်း ကျား/မ အချိုးအစားညီမျှမှုဆိုင်ရာ သိနားလည်မှုပိုမိုများပြားလာခဲ့သည်။ • ပရောဂျက်တွင် ပါဝင်လိုသူများနှင့် ပူးတွဲလုပ်ကိုင်သည့်အခါ ၅ဝး၅၀ ပရိုဂျက်မှာ အပြောင်းအလဲပြုလုပ်လိုသူများအတွက် လုပ်ပိုင်ခွင့်၊ ဦးတည်ချက်နှင့် ပုံစံတစ်ရပ် ရရှိသွားသကဲ့သို့ပင်ဖြစ်သည်။ • လုပ်ဖော်ကိုင်ဖက်များအချင်းချင်း ထိတွေ့ဆက်ဆံမှုမှာ အရေးပါသည်။ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်ခြင်းနှင့် အဖွဲ့လိုက်ဦးဆောင်မှု အဖြစ် ပါဝင်ဆောင်ရွက်ခြင်းများကြောင့် လုပ်ဖော်ကိုင်ဖကများစိတ် တွင် မိမိတို့အလုပ်ဟု သတ်မှတ်ပါဝင်လိုစိတ်ရှိလာကာ မဖြစ်မနေ ဆောင်ရွက်လိုစိတ်လည်း တိုးပွားလာစေနိုင်သည်။ အဆိုပါ ပရောဂျက် ကိုအထက်လုပ်ပိုင်ခွင့်ရှိသူက တာဝန်ပေးလာသည့်အရာဟု အစပိုင်းတွင်ထင်မြင်ခဲ့ကြသောကြောင့် လုပ်ဖော်ကိုင်ဖက်များတွင် စိတ်အား ထက်သန်မှုသိပ်မရှိခဲ့ပေ။ သို့ရာတွင် အဖွဲ့များအားမိမိတို့ရင်ဆိုင်နေရ သောအခက်အခဲများနှင့် မိမိ၏အလုပ်နှင့် ပတ်သက်သော သင့်လျော်သည့် စိတ်ကူးစိတ်သန်းများကိုတင်ပြပေးရန် ဖိတ်ခေါ်လိုက်သည့်အခါတွင်မူ စိတ်အားထက်သန်မှုနှင့် စိတ်ဝင်တစားပါဝင်မှုမှာ မြင့်တက်လာခဲ့သည်။
Close Bitnami banner