မိတ်ဆက်

ခေါင်းဆောင်မှုဖြင့် ထောက်ပံ့ပေးခြင်းနှင့် ရှင်းလင်းသောအဖွဲ့အစည်းဆိုင်ရာ မဟာဗျူဟာရှိခြင်းသည် အကြောင်းအရာများတွင် ကျား/မ ညီမျှစွာပါဝင်မှုကို အောင်မြင်စွာလုပ်ဆောင်ရန် အရေးပါသောအချက်နှစ်ခုဖြစ်သည်။ ဤသို့ဖြင့် အဖွဲ့အစည်း၏ အဆင့်ဆင့်ဝန်ထမ်းများသည် ကျား/မ ညီမျှစွာပါဝင်မှု၏ အရေး ပါပုံကိုသိရှိလာမည်။ အလေးထားရမည့် ပစ်မှတ်များကိုသိရှိလာမည်။ အပြောင်း အလဲများ မလုပ်ဆောင်နိုင်ပါက ယင်းအတွက် တာဝန်ယူရမည်ကိုသိရှိလာမည်။ သင်၏ စဦးလုပ်ဆောင်မှုနှင့် မဟာဗျူဟာများက မည်သို့လုပ်ဆောင်နေသည်နှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာရှိအောင်ဖော်ပြထားရမည်။ အဖွဲ့အစည်းတစ်ခုလုံးက ဘုံရည်မှန်းချက်ဖြစ်သော ကျား/မ ညီမျှစွာပါဝင်ရေးဦးတည်ချက်ဖြင့် လုပ်ဆောင်နေကြောင်းသိရှိစေရန် တိုးတက်လာသည့် အချက်အလက်များကို ဝန်ထမ်းများနှင့် မျှဝေထားရမည်။

Close Bitnami banner