(၄)အမျိုးသမီးများကို ဆွဲဆောင်နိုင်သော သတင်းများ

အမျိုးသမီးများ စိတ်ဝင်စားသည့်ပုံစံဖြင့် ရေးသားပါ

အမျိုးသမီးနှင့် အမျိုးသားတို့သည် သတင်းအကြောင်းအရာများအပေါ်တွင် တုံ့ပြန်ပုံခြင်းမတူကြပါ။ လေ့လာချက်များအရအမျိုးသမီးများသည် ပုဂ္ဂိုလ်ရေးရာ၊ စိတ်ခံစားမှုနှင့် မြင်တွေ့ရသော သတင်းအကြောင်းအရာများကို စိတ်ဝင်စားကြသည်၊ ဤသို့ဆိုသဖြင့် အမျိုးသမီးများသည် ထင်ရှားကျော်ကြားသူများ အတွင်းရေးကိုသာ ဖတ်ကြသည်ဟုမဆိုလိုပါ။ နိုင်ငံရေးရာသတင်းများကိုပင် ပုဂ္ဂိုလ်ရေးရှုထောင့်မှ ရေးသားနိုင်သည်။ ဥပမာအားဖြင့် အမျိုးသမီးများသည် ယဉ်ကျေးမှုခေတ်ပေါ်ရေစီးကြောင်းများ၊ ညီမျှမှုပြဿနာများနှင့် ပညာရေးအပါ အဝင် လူမှုရေးကိစ္စအမျိုးမျိုးနှင့် ဆက်နွယ်သော လူမှုအဖွဲ့အစည်းဒေသတွင်း သတင်းနှင့် သံတမန်ရေးရာများကဲ့သို့သော သတင်းများကို စိတ်ဝင်စားကြကြောင်း The South China Morning Post က တွေ့ရှိခဲ့သည်။ သတင်းမီဒီယာနှင့် ပတ်သက်၍ သုတေသန အကန့်အသတ်နှင့်သာရှိသော်လည်း အမျိုးသမီးများသည် ဆိုရှယ်မီဒီယာမှ သတင်းများကိုလည်း ကြည့်ရှုကြကြောင်းတွေ့ရှိရသည်။ ၅၀ ရာခိုင်နှုန်းမျှသော အမျိုးသမီးထုကြီးကိုဆွဲဆောင်နိုင်မည့် ရေးသားနည်းဟန်များကိုလည်းစဉ်းစားကြရန်ဖြစ်ပါသည်။

သတင်းခန်းခေါင်းဆောင်နေရာများအတွက် ရွေးချယ်ရာတွင် ကျား/မ ညီမျှမှုရှိ အောင် ရည်ရွယ်လုပ်ဆောင်ပါ

ခေါင်းဆောင်ရာထူးများအတွက် ကျား/မ ညီမျှမှုကို ပိုမိုတိုးတက်အောင်လုပ်ပြီး သင့်အဖွဲ့အစည်း၏ သတင်းအစီအစဉ်ကို လွှမ်းမိုးစေရန် အမျိုးသမီးများအား ညီမျှသောအခွင့်အလမ်းကိုပေးလျှင် ပိုမိုမျိုးစုံကျယ်ဝန်းပြီး အားလုံးပါဝင်သော ရလဒ်တစ်ခုကိုရရန် အလားအလာပို၍များပေမည်။ အမျိုးသမီးများက အားလုံးသော တည်းဖြတ်မှုဆိုင်ရာ အဆုံးအဖြတ်ကိုလုပ်ခဲ့လျှင် သတင်းအစီအစဉ် အနေအထား မည်သို့ပြောင်းလဲမှုရှိမည်ကို NewsMavens ဟု ခေါ်သော လုပ်ဆောင်ချက်ဖြင့် စူးစမ်းလုပ်ကြည့်သည်။ ဥရောပတစ်လွှားမှ အမျိုးသမီး သတင်းစာဆရာများကို ထိုနေ့တစ်နေ့အတွက် ထိပ်တန်းသတင်းများရေးပေး ကြရန်ဖိတ်ကြားလိုက်သည်။ အမျိုးသမီးသတင်းသမားများက ထိုနေ့အတွက် အရေးပါသည်ဟုယူဆ‌သော သတင်းအကြောင်းအရာများသည် ပင်မသတင်း ဂျာနယ်များတွင် မျက်နှာဖုံးစာမျက်နှာမှ ဖော်ပြခြင်းခံရသော အကြောင်းအရာများနှင့် ကွဲပြားမှုရှိသည်ကိုတွေ့ခဲ့ရသည်။ stories focused on marginalised groupsသူတို့ရွေးချယ်သော သတင်းများတွင် ဘေးဖယ်ခံထားရသော လူတန်းစားတို့၏ အကြောင်းအရာများအပေါ် အာရုံထားရေးသောသတင်းများ၊ ကြီးမားသောနိုင်ငံရေးနှင့် စီးပွားရေးဖြစ်ရပ်များက သာမန်လူများအပေါ်သက်ရောက်မှုများ ပါဝင်လာသည်ကိုတွေ့ရှိရသည်။ သင်၏ သတင်းစာတွင် အမျိုးသမီးအယ်ဒီတာများအရေးထားဖော်ပြသော သတင်းဆောင်းပါးများသည် အမျိုးသမီးပရိသတ်၏အကြိုက်နှင့် ကိုက်ညီနေဖို့အကြောင်းများပေသည်။

ပရိသတ်သုတေသနလုပ်ဆောင်ပါ

မီဒီယာအတော်များများတွင် ကျယ်ပြန့်သော ပရိသတ်သုတေသနလုပ်ဆောင်ရန် အရင်းအမြစ်များမရှိကြချေ။ သို့သော် သင်၏ သတင်းမီဒီယာပါအကြောင်းအရာများအား အမျိုးသမီးများနှင့် သင့်လျော်အောင် မည်သို့လုပ်ဆောင်ရမည်ကို နားလည်သိရှိရန် အသေးစားသုတေသနတော့လုပ်နိုင်ပါသည်။