ကျား/မ တန်းတူညီမျှမှုနှင့် မတူကွဲပြားမှုများကို မြှင့်တင်ရန် တာဝန်

မီဒီယာများသည် ကျွန်ပ်တို့ တွေးတောနေသောအရာ၊ ယုံကြည်သောအရာနှင့် လုပ်ဆောင်သောအရာများကို ပုံဖော်သည်။ ထို့ကြောင့် ထိုလုပ်ငန်းတွင် လုပ်ကိုင် နေသောလူများ၊ ဦးဆောင်နေသောလူများ၏ ဆုံးဖြတ်ချက်သည်အရေးပါသည်။ မီဒီယာများသည် အမျိုးသမီးများကိုတန်းတူညီမျှ သရုပ်ဖော်တင်ပြခြင်း မရှိဘဲ ၎င်းတို့၏ အလုပ်အကိုင်တွင်လည်းကောင်း၊ လူမှုဆက်ဆံရေးတွင်လည်းကောင်း၊ ပင်ကိုအရည်အချင်းများကိုလည်းကောင်း အစဉ်အလာပုံသေရှုမြင်မှတ်ယူသရုပ် ဖော်တင်ပြပါက ၎င်းတို့ သည် ကျား/မ မညီမျှမှုကို အားပေးအားမြှောက်ပြု နေခြင်းဖြစ်သည်။ ၎င်းအချက်သည် အမျိုးသမီးများသာမက လိင်စိတ်ပြောင်း၍ လိင်စိတ်လွှမ်းနေသူများ၊ လိင်ပြောင်းထားသူများ ကျား မဟုတ်၊ မ မဟုတ်သူများ၊ မတူညီသောလူမျိုးများ၊ လူတန်းစားများ၊ ဘာသာရေးများ၊ မျိုးနွယ်စုများ အတွက်ပါ အကျုံးဝင်သည်။ ယနေ့ခေတ် သတင်းမီဒီယာများတွင် အမျိုးသမီးများ ကို သတင်း၏ အကြောင်းအရာအဖြစ် ဖော်ပြကြမှုနည်းပါးသည်။ အမျိုးသားများ နှင့်နှိုင်းယှဉ်ပါက ကျွမ်းကျင်ပညာရှင်အဖြစ်ဖော်ပြခံရမှု နည်းပါးသည်။

Gender Equality Tracker ၏ စာရင်းဇယားများအရ အမေရိကန်ပြည်ထောင်စုတွင် အမျိုးသားများသည် အမျိုးသမီးများထက် သတင်းများတွင်နှစ်ဆခန့် ပိုမိုဖော်ပြ ခံရသည်ဟုသိရသည်။

သတင်းမီဒီယာ အဖွဲ့အစည်းများသည် ၎င်းတို့ထုတ်ဝေသော သတင်းများတွင် အမျိုးသား အမျိုးသမီးများကို ကိုယ်စားပြုဖော်ပြမှုကို ခွဲခြမ်းစိတ်ဖြာ လေ့လာရန် လိုအပ်ပြီးမညီမျှမှုများတွေ့ရှိပါက အရေးယူဆောင်ရွက်မှု လုပ်ဆောင်ရန်လို အပ်သည်။

နော်ဝေနိုင်ငံတွင် Amedia က ရှာဖွေတွေ့ရှိသည်မှာ ၂၁ လ တာ ကာလအတွင်း ထုတ်ဝေသော သတင်းစာ ၆၄ ခု၏ သတင်း ၆၆၀,၀၀၀ ခုတွင် အမျိုးသမီးများနှင့် အမျိုးသားများ၏ နာမည်ဖော်ပြခံရမှုသည် ၃၄ / ၆၆ ရာခိုင် နှုန်းသာ ရှိသည်ဟုသိရသည်။

၎င်းကိုကြည့်ရှုခြင်းအားဖြင့် သတင်းစာများကို အမျိုးသားများက အမျိုးသားများအတွက်သာ ဖန်တီးနေကြကြောင်းတွေ့ရသည်။ အမျိုးသမီးများနှင့် အမျိုးသားများကို တရားမျှတစွာညီမျှစွာနှင့် ဖော်ပြရန် လိုအပ် နေကြောင်းတွေ့ရသည်။

Close Bitnami banner