အမျိုးသမီးများသည် မထိတွေ့ရသေးသော ပရိသတ်ဖြစ်သောကြောင့် စီးပွားရေးအရ အကျိုးအမြတ်ဖြစ်ထွန်းနိုင်သည်

မတူကွဲပြားသောသတင်းများကို တမင်ရည်ရွယ်ကာထုတ်ဝေခြင်းသည် စီးပွားရေးအရ တွက်ခြေကိုက်နိုင်သည်။အမှန်တော့ အမျိုးသမီးများသည် ကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်ရှိသည်။ ကမ္ဘာပေါ်တွင်ရှိသော လူ့အဖွဲ့အစည်းတစ်ခုသည် သင်ထုတ်လုပ်သော သတင်းတွင် မပါဝင်ပါက သို့မဟုတ် သင်သည်၎င်းတို့၏ အသံကို မဖော်ပြပါက ယင်းလူအုပ်စုသည် သင်ထုတ်ဝေသောသတင်းကို ရွေးချယ်ဖတ်ရှု ရန် အခွင့်အလမ်းနည်းပါးသည်။ ထို့ကြောင့် သတင်းမီဒီယာအဖွဲ့အစည်း အများအပြားသည် အမျိုးသမီးပရိသတ်ကို စတင်ထိတွေ့ရန် ကြိုးပမ်းလာကြပြီး ပိုမို ထိရောက်စွာ ထည့်သွင်းဖော်ပြလာကြသည်။ BBC သတင်းဌာန၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် UK နိုင်ငံမှ အသက် ၂၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသမီးများကို သုတေသနပြုလုပ်ခဲ့ရာ အမျိုးသမီးများသည် ၎င်းတို့၏ဘဝနှင့် တိုက်ရိုက်ဆက်နွယ်နေသော သတင်းများကိုဖတ်ရှုရန် အာသီသပြင်းပြကြပြီး လက်တွေ့ကျသော သတင်းအချက်အလက်များကို တန်ဖိုးထားကြသည်ဟုသိရ သည်။ သုတေသနကဖော်ပြသည်မှာ ဒေသတွင်း သတင်းများသည် အမျိုးသမီးများက သားသမီးများရရှိနေပါက ပိုမိုအရေးပါကြောင်းတွေ့ရှိရသည်။ South China Morning Post ၏ စာဖတ်ပရိသတ် သုတေသနကတွေ့ရှိသည်မှာ အမျိုးသမီးများသည် သံတမန်ရေးရာများ ဒေသတွင်းသတင်းများ၊ ပညာရေး၊ လူမှုရေးကိစ္စရပ်များ၊ ကျား/မ ညီမျှရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ သတင်းများကို အမျိုးသမီးပရိသတ်များက ပိုမိုစိတ်ဝင်စားကြကြောင်းသိရသည်။

သတင်းများတွင် အမျိုးသမီးများအကြောင်း ပိုမိုထည့်သွင်းဖော်ပြခြင်းသည် မီဒီယာလုပ်ငန်း၏ စီးပွားရေးအတွက် အကျိုးအမြတ်ဖြစ်ထွန်းနိုင်ကြောင်း သုတေသနများက ဖော်ပြကြသည်။ နော်ဝေမီဒီယာ ကုမ္ပဏီတစ်ခုဖြစ်သော Amedia က ဖော်ပြရာတွင် အမျိုးသမီးများအကြောင်း ရေးသားဖော်ပြသော သတင်းများပိုမိုထည့်သွင်းသောသတင်းစာများသည် အမျိုးသမီးများကြား စာဖတ်သူဦးရေပိုမိုရရှိစေသည်ဟုဆိုသည်။ Financial Times သတင်းစာက ဖော်ပြရာတွင် အမျိုးသမီးများအတွက် ရည်ရွယ်သော newsletter များသည် တခြားသော newsletter များထက် ပရိသတ်၏ ဝင်ရောက်ဖတ်ရှုမှုကို ပိုမိုရရှိသည်ဟုဆိုသည်။ Bloomberg သတင်းစာကဆိုရာတွင် အမျိုးသမီးများ၏ ရှုထောင့်မှ ရေးသားသောသတင်းများသည် ကုမ္ပဏီကိုတခြားသော စင်ပြိုင်သတင်းစာများထက် ပိုမိုအသာရစေသည်ဟုဆိုသည်။ စိတ်ဝင်စားဖွယ်သတင်းဆောင်းပါးများဖြင့် အမျိုးသမီးပရိသတ်အများအပြားရယူနိုင်ခဲ့သည့်သတင်းစာများ).