မီဒီယာတွင် ကျား၊မ ရေးရာ ပုံသေကားချပ် သတ်မှတ်ပုံများ

လူထုသဘောထားကို ပုံဖော်ရာတွင် မီဒီယာသည်အလွန်အရေးပါသည်။ ကျား/မ ဝိသေသစရိုက်လက္ခဏာများကို တစ်နည်းနည်းဖြင့် အစဉ်အလာအတိုင်းရေးသားဖော်ပြမှုများသည် သိမ်မွေ့သည်ဖြစ်စေ၊ သိမ်မွေ့မှုနည်းပါးသည်ဖြစ်စေ နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။

ကျွန်ုပ်တို့၏ လုပ်ပုံကိုင်ပုံကို ပြောင်းလဲပြီး ကျားနှင့်မ တန်းတူဆက်ဆံသော အကြောင်းအရာများကို ရေးသားဖော်ပြရန်မှာ ကျွန်ုပ်တို့၏ခေါက်ရိုးကျိုးနေသော အပြုအမူများကိုဆန်းစစ်ဖို့လိုပါသည်။ နည်းလမ်းအမျိုးအမျိုးဖြင့် အစဉ်အလာသမားရိုးကျ လက်ခံဖော်ပြမိတတ်သည်ကို ပိုမိုသတိရှိဖို့လိုပါသည်။

ကျား/မဆိုင်ရာ သမားရိုးကျဖော်ပြခြင်း အမျိုးမျိုးရှိနိုင်သည်။ အမျိုးသမီးများနှင့် ပတ်သက်၍ ကျွန်ုပ်တို့သုံးနှုန်းသောစကားမှ ကျွန်ုပ်တို့ဖော်ပြသောရုပ်ပုံအထိ အမျိုးမျိုးဖြစ်နိုင်သည်။ အချို့ ကျား/မပိုင်းဆိုင်ရာ သမားရိုးကျဖော်ပြခြင်းများမှာ သိသာထင်ရှားလှသော်လည်း အချို့မှာအလွန်သိမ်မွေ့ပါသည်။ သတင်းဖော်ပြရာတွင် တွေ့ရဖန်များလှသဖြင့် ခွဲခြားသိရှိဖို့ပင်ခက်ပါသည်။ အဆိုပါ အချက်များသည် မီဒီယာများက၎င်းတို့ရေးသားဖော်ပြသည့် အကြောင်းအရာများတွင် အမျိုးသမီး နှင့် အမျိုးသားများကို ပုံသေကားချပ်သတ်မှတ်ပုံ၊ တန်းတူညီမျှ ဆက်ဆံမှုမရှိပုံနည်းလမ်းများဖြစ်ကြသည်။

Close Bitnami banner