ကျား/မ ညီညီမျှမျှပါဝင်ရေးနှင့် ပတ်သက်၍‌ လူများ၏ အစဉ်အလာ ယုံမှတ်မှုများ

1. နိုင်ငံရေး (သို့) စီးပွားရေးကဲ့သို့သော ခြေခြေမြစ်မြစ် ပြဿနာများနှင့် ပတ်သက်၍ အမျိုးသမီးကျွမ်းကျင်ပညာရှင် အလုံအလောက်မရှိ (သို့မဟုတ်) ရှိကို မရှိပါ

သတင်းအဖွဲ့အစည်းအချို့က ဤအယူအဆသည် လွဲမှားလွန်ကဲကြောင်း၊ မည်သည့်ခေါင်းစဉ် အကြောင်းအရာမှာမဆို ဝေဖန်ပိုင်းခြားရေးသားတင်ပြနိုင်သော အရည်အသွေးမြင့်မားသည့် အမျိုးသမီးပညာရှင်များရှိကြောင်းပြသခဲ့သည်။ အဖွဲ့အစည်း လေး၊ ငါးခုသည် အမျိုးသမီးကျွမ်းကျင်သူများ၊ သူတို့ရေးသားသော သတင်းများနှင့် ကွဲပြားစေရန် အကူအညီပေးဖို့ ရည်ရွယ်၍ရှာရလွယ်သော database များကိုစုစည်းထားသည်။ သတင်းဌာနအချို့ကလည်း သတင်းခန်းတစ်ခုလုံးအတွက် အမျိုးသမီးသတင်းရင်းမြစ်များရှာရလွယ်စေရန် သူတို့ကိုယ်ပိုင် database များပြုလုပ်ထားကြသည်။

2. အမျိုးသမီး သတင်းရင်းမြစ်ရှာရန် (သို့မဟုတ်) ဆက်သွယ်ရန်ခက်ခဲသည်

အမျိုးသားများ၏ သတင်းဆောင်းပါးများကိုသာ မှီခိုသည့်အကျင့်ပါနေလျှင်သာ အမျိုးသမီးသတင်းရင်းမြစ်တွေ ရှာဖို့ခက်မှာပါ။ သင်၏ဆက်သွယ်မှုကွန်ယက် တွင် အမျိုးသမီးတွေ ထည့်ပေးရန်မှာ အစပိုင်းတွင်အားထုတ်ဖို့လိုပါမည်။ သို့သော် နောက်ပိုင်းတွင် သင်၏ ရေးသားမှုတွင် ပိုမိုကျယ်ပြန့်လာပြီး စိတ်ဝင်စားဖွယ် အမြင်များပါဝင်လာနိုင်ပါလိမ့်မည်။

3. အမျိုးသမီးရင်းမြစ်များသည် မီဒီယာနှင့် စကားပြောဆိုရန် မိမိကိုယ်ကို ယုံကြည်စိတ် အားနည်းနေတတ်သည်။

သမိုင်းကြောင်းတစ်လျှောက်တွင် အမျိုးသမီးများသည် အမျိုးသားများလောက် မီဒီယာတွင် ဖော်ပြခြင်းမခံခဲ့ကြရသဖြင့် အတွေ့အကြုံမှာလည်း ပို၍နည်းပေလိမ့်မည်။

သို့သော် သတင်းအဖွဲ့အစည်းများက သူတို့သတင်းတွင် အမျိုးသမီး သတင်းရင်းမြစ်ကို ပို၍ပို၍ အသုံးပြုရန်ကြိုးပမ်းလာကြပါသည်။ Bloomberg သည် ၎င်း၏ New Voice Initiative ဖြင့် စီးပွားရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းများမှ ကျွမ်းကျင်အမျိုးသမီးများအား မီဒီယာနှင့် ဆက်သွယ်ရေးသင်တန်းများ ပို့ချပေးလျက်ရှိပါသည်

4. အယ်ဒီတာများသည် အမျိုးသမီးကျွမ်းကျင်သူများ ပြောသမျှကိုအတည်ပြုရန် အမျိုးသားကျွမ်းကျင်သူများထံ အမြဲပင်မေးမြန်းအတည်ပြုလေ့ရှိကြသည်။

အမျိုးသမီးပညာရှင်တစ်ဦး၏ အမြင်ကို အတည်ပြုရန် အယ်ဒီတာကအမျိုးသား ပညာရှင်တစ်ဦးထံ မေးမြန်းရခြင်းသည် ခေါက်ရိုးကျိုးနေသော ကျား/မခွဲခြားမှုပင် ဖြစ်ပါသည်။ ဤသည်မှာအမျိုးသမီးများသည် အမျိုးသားများလောက်အရည်အချင်းမရှိဟူသော မွေးရာပါအစွဲကြောင့်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤအမျိုးသမီးများသည် သူတို့ကိုယ်တိုင် ကျွမ်းကျင်တတ်မြောက်သူများဖြစ်ရာ သူတို့ပြောသမျှကို ယောက်ျားတစ်ဦးကအတည်ပြုပေးမှ တရားဝင်ရတော့မည်မဟုတ်ချေ။ ဤကဲ့သို့မွေးရာပါ အမူအကျင့်အစွဲအလန်းကို ဖျောက်ဖို့ခက်သည်မှန်သော်လည်း ယင်းကိုတော့စိန်ခေါ်ရပေလိမ့်မည်။

Close Bitnami banner