ကျား/မ မျှတသော စကားအသုံးအနှုန်းနှင့် သရုပ်ဖော်မှု

အိပ်ဆောင်လမ်းညွှန်

(Adapted from: Name It. Change It. The Women’s Media Center’s Media Guide to Gender Neutral Coverage of Women Candidates + Politicians၊ WMC UNESCO Guidelines for Gender-Fair Use of Language၊ UNESCO ‘Glossary of Terms’ in Unspinning the Spin: The Women’s Media Center Guide to Fair and Accurate Language၊ WMC တို့အား ကိုးကားသည်))

အမျိုးသမီးများကို ချန်လှပ်ထားသော စကားအသုံးအနှုန်းမသုံးပါနှင့်

အားလုံးပါဝင်သော စကားကိုသာသုံးပါ။ သင့်စကားလုံးသည် ကျား/မ အားလုံး၊ လိင်အားလုံးနှင့် ကိုယ်ပိုင်လက္ခဏာအားလုံးပါဝင်ပါစေ။

    • ကျား/မ နှစ်မျိုးလုံးကို ရည်ညွှန်းသည့်စကားလုံးများဖြစ်သည့် mankind နှင့် man-made စသည့် စကားလုံးများအစား humankind နှင့် artificial ဟု ကြားကျအောင်သုံးပါ။ • အားလုံးနှင့်ဆိုင်သော နာမ်စားကိုသုံးပါ၊ ကျား/မ နှစ်ဦးစလုံးကို ပြောရာတွင် ကျား/မ ခွဲခြားသော နာမ်စားမသုံးပါနှင့်၊ ဥပမာ - လယ်သမား တစ်ဦးစီကို အစိုးရက ‘သူ၏’ အမတော်ကြေးထုတ်ပေးသည်ဟု မရေးဘဲ ကျား/မ အကြုံးဝင်သည့် သူတို့၊ သူတို့၏၊ တစ်စုံတစ်ယောက်၊ သင်၊ သင်၏ စသည်ဖြင့်သုံးနိုင်သည်။ • ရင်းမြစ်တစ်ခုကို ကိုးကားမည်ဆိုပါက၊ ရင်းမြစ်ထံမှ သူတို့ကြိုက်သည့် နာမ်စားကိုအရင်မေးမြန်းထားပါ။ • ကျား/မ အခန်းကဏ္ဍ သို့မဟုတ် ၎င်းတို့၏ ပတ်သက်မှုများနှင့် စပ်လျဉ်း ၍ဆက်နွယ်မှုကို ဖော်ပြသောစကားလုံးများကို ရေးသားရာတွင် အဓိပ္ပာယ်ကောက်ယူမှု အမျိုးမျိုးဖြစ်စေနိုင်သည့် အသုံးနှုန်းများကို ပြောင်းလဲအသုံးပြုပါ။ ဥပမာ- “ဝန်ထမ်းများ၏ ဇနီးများ” ဟုဆိုလျှင် အမျိုးသားဝန်ထမ်းများရှိသည်ဟုလည်းကောင်း၊ ရှိနေသည့်ဝန်ထမ်းများအားလုံးသည် စုံတွဲများဖြစ်နေကြသည်ဟုလည်းကောင်း၊ ဝန်ထမ်းများအားလုံးသည် ကျား/မ အပြန်အလှန် သဘောကျနေကြသောစုံတွဲ များ ဖြစ်ကြသည်ဟုလည်းကောင်း ထင်မှတ်စရာရှိသည်။

လိင်တစ်မျိုးမျိုးကို ကန့်သတ်ထားသော စကားလုံး မသုံးပါနှင့်

    • အဓိပ္ပာယ်ဖွင့်ဆိုမှုအနေနှင့် ကျား/မ ကိုရှေ့တန်းမတင်ပါနှင့်၊ တစ်ဦး တစ်ယောက်၏ အောင်မြင်မှုပန်းတိုင်အခြေအနေတို့ကို ဖော်ပြရာတွင် ‘သူ၏’ (သို့) ‘သူမ၏’ စသည့်အသုံးအနှုန်းတို့မှာအဆင်မပြေလှပါ။ • ဖန်တစ်ရာတေထပ်နေသော အသုံးအနှုန်းတွေကိုမသုံးပါနှင့်။ ဥပမာ-just like a man; man up (သို့) drama queen ဆိုသောအသုံးတွေကို ရှောင်ပါ။

အလုပ်ရာထူးများကိုဖော်ပြရာတွင် အစဉ်အလာလက်ခံခဲ့သည့်အတိုင်း ကျား/မ ခွဲခြား၍ ဆက်လက်ရှုမြင်နေစေသည်များကို ရှောင်ရှားပါ။ (အမျိုးသမီးများကို ဖယ်ရှားချန်လှပ်ထားသော)

    • အမျိုးသမီးတွေကို ဘေးဖယ်ချန်လှပ်သော အလုပ်ရာထူးနာမည်များကို ကြားကျအောင်ပြောင်းပါ။ ဥပမာ-Policeman အစား police officer ၊ chairman အစား chairperson ၊ actress အစား actor, Waitress အစား waiter စသည်ဖြင့် • အလုပ်ခေါင်းစဉ်တွင် ကျား/မ ထည့်စရာမလိုပါ။ ဥပမာ- ရှေ့နေဟာ ရှေ့နေပါပဲ၊ အမျိုးသမီးရှေ့နေ lady lawyer ဟုပြောစရာမလို သူနာပြုဟာ သူနာပြုပါပဲ၊ male nurse ဟု ရေးစရာမလို၊ အလုပ်တစ်ခုကို ယောက်ျားများသာ (သို့) မိန်းမများသာ လုပ်ရတော့မလိုလို အဓိပ္ပာယ်ရောက်နိုင်သည်။
Close Bitnami banner