အေမီဒီယာ၏ နက်နက်နဲနဲ ဆန်းစစ်လေ့လာမှု

အေမီဒီယာ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဂျိုးစတိန်းလာဆင်အိုစရိန်း၏ ပံ့ပိုးကူညီမှုဖြင့်ဆောင်ရွက်သည်။

အေမီဒီယာမှာ မည်သို့အဖွဲ့အစည်းဖြစ်သနည်း။

အေမီဒီယာကုမ္ပဏီသည် နော်ဝေနိုင်ငံတွင်း သတင်းစာစောင်အမည် ၇၀ ကျော် ကိုထုတ်ဝေလျက်ရှိသည့် အကြီးဆုံးမီဒီယာတစ်ခုဖြစ်ကာ ၎င်းထုတ်ဝေသည့် စာစောင်များကိုနေ့စဉ်ဖတ်ရှုသူ ၁.၈ သန်းခန့်ရှိသည်။

အမျိုးသမီးပရိသတ် စိတ်ဝင်စားမှုနှင့် ပတ်သက်သော အချက်အလက်များကို အေမီဒီယာက မည်သည့်အတွက် ဆန်းစစ်ခဲ့သနည်း။

အေမီယာသည် ၂၀၁၆ ခုနှစ်တွင် မိမိတို့၏ပရိသတ်အကြောင်းနှင့် ပရိသတ်များ အလေးထားဖတ်ရှုသည့် အကြောင်းအရာများကို ပိုမိုနားလည်လာစေရန် မိမိတို့ကုမ္ပဏီ၏ သတင်းခန်းမများမှလာသော အချက်အလက်များကို ဆန်းစစ်သုံးသပ်ရန် စတင်အားထုတ်ဆောင်ရွက်ခဲ့သည်။ အစပိုင်းတွင် ရွေးချယ်ထား သည့်သတင်းခန်းမများတွင် ထိုသို့ဆောင်ရွက်မှုများကို နှစ်လခန့် စတင်ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်ပရိသတ်များ ရသစုံပိုမိုရရှိစေရန် တင်ဆက်သည့် ကဏ္ဍအသီးသီးကို လေ့လာသည့်အပြင် အခမဲ့ဖတ်ရှုနိုင်သော သတင်းဆောင်းပါးများနှင့် အခပေးဖတ်ရှုရသော သတင်းဆောင်းပါးများကို မည်သို့ချိန်ညှိပေးရမည်ကို ပိုမိုနားလည်လာစေရန်လည်းအားထုတ်ခဲ့သည်။ ထိုသို့ဆန်းစစ်လေ့လာမှုကို ကျား/မ ဆိုင်ရာအချက်အလက်များ အပါအဝင် အခြားအကြောင်းအရာ နယ်ပယ်များတွင်လည်း တိုးချဲ့ဆောင်ရွက်ခဲ့သည်။ အဆိုပါပရိုဂျက်များမှ အေမီဒီယာသိရှိလာခဲ့သည်များတွင် အရေးအပါဆုံးအချက် တစ်ခုမှာ စာဖတ်ပရိသတ်နှင့် လပေးနှစ်ပေးမှာယူဖတ်ရှုသူများအတွက် သတင်းစာပါ အကြောင်းအရာများကို ဖန်တီးထည့်သွင်းရာတွင် ပရိသတ်နှင့် အံဝင်ခွင်ကျဖြစ်မှုမှာ အရေးပါသည်ဆိုသောအချက်ပင်ဖြစ်သည်။ စာဖတ်သူများက မည်သည့် သတင်းဆောင်းပါးကို ကြိုက်နှစ်သက်သည်ဆိုသည်မှာ ၎င်းတို့၏အသက်အရွယ် သို့မဟုတ် ၎င်းတို့နေထိုင်ရာဒေသစသည့် အခြေအနေများနှင့် သက်ဆိုင်သည်။ ဆိုလိုသည်မှာ အေမီဒီယာ သတင်းခန်းမများသည် ထိုအလွှာစုံသောပရိသတ်များ စဉ်ဆက်မပြတ်စိတ်ဝင်စားမှုရှိသော အကြောင်းအရာကဏ္ဍစုံလင်အောင် ဖန်တီး တင်ဆက်ရန်လိုအပ်ပေသည်။ ကျား/မကွဲပြားမှုကိစ္စတွင်မူ အမျိုးသမီးများကို သတင်းအရင်းအမြစ်ပြု ရေးသား ထားသည့်သတင်းဆောင်းပါးများ များများစားစားပါဝင်သည့် စာစောင်များကို အမျိုးသမီးများက ပိုမိုဖတ်ရှုသည်ဆိုသည့် အချက်ကို ၂၁ လကြာ ကာလအတွင်း ထုတ်ဝေခဲ့သည့် သတင်းစာ ၁၉ စောင်မှ သတင်းဆောင်ပါးများကို စိစစ်လေ့လာ ပြီးနောက် အေမီဒီယာထုတ်ဝေသူများကသိလာခဲ့သည်။ အဆိုပါ ၂၁ လကြာ ကာ လအတွင်း ကျား/မ အချိုးအစားညီမျှမှုကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာရာတွင် သတင်းစာ ၆၄ စောင်မှ သတင်းဆောင်းပါး ပုဒ်ရေ ၆၆၀,၀၀၀ ကိုစိစစ်ခဲ့ရာမှ ဤသို့ စိတ်ဝင်စားဖွယ်ကောင်းသည့် ဆက်နွယ်မှုကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။ သတင်းဆောင်းပါးပုဒ်ရေ ၆၆၀,၀၀၀ တွင် ဖော်ပြထားသည့် အမည်များတွင် ပျမ်းမျှအားဖြင့် ၃၄ ရာခိုင်နှုန်းသည်သာ အမျိုးသမီးများဖြစ်ကြောင်းတွေ့ရှိခဲ့ သည်။

ပန်းတိုင်က မည်သည့်အရာနည်း။

အဓိကပန်းတိုင်မှာ အေမီဒီယာမှထုတ်ဝေသည့် သတင်းစာများကိုဖတ်ရှုသော ပရိသတ်အလွှာအမျိုးမျိုး အကြိုက်ကိုလိုက်၍ သတင်းဆောင်းပါးများတင်ဆက် နိုင်ရန်ဖြစ်သည်။ တင်ပြရာတွင် ကျား/မ အချိုးအစားညီမျှမှု ပိုရှိလာခြင်းမှာလည်း လပေး နှစ်ပေး မှာယူဖတ်ရှုသည့် ပရိသတ်ပိုမိုများပြားစေနိုင်သည့်အပြင် ဝင်ငွေ လည်းတိုးလာစေနိုင်သည်။

    ၁။ အဖွဲ့အစည်းပြင်ပ။ ။ အမျိုးသမီးစာဖတ်ပရိသတ်ကို ဆွဲဆောင်နိုင်ပြီး ဝက်ဘ် ဆိုက်ပေါ်တွင်အချိန်တိုအတွင်း ကြည့်ရှုသူများလာစေကာ ရေရှည်တွင် အေမီဒီယာထုတ်သတင်းစာများကို အမျိုးသမီးပရိသတ်က လပေး နှစ်ပေး မှာယူဖတ်ရှုမှုမြင့်မားလာစေရန်။ ၂။ အဖွဲ့အစည်းတွင်း။ ။ • သတင်းခန်းမများကမည်သည့် သတင်းဆောင်းပါးမျိုးက အမျိုးသမီးများ နှင့် ပိုမိုသင့်လျော်သည်နှင့် ပတ်သက်သောအချက်အလက်များကို အသုံး ပြုရေးအားပေးကာ လပေး၊ နှစ်ပေး မှာယူဖတ်ရှုသည့် အမျိုးသမီး ပရိသတ်များ စိတ်ဝင်စားမှုအရှိန်အဟုန်မြင့်လာအောင်ဆောင်ရွက်ရန်။ • အေမီဒီယာ၏ သတင်းခန်းမများတွင် အလေ့အထပြောင်းလဲလာပြီး၊ မျှော်လင့်ထားသည့်အပြောင်းအလဲရရှိအောင် ဆောင်ရွက်နိုင်ကာအမှန် တကယ် သက်ရောက်မှုရှိလာစေရန်။

ထိုပရောဂျက်မည်သို့အလုပ်လုပ်သနည်း။

အေမီဒီယာသည် ၎င်းသတင်းစာများတွင်ဖော်ပြသည့် သတင်းဆောင်းပါးများတွင်ပါဝင်သော အမျိုးသမီးနှင့် အမျိုးသားများကို ခွဲခြားရေတွက်သည့်လုပ်ငန်းကို ဆော့ဖ်ဝဲအသုံးပြုဆောင်ရွက်နိုင်ရန် ဘာသာစကားအားဖြင့် သဘာဝအတိုင်းခွဲ ခြားသည့် နည်းစနစ်များကိုအသုံးပြုခဲ့သည်။ လူပုဂ္ဂိုလ်များ၊ စီးပွားရေး အဖွဲ့ အစည်းများကဲ့သို့သောကဏ္ဍများတွင် သတင်းရင်းမြစ်အဖြစ် ကိုးကားရေးသား ထားသည်များကိုကနဦးခွဲခြားပြီး ဥပမာအားဖြင့် နီနာ(Nina) အမည်ရှိ စီးပွားရေး လုပ်ငန်းနှင့် နီနာအမည်ရှိလူပုဂ္ဂိုလ်တို့ကို ခွဲခြားဖော်ထုတ်ခဲ့သည်။ ဒုတိယအဆင့် တွင်မူသိရှိထားသည့် အမည်များကို နော်ဝေနိုင်ငံလူဦးရေဆိုင်ရာ အချက်အလက် စာရင်းဇယားပါ အမျိုးသားနှင့် အမျိုးသမီးတို့၏ အမည်များနှင့် နှိုင်းယှဉ်စစ်ဆေး ခဲ့သည်။ ထိုကဲ့သို့အချက်အလက်များကို ၎င်းတို့၏ ပင်မအချက်အလက်စု ဆောင်းမှုဇယားတွင် ထည့်သွင်းခဲ့ပြီးနောက် အေမီဒီယာသည် ၎င်းထုတ်ဝေသော သတင်းစာများတွင် ဖော်ပြသည့် သတင်းဆောင်းပါးများပါ အချက်အလက်များ၏ အရပ်ရပ်သော အနေအထားများကို ခွဲခြားစိစစ်နိုင်ခဲ့သည်။

မည်သည့်အရာများ တွေ့ရှိခဲ့သနည်း။

သတင်းဆောင်းပါး ပုဒ်ရေ ၆၆၀,၀၀၀ တွင် ဖော်ပြထားသည့် အမည်များတွင် ပျမ်းမျှအားဖြင့် ၃၄ ရာခိုင်နှုန်းသည်သာ အမျိုးသမီးများဖြစ်ကြောင်း အေမီဒီယာ ကပြုလုပ်သော ဆန်းစစ်လေ့လာမှုတွင်တွေ့ရှိခဲ့သည်။ ထိုလေ့လာမှုတွင် တောက် လျှောက်ထည့်သွင်းဖော်ပြလာသည့် သတင်းဓာတ်ပုံများနှင့် ပတ်သက်သော အချက်အလက်များကို အသေးစိတ်လေ့လာရာတွင် ကျား/မ ပါဝင်မှုအချိုးအစား မှာ သိသိသာသာ ကွဲပြားမှုရှိသည်ကိုလည်းတွေ့ရသည်။ လေ့လာမှုတစ်ရပ်တွင် သတင်းစာ ၆၄ စောင်ပါ အကြောင်းအရာများတွင် ကျား/မ ပါဝင်မှုအချိုးအစားမှာ ကွာဟမှုရှိကြောင်းကိုလည်းတွေ့ရသည်။ ထိုသတင်းစာများထဲမှ အရင်ဦးဆုံးလေ့ လာခဲ့သော စာစောင်သတင်းဆောင်းပါးများတွင် အမျိုးသမီးနာမည်ပါဝင်မှု ၄၂ ရာခိုင်နှုန်းရှိသည်။ အခြားသတင်းစာများတွင်မူ အမျိုးသမီးနာမည်ပါဝင်မှု ၂၈ ရာခိုင်နှုန်းရှိသည်။ ယေဘုယျအားဖြင့် သတင်းစာတိုက်ငယ်များမှ ထုတ်ဝေသည့်စာစောင်များတွင် သတင်းစာတိုက်ကြီးများ၊ ဒေသအလိုက်ထုတ်ဝေသည့် စာစောင်များထက် ကျား/မ အချိုးအစား ပိုမိုညီမျှသည်ကိုတွေ့ရှိရသည်။ ထိုစာစောင်များသည် ဒေသတွင်းဆိုင်ရာများကို ပိုမိုဖော်ပြပြီး ရံဖန်ရံခါ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဖော်ပြသည်ဖြစ်ရာ ဂျာနယ်လစ်များသွားရောက်တွေ့ဆုံ မေးမြန်းသည့် ပြောရေးဆိုခွင့်ရှိသူ အများစုမှာအမျိုးသားများဖြစ်နေတတ်သဖြင့် အေမီဒီယာမှဂျာနယ်လစ်များက အင်တာဗျူးပြုလုပ်ရန် လူရွေးချယ်မှုမှာလည်း အဓိကအရေးပါသည့် အကြောင်းတစ်ရပ်ဖြစ်နိုင်သည်။ အကြောင်းအရာမတူ သည့်သတင်းဆောင်းပါးများတွင် ဆန်းစစ်လေလာရာ၌ ကျား/မ အချိုးအစား ကွဲပြားမှုကိုအေမီဒီယာက ပို၍အထင်အရှားတွေ့ရှိခဲ့သည်။

ပညာရေးကဏ္ဍဆိုင်ရာ သတင်းဆောင်းပါး ၃၀,၀၀၀ ခန့်တွင် အမျိုးသမီးအမည် ပါရှိမှုမှာ ၄၇ ရာခိုင်နှုန်းရှိပြီး “ဘေးအန္တရာယ်၊ အရေးပေါ်အခြေအနေများနှင့် မတော်တဆဖြစ်ရပ်များ” တွင်မူအမျိုးသမီးအမည်ပါရှိမှုမှာ ၂၁ ရာခိုင်နှုန်းသာ ရှိသည်။ လူမှုအသိုက်အဝန်းများ၊ မိသားစုများနှင့် လူမှုဖူလုံရေးဆိုင်ရာများကို ရေးသားသည့် လူမှုရေးကဏ္ဍသတင်းဆောင်းပါးများတွင်သာ အမျိုးသမီးအမည် များမှာအများဆုံးပါဝင်ကြသည်။ ကျား/မ ပါဝင်မှုအချိုးအစားမတူညီခြင်းမှာ လုပ်ပိုင်ခွင့်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် အမျိုးသမီး၊ အမျိုးသားများကို မိမိအလိုကျနေရာချခန့်ထားခြင်းကြောင့်လည်းဖြစ်နိုင်သည်။ ထို့အပြင် ထိုသို့ အချိုးအစားမတူညီခြင်းမှာ မိမိအင်တာဗျူးလိုသူများကိုသာ ရွေးချယ်တွေ့ဆုံလေ့ ရှိသောဂျာနယ်လစ်များ၏ ကျား/မ ဆိုင်ရာ ဘက်လိုက်ရွေးချယ်မှုကြောင့်လည်း ဖြစ်နိုင်သည်။

နောက်ဆုံးအနေဖြင့် ကျား/မ အချိုးအစားပိုမိုညီမျှခြင်းကြောင့် လုပ်ငန်းခွင်ကို ပိုမိုပီပြင်အသက်ဝင်စေသည်ဟု ၎င်းတို့ယုံကြည်ထားသည်ကို သက်သေထူနိုင် သည့်အထောက်အထားကိုလည်း အေမီဒီယာ၏ ထုတ်ဝေသူများက တွေ့ရှိခဲ့ သည်။ အမျိုးသမီးများကို သတင်းအရင်းအမြစ်ပြုရေးသားထားသည့် သတင်း ဆောင်းပါးများ များများစားစားပါဝင်သည့် စာစောင်များကို အမျိုးသမီးများက ပိုမိုဖတ်ရှုသည်ဆိုသည့် အချက်ကိုလည်း ၂၁ လကြာကာလအတွင်း ထုတ်ဝေခဲ့ သည့်သတင်းစာ ၁၉ စောင်မှ သတင်းဆောင်ပါးများကို စိစစ်လေ့လာပြီးနောက် အဆိုပါထုတ်ဝေသူများကသိလာခဲ့သည်။

အဆိုပါ သတင်းဆောင်းပါးများကို အမျိုးသမီးပရိသတ်က မည်သို့တုံ့ပြန်ကြသနည်း။

အေမီဒီယာသည်ကောက်ခံရရှိသည့် အချက်အလက်များကို အသုံးပြုကာ အမျိုးသမီးများနှင့် ပိုမိုသင့်လျော်သည့် သတင်းဆောင်းပါးများနှင့် အကြောင်းအရာအမျိုးအစားတို့ကို ခွဲခြားဖော်ထုတ်ခဲ့သည်။ ထိုသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်အမျိုးသမီးများနှင့် ပိုမိုသင့်လျော်သည့် သတင်းဆောင်းပါးများ၊ လိုအပ် သည်များကိုနားလည်လာပြီး လပေး၊ နှစ်ပေး မှာယူဖတ်ရှုသည့်အမျိုးသမီး ပရိသတ်ပိုမိုများပြားလာအောင် ဆောင်ရွက်ရန်အထောက်အကူရရှိခဲ့သည်။

အေမီဒီယာကြုံတွေ့နေရသော စိန်ခေါ်မှုများက မည်သည့်အရာများနည်း။

ရရှိလာသော အချက်အလက်များကြောင့် အပြုအမူပြောင်းလဲလာစေရန်နှင့် ထိုအချက်အလက်များကို အယ်ဒီတာနှင့် ဂျာနယ်လစ်များက အသုံးပြုလာစေရန် ဆောင်ရွက်ရခြင်းမှာ အကြီးမားဆုံးစိန်ခေါ်မှုပင်ဖြစ်သည်။ ပရောဂျက်အပေါ် ဝန်ထမ်းများ၏တုံ့ပြန်မှုမှာ ရုတ်တရက်ဆိုသလို တစ်ဦးနှင့်တစ်ဦး ကွဲပြားသွား သည်။ အချို့သူများက ထိုသို့သတင်းအချက်အလက်အသစ်များကို လက်ခံပြီး အခြားသူများကမူလက်ခံခြင်းမရှိပေ။ သတင်းခန်းမဝန်ထမ်း အများစုက အချက် အလက်များ၏ တန်ဖိုးကိုနားလည်ကာစာဖတ်ပရိသတ်အတွင်း သတင်းဆောင်း ပါးများပိုမိုရေပန်းစားအောင် စဉ်းစားရာတွင် အဆိုပါအချက်အလက်များကို အသုံးပြုသည်။ အခြားသူများကမူ ဤပရိုဂျက်ကို အလေးထားခြင်းမရှိဘဲ ၎င်းတို့ တင်ပြနေကျကဏ္ဍဆိုင်ရာ သတင်းဆောင်းပါးများကို တိုတောင်းသည့်သတ်မှတ် ကာလအတွင်းပြီးစီးရေးကိုသာ အာရုံစိုက်ကြသည်။ ကျား/မ ညီညီမျှမျှပါဝင်ရေး ဆိုင်ရာ ပရောဂျက်အောင်မြင်မှုရှိစေရန် အဓိကသော့ချက်မှာ အဖွဲ့အစည်း အတွင်း အလေ့အထပြောင်းလဲအောင် ဆောင်ရွက်ကာထိုပရိုဂျက်မှာ ဦးစားပေး ဆောင်ရွက်ရမည့်အရာဖြစ်ကြောင်း အဖွဲ့အစည်းအတွင်းရှိသူအားလုံး သဘော ပေါက်လက်ခံလာအောင် ဆောင်ရွက်ရေးပင်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရန် အချိန်ယူရမည်ဖြစ်သော်လည်း တစ်နှစ် သို့မဟုတ် နှစ်နှစ် ကာလအတွင်းတွင် သတင်းဆောင်းပါးများ၌ အမျိုးသမီးသတင်းရင်းမြစ်များ ပါဝင်မှုသိသိသာသာ များပြားလာမည်ဖြစ်သည့်အပြင် အမျိုးသမီးပရိသတ်ကလည်း ပိုမိုစိတ်ဝင်စားလာကြမည်ဟု အေမီဒီယာကမျှော်လင့်ထားသည်။

အေမီဒီယာက မည်သည့်အရာများကို သိရှိလာခဲ့သနည်း။

    • အဖွဲ့အစည်းအတွင်း အလုပ်လုပ်နေသည့် ဝန်ထမ်းများက ရွေးချယ်မှုများ ပြုလုပ်ရာတွင် အချက်အလက်များကို အသုံးပြုလာသည့်အနေအထား ရောက်ရှိစေရန်အချိန်ယူရသည်။ • လေ့လာတွေ့ရှိချက်များကို လက်တွေ့အသုံးချရန် တာဝန်ရှိသည့် သတင်းအယ်ဒီတာများအား လေ့လာတွေ့ရှိချက်များကို မပြတ်ပေးပို့ ရသည်။ • ကျား/မ ညီမျှစွာပါဝင်မှုမှာ သတင်းစာအလိုက်၊ ကဏ္ဍအလိုက်ကွဲပြား မှုရှိသည်။ ဒေသအလိုက်ထုတ်ဝေသည့် သတင်းစာငယ်များတွင် သတင်း စာကြီးများထက်ဖော်ပြရာ၌ ကျား/မ ပါဝင်မှုပိုမိုမျှတသည်။ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဘဝဆိုင်ရာကဏ္ဍများတွင် အမျိုးသမီးအသံများ ပိုမိုပါဝင်ပြီး၊ အရေးပေါ်အခြေအနေနှင့် အားကစားဆိုင်ရာဏ္ဍများတွင် အမျိုးသမီးအသံများ ပါဝင်လေ့သိပ်မရှိပေ။ • ကျား/မ ပါဝင်မှုအချိုးအစားမတူညီခြင်းမှာ လုပ်ပိုင်ခွင့်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် အမျိုးသမီး၊ အမျိုးသားများကို မိမိအလိုကျနေရာ ချခန့်ထားခြင်းကြောင့်လည်းဖြစ်နိုင်သည်။ ထို့အပြင် ထိုသို့ အချိုးအစား မတူညီခြင်းမှာ မိမိအင်တာဗျူးလိုသူများကိုသာ ရွေးချယ်တွေ့ဆုံလေ့ရှိ သောဂျာနယ်လစ်များ၏ ကျား/မ ဆိုင်ရာဘက်လိုက်ရွေးချယ်မှုကြောင့် လည်းဖြစ်နိုင်သည်။ အကျဉ်းချုပ်ပြောရလျှင် ထိုကိစ္စအတွက်တိကျသောအဖြေမရှိပေ။ • သတင်းခန်းမအားလုံးမှာ တစ်ခုနှင့်တစ်ခု မတူညီကြသကဲ့သို့ဦးစားပေးတင်ပြလိုသည့် အကြောင်းအရာများမှာလည်းကွဲပြားကြသည်။ ပရော ဂျက်၏သက်ရောက်မှုကိုလည်း သတင်းခန်းအတော်များများက ၎င်းတို့ ဖန်တီးတင်ပြသည့် သတင်းဆောင်းပါးများတွင် ဤအချက်အလက်များ ကိုအသုံးပြုကာ ကျား/မ ပါဝင်မှုအချိုးအစားကိုပြောင်းလဲရန် အချိန်ယူလာနိုင်မည့်နောင်နှစ်တွင်မှ ပီပီပြင်ပြင်စတင်တွေ့ရမည်ဖြစ်သည်။ • ကျား/မ ဆိုင်ရာကိစ္စများနှင့် ကျား/မ ညီညီမျှမျှပါဝင်ရေး ပိုမိုဦးတည်ဆောင်ရွက်သည့် အချက်အလက်ဆန်းစစ်မှုတို့နှင့် ပတ်သက်၍ သတင်းခန်းမရှိဂျာနယ်လစ်များမှာ အချိန်များစွာယူ၍ ဆွေးနွေးနေကြသည်။ • ကျား/မ တန်းတူညီမျှရေးဆိုင်ရာဘုံပန်းတိုင်ရောက်ရှိအောင်ဆောင်ရွက်ခြင်းသည် လုပ်ငန်းအတွက်ကောင်းမွန်ရုံသာမက စာဖတ်သူပိုမိုရရှိကာ လပေး၊ နှစ်ပေး မှာယူဖတ်ရှုသူ အရေအတွက်လည်းပိုမိုများပြားလာစေနိုင်သည်။
Close Bitnami banner