(၃) သမားရိုးကျ ကျား/မ ခွဲခြားဆက်ဆံမှုနှင့် လိင်ခွဲခြားဆက်ဆံမှုဝါဒကို ရှောင်ရှားပါ

သင့်တင့်သော စကားအသုံးအနှုန်းနှင့် သရုပ်ဖော်မှုပြုပါ

မီဒီယာများတွင် ကျွန်ုပ်တို့တွေ့မြင်ဖတ်ရှုနေရသော အကြောင်းအရာများသည် ကမ္ဘာကြီးအပေါ် ကျွန်ုပ်တို့၏အမြင်အပေါ်တွင် လွှမ်းမိုးသက်ရောက်မှုရှိပါသည်။ ထိုမျှမကပါ။ ထိုအကြောင်းအရာများကို ကျွန်ုပ်တို့မည်သို့ဖော်ပြသည်၊ သရုပ်ဖော် သည်ဆိုသည့်အချက်ကလည်း အလွန်အရေးကြီးပါသည်၊ အမျိုးသမီးနှင့် အမျိုးသားများအကြောင်း ရေးသားဖော်ပြရာတွင် သမားရိုးကျ ကျား/မ ခွဲခြား ဖော်ပြမှုကိုရှောင်ရှားပြီး သင့်တင့်သော စကားလုံးအသုံးအနှုန်းကိုသာ သုံးစွဲရေးသားပါ။ တန်းတူညီမျှ ပုံဖော်ရေးသားပါ။ “ကျား/မ မျှတသော စကားလုံးအသုံးအနှုန်း” ဟူသော စာကွင်းသည် အိတ်ဆောင်လမ်းညွှန်ဖြစ်ရာ လက်တွေ့ကျင့်သုံးရန်ဖြစ်သည်။

သတင်းခန်းဝန်ထမ်းများကို ကျား/မ ဘက်လိုက်မှုနှင့် ကျား/မ မျှတစွာပါဝင်မှုကို လေ့ကျင့်ပေးပါ

ကျား/မ မျှတဖို့အရေးကြီးပုံကို ဝန်ထမ်းအားလုံး သိရှိနားလည်စေရန်နှင့် ကျား/မ မျှတသော သတင်းအကြောင်းအရာများကိုသာရေးအောင် လေ့ကျင့်ပေးပါ။ သင်ကြားမှုတွင် အပြိုင်စနစ်နှင့် ပြောင်းပြန်သွားနိုင်မှု နည်းလမ်းများကို (အခန်း ၃ တွင်) ရှင်းပြထားပါသည်။

အသုံးအနှုန်းလမ်းညွှန် (Style Guide) ထားပါ

ကျား/မ မျှတသောအသုံးအနှုန်း လမ်းညွှန်ထားရှိခြင်းဖြင့် သတင်းခန်းမှ ဝန်ထမ်းအားလုံးသည် သင့်တင့်သောစကားလုံး နှင့် မသင့်လျော်သော စကားအသုံးအနှုန်းကို ခွဲခြားသိနိုင်ပါသည်။ သင့်၌လက်ရှိ အရင်းအမြစ်များကိုအသုံးပြုပါ။ ဥပမာ-

  • Name It. Change It. The Women’s Media Center’s Media Guide to Gender Neutral Coverage of Women Candidates + Politicians, WMC
  • UNESCO Guidelines for Gender-Fair Use of Language, UNESCO — ‘Glossary of Terms’ in Unspinning the Spin: The Women’s Media Center Guide to Fair and Accurate Language, WMC
  • ‘Glossary of Terms’ in Unspinning the Spin: The Women’s Media Center Guide to Fair and Accurate Language, WMC
Close Bitnami banner