၂။ မညီမျှသော အသံ နှင့် အမြင်များ

ကျွန်ုပ်တို့အသုံးပြုသည့် သတင်းရင်းမြစ်များ။ ။ ကျွန်ုပ်တို့သည် အမျိုးသမီး သတင်းရင်းမြစ်များထက် အမျိုးသားသတင်းရင်းမြစ်များကို ပိုမိုအသုံးပြုသည်။ အမျိုးသမီးသတင်းရင်းမြစ်များကို အသုံးပြုပါက ၎င်းတို့သည် ပြောရေးဆိုခွင့်ရှိသူ၊ ကိုယ်စားလှယ်များ သို့မဟုတ် ကျွမ်းကျင်သူများလိုအပ်ချိန်ထက် ကိုယ်ပိုင်အတွေ့အကြုံများ၊ အမြင်များ၊ စိတ်လှုပ်ရှားဖွယ်တုံ့ပြန်မှုများကို ဖော်ပြသူများ သို့မဟုတ် မျက်မြင်သက်သေများ လိုအပ်သည့်အချိန်တွင်သာ အမျိုးသမီး သတင်းရင်းမြစ်များကို အသုံးပြုသည်။ အမျိုးသားနိုင်ငံရေးသမားသတင်းရင်းမြစ်တစ်ခုကို အမျိုးသမီးဆရာမ သို့မဟုတ် အမျိုးသမီးအိမ်တော်ထိန်းတစ်ဦးနှင့် မကြာခဏ တွဲဖက်အသုံးပြုကြသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကျွမ်းကျင်သူ ၅ ဦးတွင် တစ်ဦးသာ အမျိုးသမီးသတင်းရင်းမြစ်ကို အသုံးပြုထားသည်။ [IWMF GMMP အစီရင်ခံစာ]

သတင်းပြုလုပ်သူ။ ။ အမျိုးသားများက သတင်းအများစုကို ပြုလုပ်သူများလည်း ဖြစ်ကြသည်။ သတင်းပြုလုပ်သူအားလေ့လာကြည့်ပါက ၃၇% နှုန်းသာ အမျိုးသမီးများ၏ သတင်းပြုလုပ်ချက်များဖြစ်သည်။ [IWMF GMMP အစီရင်ခံစာ]

Close Bitnami banner