၃။ မညီမျှသော တစ်ဦးချင်းတင်ဆက်ပုံများ

အမျိုးသမီးများအား ပုံဖော်သည့် ဘာသာစကား နှင့် ရုပ်ပုံအသုံးပြုမှုများတွင် ကျွန်ုပ်တို့က လိင်ဝိသေသပေါ်အခြေခံကာ ပုံသေကားချပ်သတ်မှတ်မှုများရှိခဲ့သည်။ 

အလေးပေးသည့် အခန်းကဏ္ဍများ။ ။ အမျိုးသမီးများ၏ စွမ်းဆောင်ချက်များကို မိရိုးဖလာကဏ္ဍများတွင်သာ ပိုမိုအလေးပေးဖော်ပြသည်။ အမျိုးသမီးများကို ရည်ညွှန်းရာတွင် အမှုဆောင်အရာရှိများ၊ နိုင်ငံရေးသမားများ၊ ရှေ့နေများ သို့မဟုတ် အခွင့်အရေးလှုပ်ရှားသူများနေရာထက် အိမ်ထောင်ရှင်မများ၊ အမေများ သို့မဟုတ် မိန်းကလေးချစ်သူများအနေဖြင့်သာ ပိုမိုအလေးပေးဖော်ပြသည်။ အလုပ်အကိုင်ရော ကလေးပါရှိသည့် အမျိုးသမီးများကို အလုပ်လုပ်သောမိခင်များအဖြစ်မကြာခဏရည်ညွှန်းသည်။ အမျိုးသားများကိုမူ အလားတူအခြေအနေ များဖြင့်ရည်ညွှန်းခြင်းမရှိပါ။

အသုံးပြုသည့် ဘာသာစကား။ ။ အထင်ရှားဆုံးနှင့် အထိခိုက်နိုင်ဆုံး ကျား၊မ ခွဲခြား နှိမ့်ချဆက်ဆံခြင်းများထဲမှတစ်ခုမှာ လူအများကို ကိုယ်စားပြုသည့်နေရာတွင် အမျိုးသမီးများအားပယ်ထုတ်ထားခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့် လူသားမျိုးနွယ် (mankind) ဆိုသည့် စကားလုံးပင်ဖြစ်သည်။ ကျား၊မ ကွဲပြားမှုပေါ်မူတည်ပြီး အလုပ်အကိုင်အမည်များကို သတ်မှတ်ကြသည်။ ဥပမာအားဖြင့် chairman၊ chairwoman၊ policeman၊ policewoman စသည့် စကားလုံးများဖြစ်သည်။ ရိုးရိုးအလုပ်အကိုင်တစ်ခုတွင် ကျား၊မ ထည့်သွင်းခြင်းဖြင့် ပုံသေကားချပ်သတ်မှတ်မှုများကိုလည်းဆက်လက်ပြုလုပ်နေကြသည်။ ဥပမာအားဖြင့် အမျိုးသား သူနာပြု၊ အမျိုးသမီးရှေ့နေ စသဖြင့်

အသားပေးဖော်ပြသည့် အရည်အသွေးနှင့် အကျင့်စရိုက်များ။ ။ အမျိုးသမီးများကို အားနည်းပျော့ညံ့ပြီး စိတ်လှုပ်ရှားလွယ်ကာ စိတ်ခံစားချက်ကို ဦးစားပေးသူများ သို့မဟုတ် သားကောင်များအဖြစ်သာ ပုံဖော်တတ်ကြပြီး ကြံ့ခိုင်ပြီးယုံကြည်မှုရှိကာ အခြားသူများကိုငဲ့ညှာတတ်သည့် အသွင်မျိုးကို ပုံဖော်လေ့မရှိပါ။ အသက် အရွယ်၊ အသွင်အပြင်နှင့် အဝတ်အစားကို အလွန်အလေးပေးဖော်ပြကြသည်။ အောင်မြင်သူများဖြစ်နေပါကလည်း ၎င်းတို့အားအောင်မြင်စေရန် အထောက် အကူပြုသည့်အကျင့်စရိုက်များကို အဆိုးမြင်စေမည့်ပုံစံနှင့် ဖော်ပြကြသည်။ ဥပမာအားဖြင့် အာဏာရှိသည်ဟုအမျိုးသားများအတွက် သုံးစွဲသော်လည်း အမျိုးသမီးများအတွက်မူ ဆရာလုပ်သည်ဟူ၍လည်းကောင်း၊ ပြတ်သားပြီးသြဇာ ပြည့်ဝသည့်အသံဟုမသုံးဘဲ စူးရှကာကျယ်လောင်သည့်အသံဟုသုံးခြင်းမျိုးဖြစ်သည်။

မမျှတသောရည်ညွှန်းချက်များ။ ။မီဒီယာတွင် အမျိုးသားများနှင့် အမျိုးသမီးများကို ညီမျှစွာမဆက်ဆံပါ။

    •အမျိုးသားများကို စိတ်ပိုင်းဆိုင်ရာစွမ်းအင် (သို့) ကျွမ်းကျင် မှုများဖြင့်ရည်ညွှန်းသော်လည်း အမျိုးသမီးများကိုမူ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင် နှင့် အိမ်ရှိအခန်းကဏ္ဍများဖြင့်သာ ရည်ညွှန်းခြင်း။ •အမျိုးသမီးများအား အသက်အရွယ်နှင့်လိုက်၍ သတ်မှတ်သော်လည်း အမျိုးသား များကို မသတ်မှတ်ခြင်း။ •အမျိုးသမီးများ၏ စရိုက်လက္ခဏာများကို မကောင်းသည့်သဘော ပုံသေသတ် မှတ်သော်လည်း အမျိုးသားများ၏ စရိုက်လက္ခဏာများကို အကောင်းသဘော ဆောင်ကာသတ်မှတ်ခြင်း။ ပျော့ညံ့ခြင်းနှင့် ဖြတ်ဖြတ်လတ်လတ်ရှိခြင်း၊ စိတ် လှုပ်ရှားလွယ်ခြင်း နှင့် ထိရှလွယ်ခြင်း၊ အားနည်းခြင်း နှင့် ကြံ့ခိုင်ခြင်း၊ စိတ်ခံစား ချက်ပြောင်းလွယ်ခြင်း နှင့် စိတ်တည်ငြိမ်ခြင်း၊ သက်လတ်ပိုင်းအရွယ်နှင့် ခန့်ညား သည့်အရွယ်၊ အမြင်ကိုဖော်ပြခြင်းနှင့် အသိဉာဏ်ပညာနှင့်ပြည့်စုံခြင်း၊ စိတ်ဂ ယောက်ဂယက်ဖြစ်ခြင်း နှင့် ဒေါသထွက်ခြင်း စသဖြင့်ဖော်ပြကြသည်။ •အမျိုးသမီးတစ်ဦးကို ရည်ညွှန်းရာတွင်၎င်းနှင့် အမျိုးသားတစ်ဦးတို့၏ ဆက်ဆံရေးပေါ်အခြေခံကာ သူ့မိန်းမ၊ သူ့ရည်းစား သို့မဟုတ် သူ့သမီး စသည်ဖြင့် အဆင့်နှိမ့်ဖော်ပြကာသူမ၏ ကိုယ်ပိုင်ခံစားခွင့်များနှင့် စွမ်းဆောင်နိုင်မှုများဖြင့် ရည်ညွှန်းခြင်းမရှိပါ။ ထို့အပြင် အမျိုးသားများနှင့် ဆက်ဆံရေးပေါ်မူတည်ကာ ပိုင်ဆိုင်မှုပြ ခေါင်းစဉ်တပ်ကာ ခေါ်ဆိုကြသည်။ Miss နှင့် Mrs. တို့က အမျိုးသမီးများ အိမ်ထောင်ရှိမရှိကို ဖော်ပြသော်လည်း Mr တွင် ထိုကဲ့သို့ ခွဲခြားထားခြင်းမရှိပါ။ •မိသားစုအပေါ်ထားရှိသည့် အမျိုးသမီးများ၏ ကတိကဝတ်များကို ရည်ညွှန်းခြင်း။ ။ ကလေးရှိသည့်အမျိုးသမီးများကို "အလုပ်လုပ်သောမိခင်များ" ဟု ရည်ညွှန်းကြပြီး မိသားစု နှင့် အလုပ်ကို တပြိုင်နက်စီမံခန့်ခွဲရာတွင် ၎င်းတို့၏ စွမ်းဆောင်နိုင်ရည်ကို မကြာခဏ မေးခွန်းထုတ်ခံကြရသည်။ အမျိုးသားများကို ဘယ်သောအခါမှ "အလုပ်လုပ်သည့်ဖခင်များ" ဟု ရည်ညွှန်းခြင်းမရှိသကဲ့သို့ အလုပ်လုပ်နေခြင်းနှင့် မိဘတစ်ယောက်ဖြစ်ရခြင်းအပေါ်လည်း မေးခွန်းထုတ်ခြင်းမခံရပါ။ "မိခင်"ဆိုသည့်နေရာတွင် "မိဘများ" ဟူသည့်စကားလုံးကို အစားထိုးအသုံးပြုသင့်သည်။ •အမျိုးသမီးများ၏ ဝတ်စားဆင်ယင်ပုံကို အာရုံစိုက်ကြသော်လည်း အမျိုးသားများကိုမူ ၎င်းတို့၏အောင်မြင်သည့်လုပ်ဆောင်ချက်များကိုသာ အလေးပေးကြသည်။

အသုံးပြုသည့် ရုပ်ပုံများ။ ။ အမျိုးသမီးများနှင့် အမျိုးသားများကို မတူညီစွာ ရည်ညွှန်းသကဲ့သို့ရုပ်ပုံများဖြင့် ဖော်ပြရာတွင်လည်း မမျှတစွာပုံဖော်သည်။ အမျိုးသမီးများ၏ ရုပ်ပိုင်းဆိုင်ရာဟန်ပန်များနှင့် ပြစ်ချက်များကို အသားပေး ပုံကြီးချဲ့ဖော်ပြထားသည့် ရုပ်ပုံများကိုအသုံးပြုသည်။ ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် အမျိုးသားပုံများနှင့် ဘီကနီဝတ်ထားသည့် အမျိုသမီးရုပ်ပုံများကို အသုံးပြုသည်။ အမျိုးသမီးနိုင်ငံရေးသမားများ၏ ပုံများသည် အေးစက်စူးရှသည့် အကြည့်များဖြင့်ဖြစ်သော်လည်း အမျိုးသားနိုင်ငံရေးသမားများမှာ ပြုံးမြကာ ချည်းကပ်ရလွယ်သည့်ပုံများဖြစ်သည်။ ရောင်းအားစောင်ရေတက်စေရန်အတွက် ပါဝင်သည့်အကြောင်းအရာနှင့် ပတ်သက်ခြင်းမရှိသည့် အမျိုးသမီးပုံများကိုလည်း ဂျာနယ်ရှေ့ဖုံးတွင်အသုံးပြုလေ့ရှိသည်။

Close Bitnami banner