၄။ လက်လှမ်းမမီသည့် အကြောင်းအရာများ

အမျိုးသမီးများကို ဦးတည်ချက်ထားသည့် ဇာတ်လမ်းများ။ ။ ။အမျိုးသမီးများသည် အမျိုးသမီးများ၏အရှုပ်တော်ပုံများ သို့မဟုတ် ဖျော်ဖြေပွဲများ သို့မဟုတ် သိပ္ပံနှင့် ကျန်းမာရေးအကြောင်းအရာများကိုသာ စိတ်ဝင်စားပြီး နိုင်ငံရေး၊ စီးပွားရေး သို့မဟုတ် အားကစား စသည့်ခေါင်းစဉ်များတွင် စိတ်မဝင်စားဟုယူဆသဖြင့် သတင်းဝဘ်ဆိုက်များတွင် " အမျိုးသမီးများအတွက် “ဟူသည့် စာမျက်နှာတစ်ခုကို သပ်သပ်ထည့်သွင်းကြသည်။ 

ဇာတ်ကြောင်းပြောသည့်ပုံစံ။ ။ အမျိုးသားပရိတ်သတ်များအတွက် စီးပွားရေးနှင့် အားကစားဆိုင်ရာအကြောင်းအရာများကို ကိုယ်ပိုင်စိတ်ခံစားမှုများထည့်သွင်းခြင်းမပြုဘဲ အချက်အလက်ကိုသာ ရုပ်ပုံအနည်းငယ်ဖြင့်တင်ဆက်သည်။ လေ့လာဆန်းစစ်ချက်များအရ အမျိုးသမီးများသည် ကိုယ်ပိုင်စိတ်ခံစားချက်များနှင့် ရုပ်ပုံများပါဝင်သော အကြောင်းအရာများကို ပိုမိုသဘောကျကြသည်ဟုဆိုသည်။ သို့ရာတွင် အမျိုးသားပရိတ်သတ်များအတွက် အလုပ်ဖြစ်သည့် နည်းလမ်းကိုသာအသုံးပြုလျက်ရှိကာ ၅၀% သောအမျိုးသမီးပရိတ်သတ်များ ကြိုက်နှစ်သက်သော တင်ပြပုံနည်းလမ်း၊ ပုံစံနှင့် ဘောင်များကိုလေ့လာ ဆန်းစစ်ရန်မကြိုးစားကြပါ။ 

Close Bitnami banner