မတူညီကွဲပြားသောရှုထောင့်မှ သတင်းများသည် ပိုမိုကောင်းမွန်သော သတင်းကိုရရှိစေသည်

မတူညီကွဲပြားသော အသံများနှင့် ရှုထောင့်အမြင်များကို ဖော်ပြခြင်းသည် သတင်းဖန်တီးနိုင်စွမ်းကိုအားကောင်းစေပြီး အရည်အသွေးကောင်းသော သတင်း ကိုရရှိစေသည်။ ထိုသို့ဖြင့် မီဒီယာလုပ်ငန်းများ စီးပွားရေးအရတွက်ခြေကိုက်ရန်နှင့် ယဉ်ကျေးမှုအရကိုက်ညီသောသတင်းများကို ရရှိရန်ခက်ခဲသော ယနေ့ခေတ်တွင် စီးပွားရေးအကျိုးအမြတ်ဖြစ်ထွန်းရန် အထောက်အကူဖြစ်နိုင်သည်။ သို့သော်လည်း မီဒီယာလုပ်ငန်းများသည် တသားတည်းလိုလိုဖြစ်နေကြသည်။ ၂၀၁၂ - ၂၀၁၆ ခုနှစ်အတွင်း US Census Bureau data ၏ အချက်အလက်များကို Pew Research Centre က သုံးသပ်လေ့လာရာတွင် အမေရိကန်ပြည်ထောင်စုသည် တခြားသော အလုပ်အကိုင်ကဏ္ဍများထက် မီဒီယာကဏ္ဍတွင် အလုပ်သမား အများစုသည် အမျိုးသားများနှင့် လူဖြူများသာ များပြားနေဆဲဖြစ်သည်။ လူငယ်အလုပ်သမားများကြားတွင် မတူကွဲပြားသောလူမျိုးများ၊ မျိုးနွယ်စုများနှင့် လိင်အမျိုးမျိုး ပါဝင်နေကြသော်လည်း သတင်းခန်းများအတွင်းလုပ်ကိုင်နေသော အလုပ်သမားများသည် သက်ဆိုင်ရာရည်ရွယ်သည့်ပရိသတ်များကို ကိုယ်စားပြုနိုင်ခြင်းမရှိကြပေ။ အချို့သော မီဒီယာများသည် ထိုသို့သော ပိုနေမြဲ ကျားနေမြဲ အနေအထားကို ပြောင်းလဲပစ်ရန်ကြိုးပမ်းနေကြသည်။ Gender Initiative New York Times သတင်းစာသည် ကျား/မ ညီမျှမှုကို ပိုမိုမြှင့်တင်ရန်မတူကွဲပြားသော ပရိသတ်ကိုရရှိစေရန် Gender Initiative သတင်းစာကိုတည်ထောင်ခဲ့သည်။ Outside Magazine Outside မဂ္ဂဇင်းသည် မတူကွဲပြား သော အမြင်များကိုဖော်ပြနိုင်ရန်ကြိုးပမ်းသည့်အနေဖြင့် ၎င်း၏ သတင်းစာများတွင် အမျိုးသားနှင့် အမျိုးသမီး သတင်းထောက်များ၏ သတင်းများကို အရေအတွက် တူညီစွာထည့်သွင်းစေသည်။ ဓာတ်ပုံများ၊ ပုံများတွင်အမျိုးသမီးများ မတူကွဲပြားသော ကိုယ်ခန္ဓာဖွဲ့စည်းပုံ ရှိသူများကို ထည့်သွင်းစေသည်။ Zambia နိုင်ငံတွင် Daily Nation သတင်းစာက ပိုင်ဆိုင်သောသီးခြားရပ်တည်သည့် သတင်းစာတစ်ခုဖြစ်သည့် Lusaka Sun သတင်းစာတွင် ဝန်ထမ်းများ၏ ၇၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သည်။ ၎င်းမှာတမင်ရည်ရွယ် လုပ်ဆောင်ထားခြင်းဖြစ်သည်။ Daily Nation ၏ အလုပ် အမှုဆောင်အယ်ဒီတာ၏ ပြောကြားချက်အရ အမျိုးသမီးသတင်းထောက်များ သည် လူ့အဖွဲ့အစည်းအတွင်းတခြားသော အမျိုးသမီးများနှင့် ဆက်သွယ်ရာတွင် လွယ်ကူသည်ဟုဆိုသည်။ ထိုသို့ဖြင့် လူ့အဖွဲ့အစည်းအတွင်းမှ အမျိုးသမီးများက ၎င်းတို့၏ ဇာတ်လမ်းများ အတွေ့အကြုံများကို ယုံကြည်စိတ်ချစွာပင် သတင်းစာသို့ မျှဝေပေးကြသည်ဟုဆိုသည်။ Lusaka Sun, Zambia)

Close Bitnami banner