စိတ်ဝင်စားဖွယ်သတင်းဆောင်းပါးများဖြင့် အမျိုးသမီးပရိသတ်အများအပြားရယူနိုင်ခဲ့သည့်သတင်းစာများ

FINANCIAL TIMES UK, Global

ကျား/မ ညီမျှစွာပါဝင်ရေးကို မျက်ချည်မပြတ်ဆောင်ရွက်ပြီး ထိုကိစ္စနှင့် ပတ်သက်၍လည်းအဖွဲ့အစည်းတွင်း သိနားလည်မှုကိုမြှင့်တင်ပေးသည့်အပြင် FT သည် အမျိုးသမီးပရိသတ်များ ပိုမိုစိတ်ဝင်တစားအာရုံစိုက်မှုရှိလာစေရန် သတင်းဆောင်းပါးများတွင်လည်း စမ်းသပ်ပြောင်းလဲမှုအများအပြား ဆောင်ရွက်ခဲ့သည်။ အမျိုးသမီးစာဖတ်သူများက ၎င်းတို့စိတ်ဝင်စားနှစ်သက်သည်ဟုဆိုသော တင်ပြပုံနှင့် အကြောင်းအရာများပါဝင်သည့် သတင်းဆောင်းပါးများထည့်သွင်းထားသည့် Long Story Short ဟု အမည်ပေးထားသောသတင်းလွှာဖြင့်လည်း FT က အမျိုးသမီးပရိသတ်ကို ဦးတည်ဆွဲဆောင်ခဲ့သည်။ အလုပ်များသည့်အမျိုးသမီးများအတွက် စိတ်ဝင်စားစရာဖြစ်အောင် ဖန်တီးထားသော အဆိုပါသတင်းလွှာတွင် ထင်ရှားသည့်သတင်းဆောင်းပါးများနှင့် ဖတ်စရာအကောင်းဆုံး အကြောင်းအရာများကို ထည့်သွင်းထားကာ ထိုသတင်းလွှာကို သောကြာနေ့တိုင်း အီးမေးလ် ဖြင့်ပေးပို့ခဲ့သည်။

အဆိုပါသတင်းလွှာ၏ အဆင်အပြင်များမှာလည်း FT၏ ပင်တိုင်ထုတ်သတင်းစာ အဆင်အပြင်နှင့် ကွာခြားသည့်အပြင် အသွင်ကွဲလိုဂို အမှတ်အသားနှင့် အရောင် တို့ကိုအသုံးပြုထားသည်။ သတင်းလွှာတွင်အသုံးပြုသော ဓာတ်ပုံတွင်ပါဝင်သော သူများမှာလည်း အလွှာစုံမှဖြစ်သည်။ သို့ရာတွင် အဆိုပါသတင်းလွှာကို အမျိုးသမီးများအတွက် ရည်ရွယ်သောစာစောင်အဖြစ် အထင်အရှားဖော်ပြထားခြင်း မရှိသော်လည်း အမျိုးသမီးပရိသတ်အတွင်း အောင်မြင်မှုရရှိနေသည့်အပြင် အမျိုးသားပရိသတ်ကလည်း စိတ်ဝင်စားမှုရှိကြသည်။ အဆိုပါသတင်းလွှာမှာ FT ပင်မသတင်းစာထက် အမျိုးသမီးပရိသတ်ပိုများပြီး သတင်းဆောင်းပါးများကိုဖွင့် ဖတ်သည့် နှုန်းမှာ ၃.၅ ရာခိုင်နှုန်းနှင့် အပေါ်ယံသဘော ကြည့်ရှုသည့်နှုန်းမှာ ၁.၈ ရာခိုင်နှုန်း အသီးသီးမြင့်တက်လာခဲ့ကြောင်း ၂၀၁၉ ခုနှစ်၊ တတိယသုံးလပတ် တွင် ကောက်ယူရရှိသည့် အချက်အလက်များအရသိရသည်။

SOUTH CHINA MORNING POST Global

အမျိုးသမီးများအတွက်ရည်ရွယ်သည့် သတင်းဆောင်းပါးများ တင်ပြနိုင်ရေးကို ဦးတည်သည့် အခြားပရိုဂျက်တစ်ရပ်လည်း SCMP ၏ HACKATHON ပရောဂျက် ကိုအမှီပြုကာ ပေါ်ထွက်လာခဲ့သည်။ ထိုပရောဂျက်တွင် HACKATHON ပရောဂျက်ကို တမူထူးသည့်နည်းလမ်းများဖြင့် ဖြန့်ချိချပြရန်အပြင် အွန်လိုင်း ပလက်ဖောင်းအမျိုးမျိုးတွင် ထိုပရောဂျက်အားစိတ်ဝင်စားသည့် စာဖတ်သူများ ရရှိရေးအတွက်ဆောင်ရွက်ရန်တို့ပါဝင်လာသည်။ ယခင်လတွင် SCMP က LUNAR အမည်ရှိ စာစောင်ကို စတင်ထုတ်ဝေခဲ့သည်။ ထိုစာစောင်တွင် သတင်း ခန်းမမှရရှိသည့် သတင်းမှန်များ၊ အင်တာဗျူးများအပြင် အမျိုးသမီးပရိသတ် အတွက် အမျိုးသမီးဂျာနယ်လစ်များက ထဲထဲဝင်ဝင် လေ့လာသုံးသပ်တင်ပြ ထားသည့် သတင်းဆောင်းပါးများပါဝင်သည်။ အဆိုပါ Lunar စာစောင်နှင့် ကိုက်ညီသော သတင်းဆောင်းပါးများအတွက် စိတ်ကူးစိတ်သန်းများထုတ်ကြရန် SCMP ၏ ကျား/မ ညီမျှစွာပါဝင်ရေးအတွက် ဌာနချင်းပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းနှင့်အညီ Luna အယ်ဒီတာအဖွဲ့ တာဝန်ခံကလည်း သတင်းခန်းမဝန်ထမ်းများအားတိုက်တွန်းခဲ့သည်။ အဆိုပါ သတင်းဆောင်းပါးများကိုလည်း အမျိုးသမီးပရိသတ် စိတ်ဝင်စားမှုမြင့်မားလာ စေသည့်တင်ပြပုံများဖြင့် ရေးသားကြရန်လည်းတိုက်တွန်းထားသည်။

အမျိုးသမီးပရိသတ်များ ကြိုက်နှစ်သက်သည့် သတင်းဆောင်းပါး အမျိုးအစားများကိုသိရှိနိုင်ရန် SCMP က ပရိသတ်အကြိုက် လေ့လာရေးသုတေသနကိုလည်း ဆောင်ရွက်ခဲ့သည်။ ပညာရေး၊ ကျား/မ တန်းတူညီမျှရေးနှင့် ဓလေ့ထုံးတမ်းများ အပါအဝင် လူမှုရုပ်ပုံအစုံစုံကို ကျယ်ကျယ်ပြန့်ပြန့်တင်ပြသည့် လူမှုပေါင်းသင်း ဆက်ဆံရေး၊ ဒေသတွင်းသတင်းနှင့် လူမှုဘဝဆိုင်ရာကဏ္ဍများကို အမျိုးသမီး ပရိသတ်က ပိုမိုကြိုက်နှစ်သက်ကြောင်းတွေ့ရှိခဲ့သည်။ “အမျိုးသမီးတွေဟာ နယ်ပယ်ကဏ္ဍစုံက အကြောင်းအရာတွေကိုနှစ်သက်ကြပါတယ်။ ဒီလိုအခြေ အနေကို ကျွန်မတို့အကန့်အသတ်မထားသလို ကျွန်မတို့တင်ပြနေတဲ့ ကဏ္ဍတွေကိုလည်းလျှော့မပစ်ပါဘူး။ အမျိုးသမီးတွေအကြောင်း ဇောင်းပေးတင်ပြတဲ့ သတင်းဆောင်းပါးတွေကိုပဲ တင်ပြလိုတာမဟုတ်ပါဘူး။ အဲဒီ သတင်းဆောင်းပါး တွေကိုအမျိုးသမီးတွေက စိတ်ဝင်စားမှုရှိတဲ့အပြင် သူတို့အတွက် အကျိုးသက် ရောက်မှုရှိစေရပါမယ်။ ကျွန်မတို့ ဒီလိုသတ်မှတ်ချက်မျိုးချထားတာကို ဂုဏ်ယူမိပါတယ်” ဟု ဝါနီက ပြောကြားခဲ့သည်။ See The Financial Times Deep dive. (P. 32)

LUSAKA SUN Zambia

ဇမ်ဘီယာနိုင်ငံတွင် ထုတ်ဝေသည့် လူစကာဆန်း (LUSAKA SUN) သတင်းစာသည်လည်း အမျိုးသမီးပရိသတ်ကိုဦးတည်သည့် သတင်းဆောင်းပါးများကို အဓိကထားဖော်ပြသည်။ နိုင်ငံတွင်းရှိ ဝင်ငွေနည်းလူတန်းစား ပရိသတ်အတွက် ရည်ရွယ်သည့် အဆိုပါ သတင်းစာကို ဒေးလီးနေရှင် (DAILY NATION) သတင်းစာ က ယခုနှစ် ဇန်နဝါရီလတွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ဇမ်ဘီယာနိုင်ငံရှိ သတင်းမီဒီယာများတွင် နိုင်ငံရေးဆိုင်ရာအကြောင်းအရာများကိုသာ ဦးစားပေးဖော်ပြလေ့ရှိရာ လူစကာဆန်း သတင်းစာ၌မူ လူမှုဘဝအကြောင်းအရာများ၊ တရားမျှတ ခြင်းမရှိသည့် ကိစ္စရပ်များနှင့် ကုန်သွယ်ရေး ဆိုင်ရာအကြောင်းအရာများကို အသားပေးဖော်ပြကြောင်း ဒေးလီးနေရှင်၏ အမှုဆောင်အယ်ဒီတာမေရီမက်ဝေး က ပြောကြားခဲ့သည်။

အဆိုပါသတင်းစာ၏ ဝန်ထမ်း ၇၀ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်ပြီး အဓိကစာဖတ်ပရိသတ်မှာ ကုန်သည်များဖြစ်သည်။ ယင်းတို့ထဲတွင်အများစုမှာ အမျိုးသမီးစီးပွားရေးသမားများဖြစ်သည်။ အမျိုးသမီးဝန်ထမ်းအများစုရှိနေစေ ရန်ရည်ရွယ်ချက်ရှိရှိ ခန့်ထားခြင်းလည်းဖြစ်သည်။ “ကျွန်မတို့ဦးတည်တဲ့ အကြောင်းအရာနယ်ပယ်တွေမှာ ဖြစ်ပျက်နေတာတွေကို အမျိုးသမီးတွေကပို စာနာတတ်တယ်လို့ ကျွန်မခံစားမိပါတယ်။ ဥပမာအားဖြင့် ပြောရရင်သူတို့က အခြားအမျိုးသမီးတွေကို အိမ်ခြံဝင်း ဒါမှမဟုတ် စျေးတွေမှာစကားလွယ်လွယ်ပြောနိုင်တယ်။ ဒါ့အပြင် ရင်ဖွင့်ပြောပြလိုသူတွေက သူတို့ကြုံတွေ့ခံစားနေရပုံ၊ ရုန်းကန်လှုပ်ရှားရပုံအပြင် အဲဒီအခက်အခဲတွေကို ပြေလည်အောင်သူတို့ဘယ်လို ရင်ဆိုင်ဖြေရှင်းနေရတယ်ဆိုတာကိုပါ ပြောနိုင်တယ်” ဟု မေရီမက်ဝေးက ပြော ကြားခဲ့သည်။

ကျား/မ အချိုးအစားညီမျှမှု ပိုမိုတိုးတက်လာစေရေးကို ရည်ရွယ်သည့် လူစကာဆန်းသတင်းစာ၏ မူဝါဒကို တစ်စိတ်တစ်ဒေသ အကောင်အထည် ဖော်သည့်အနေဖြင့် အမျိုးသမီးတစ်ဦးအကြောင်းကို ပုံဖော်ရေးသားသည့်အပြုသဘောဆောင်ကာ စိတ်ကူးသစ်ရရှိစေသည့် သတင်းဆောင်းပါးအနည်းဆုံး တစ်ပုဒ်ကိုအပတ်စဉ်ဖော်ပြသည်။ ထိုသို့အစီအစဉ်ကြောင့် အမျိုးသမီးပရိသတ်နှင့် အဆင်ချောသည့်ဆက်ဆံရေးများရှိလာသည့်အပြင် အမျိုးသမီးအများအပြား ကလည်း ၎င်းတို့ကြုံတွေ့ခံစားနေရသည်များကို သတင်းစာတိုက်သို့ ဆက်သွယ်ပြောကြားလာခဲ့သည်။ အမျိုးသမီးများ ထိုသို့ဆက်သွယ်ပါဝင်လာစေရန် အားပေး အားမြှောက်ပြုလုပ်သည့်အနေဖြင့် လူစကာဆန်းသတင်းစာသည် ထိုအမျိုးသမီး များက ၎င်းတို့ကြုံတွေ့နေရပုံနှင့် ဓာတ်ပုံများ၊ နောင်တွင် ဆက်သွယ်နိုင်သည့် ၎င်းတို့၏လိပ်စာများကို အွန်လိုင်းမှပေးပို့နိုင်သော ကဏ္ဍတစ်ရပ်ကိုဖွင့်လှစ်ခဲ့သည်။ လက်ရှိတည်ဆောက်ဆဲဖြစ်သော ဝက်ဘ်ဆိုက်နှင့် အီးပေပါစာစောင်တို့အပြင် လူစကာဆန်းသတင်းစာသည်ပါဝင်သည့် သတင်းဆောင်းပါးများကို ပရိသတ်များ အလွယ်တကူဝင်ရောက်ဖတ်ရှုနိုင်ရန် မိုဘိုင်းပလက်ဖောင်းတစ်ခုကိုလည်းတည်ဆောက်လျက်ရှိသည်။

ARA Spain

ကျား/မ ရေးရာအကြောင်းအရာများကို အလေးပေးတင်ပြသည့် သတင်းဆောင်းပါးများကို ဖန်တီးဖြန့်ချိနိုင်စေရန် ကက်တာလန်ဘာသာစကားဖြင့် ရေးသားသည့် အေအာအေ (ARA) သတင်းစာမှ ဂျာနယ်လစ်သုံးဦးသည် အေအာအေ ဖီမီနီဆင်မီ (ARA FEMINISMES) အစီအစဉ်တစ်ရပ်ကိုစတင် ဆောင်ရွက်နေသည်။ လက်ရှိတင်ဆက်နေသည့် ကျား/မ ညီမျှစွာပါဝင်သည့် သတင်းဆောင်းပါးများအတွက် ပရိသတ်ပိုမိုရရှိလိုသောကြောင့် ထိုအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သော လာရာဘိုနီလာ၊ မာတာ ရိုဒီဂုဇ် နှင့် သိဇ်ဂူတီရာ့ဇ် အမည်ရှိ ဂျာနယ်လစ်သုံးဦးသည် မတ်လ ၈ ရက်နေ့တွင်ကျရောက်မည့် ၂၀၁၉ ခုနှစ်၊ နိုင်ငံတကာအမျိုးသမီးများနေ့တွင် ပရိသတ်အားစတင်ချပြနိုင်ရန် ထိုနေ့မတိုင်မီ အကြိုလများမှစတင်ကာ လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့သည်။

လက်ရှိတင်ဆက်နေသည့် ကျား/မ ညီမျှစွာပါဝင်သည့် သတင်းဆောင်းပါးများအတွက် ပရိသတ်ပိုမိုရရှိလိုသောကြောင့် ထိုအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သော လာရာဘိုနီလာ၊ မာတာ ရိုဒီဂုဇ် နှင့် သိဇ်ဂူတီရာ့ဇ် အမည်ရှိ ဂျာနယ်လစ်သုံးဦးသည် မတ်လ ၈ ရက်နေ့တွင်ကျရောက်မည့် ၂၀၁၉ ခုနှစ်၊ နိုင်ငံတကာအမျိုးသမီးများနေ့တွင် ပရိသတ်အားစတင်ချပြနိုင်ရန် ထိုနေ့ မတိုင်မီ အကြိုလများမှစတင်ကာ လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့သည်။

ယခုအခါတွင် အေအာအေ ဖီမီနီဆင်မီ အစီအစဉ်က၎င်းတို့၏ သတင်းဆောင်းပါး များကို ARA ဝက်ဘ်ဆိုက်၊ အပတ်စဉ်သတင်းလွှာတို့အပြင် တွစ်တာ(Twitter) နှင့် ဖေ့စ်ဘုတ်ပေ့ချ်တို့တွင်လည်း အစဉ်တစိုက်ဖော်ပြလျက်ရှိသည်။ အဆိုပါအစီ အစဉ်၏ တွစ်တာနှင့် ဖေ့စ်ဘုတ်ပေ့ချ်တို့တွင် ပရိသတ် ၃,၅၀၀ နှင့် ၇,၅၀၀ အသီးသီးစီရှိကြသည်။ ဤသို့အစပျိုး အားထုတ်ဆောင်ရွက်မှုကို စီမံခန့်ခွဲမှုအဖွဲ့ နှင့် အစီအစဉ်ကိုစတင်ခဲ့သည့် ဂျာနယ်လစ်သုံးဦးတို့က အထောက်အကူပြု လျက်ရှိသည်။ အဆိုပါ ဂျာနယ်လစ်သုံးဦးသည် မိမိတို့၏ ပင်မတာဝန်များကို ထမ်းဆောင်ရင်း အဆိုပါအစီအစဉ်ကိုလည်း ဦးဆောင်လျက်ရှိသည့်အပြင် လုပ်ဖော်ကိုင်ဖက်များကိုလည်း ကျား/မ ညီမျှစွာပါဝင်သည့် သတင်းဆောင်းပါး ရေးနည်းများကို အကြံပြုလျက်ရှိသည်။ အေအာအေ ဖီမီနီဆင်မီ ပရိုဂျက်နှင့် ကိုက်ညီသည့် သတင်းဆောင်းပါးများ ရေးသားပေးရန်လည်း ၎င်းတို့ကတိုက်တွန်းထားသေးသည်။ ထိုပရောဂျက်ကို တစ်စိတ်တစ်ဒေသ အထောက်အကူရရှိစေရန် အမျိုးသမီးများထံမှ သတင်း အချက်အလက် များရရှိရေးအတွက်လည်း ဝက်ဘ်ဆိုက်မှတစ်ဆင့် အကြိမ်ကြိမ် နှိုးဆော်ခဲ့သည်။ ထိုသို့ဆောင်ရွက်ချက်များကြောင့် ကလေးမွေးဖွားပြီးစ အမျိုးသမီးများကြုံတွေ့နေရသည့် ပြဿနာများကိုတင်ပြသည့် လူအများ စိတ်ဝင်တစားရှိသော သတင်းဆောင်းပါးတစ်ပုဒ်ကို ရေးသားတင်ပြနိုင်ခဲ့သည်။ ထိုဆောင်းပါးကြောင့် သမားရိုးကျထုတ်ဝေနေသည့် သတင်းစာများတွင် ဖော်ပြခဲ သည့် အကြောင်းအရာတစ်ခုနှင့် ပတ်သက်၍ အဆိုပါအမျိုးသမီးများသည် ၎င်းတို့၏အမြင်နှင့် ခံစားမှုများကိုအများပြည်သူသိအောင် တင်ပြခွင့်ရရှိခဲ့သည်။

အမျိုးသမီးကျွမ်းကျင်ပညာရှင်များသည် ၎င်းတို့၏ကျွမ်းကျင်မှု အတိုင်းအဆ မည်မျှရှိသည်ဖြစ်စေ၊ အမျိုးသားကျွမ်းကျင်ပညာရှင်များနှင့် နှိုင်းယှဉ်လျှင် မီဒီယာ နှင့်တွေ့ဆုံပြောကြားရန် ဝန်လေးသည်ကို လေ့လာတွေ့ရှိရသဖြင့် သတင်းခန်းမ ရှိသူအားလုံးအသုံးပြုနိုင်သည့် ဒေတာဘေ့စ်ထဲတွင် အမျိုးသမီးကျွမ်းကျင် ပညာရှင်များစာရင်းကိုပါ ထည့်သွင်းထားခဲ့သည်။ ကုမ္ပဏီတစ်ခု လုံးအတိုင်း အတာဖြင့်ပြုလုပ်သော အခြားအစီအစဉ်တစ်ရပ်အနေဖြင့် သတင်းခန်းမတွင်းနှင့် သတင်းစာပါ အကြောင်းအရာများတွင် ကျား/မ ညီမျှစွာပါဝင်ခြင်း စိစစ်မှု တစ်ရပ်ကို အခြားကုမ္ပဏီတစ်ခုအား ငှားရမ်းလုပ်ကိုင်စေခဲ့သည်။

Close Bitnami banner