၁။ မညီမျှသော သတင်းရေးသားဖော်ပြခြင်းများ

ကျွန်ုပ်တို့ရေးသားဖော်ပြခဲ့သည့်အကြောင်းအရာ။ ။ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်နေချိန်တွင် အမျိုးသမီးများက ကမ္ဘာ့သတင်းမီဒီယာ၏ ၂၄ % နှုန်းတွင်သာဖော်ပြခြင်းခံရသည်။ [IWMF GMMP အစီရင်ခံစာ] မီဒီယာမှ ရေးသားသည့်စာများ၏ အဓိကဇာတ်ကောင်များ၊ အကြောင်းအရာများတွင် အမျိုးသားများအကြောင်းကိုသာ အများဆုံးရေးသားဖော်ပြထားသည်။ 

အရေးကြီးသတင်းခေါင်းစဉ်များ။ ။ အမျိုးသမီးများအကြောင်း အများဆုံးဖော်ပြခံရသည့် နေရာများသည် သိပ္ပံပညာ၊ ပညာရေး နှင့် လူမှုဘဝ စသည့်နေရာအရနည်းသောကဏ္ဍများတွင်သာ ဖော်ပြခံရသည့်အချိန်တွင် အမျိုးသားများက အရေးကြီးသတင်းအမျိုးအစားများဖြစ်သည့် နိုင်ငံရေး၊ အားကစားနှင့် စီးပွားရေး စသည့် ကဏ္ဍများကိုကြီးစိုးလျက်ရှိသည်။

Close Bitnami banner