ကျား/မ ညီမျှမှုရှိအောင် မည်သို့ ပြုမူဆက်ဆံမည်နည်း

ဆောင်ရန်

    • ယောက်ျားတွေအပေါ် သုံးမည့် ‘နာမဝိသေသန’ များနည်းတူ မိန်းမတွေအပေါ်မှာလည်းသုံးပါ။ ဥပမာ- နှံ့စပ်သော vs ခေါင်းမာသော၊ ဆပ်ဆပ်ကြဲ vs စိတ်ခံစားလွယ်သော • ကျား/မ ညီမျှမှုကိုမြှင့်တင်ပေးသော ခေါင်းစဉ်တပ်မှုပြုလုပ်ပါ။ အမျိုးသမီးများကို သူတို့၏အိမ်ထောင်ရေး အဆင့်အတန်းအရ လည်းကောင်း၊ အမျိုးသားတစ်ဦးနှင့် တော်စပ်ဆက်နွယ်မှုအရ လည်းကောင်းဖော်ပြသည့် Miss (or) Mrs အစား Ms ကိုသုံးပါ။ သူတို့၏ အမည်တွင် လင်ယောက်ျားအမည်ကိုမသုံးပါနှင့်၊ ဥပမာ - Mrs. Nick Smith • ပုံနှိပ်ရာတွင်အထက်ပါ audio-visual content အတိုင်းအသုံးပြုပါ။

ရှောင်ရန်

    • အမျိုးသမီးတစ်ဦး၏အသက်ကို အထူးဖော်ပြခြင်း၊ အမျိုးသားအတွက် အသက်ကိုအထူးဖော်ပြလေ့မရှိပါ။ • အမျိုးသမီးတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာကိုသာ အသားပေးဖော်ပြသော်လည်း အမျိုးသား၏လုပ်ဆောင်အောင်မြင်မှုများကိုသာ ဖော်ပြခြင်း။ • အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ယောက်၏ ဇနီး၊ ချစ်သူရည်းစား (သို့မဟုတ်) သမီးဟုဖော်ပြခြင်းသည်အမျိုးသမီးကို သိမ်ငယ်သွားစေ သည်။ သူမကိုသူ့ အရှိအတိုင်းသာဖော်ပြပါ။ • အမျိုးသမီးများကိုရှက်တတ်၊ ကြောက်တတ်သူများ၊ အမျိုးသားများကို ရဲစွမ်းသတ္တိရှိသူများ(သို့မဟုတ်) အလားတူ သမားရိုးကျပုံဖော်ခြင်း၊ ဥပမာ - စိတ်မတည်ငြိမ်၊ ကစဉ့်ကလျားဖြစ်တတ်သူ၊ အားနည်းသူ၊ စိတ်ခံစာလွယ်သူ၊ ရှိုက်ငိုတတ်သူများအဖြစ် အမျိုးသမီးတွေကို ပုံဖော် ရေးသားပြီး အမျိုးသားတွေကို အင်အားတောင့်သူ၊ ရဲစွမ်းသတ္တိရှိသူ၊ စွမ်းဆောင်နိုင်သူ၊ ဆတ်ဆတ်ကြဲ၊ အောင်မြင်သူအဖြစ် သမားရိုးကျ ပုံဖော်ရေးသားခြင်း။ • သူမကဆန္ဒမရှိဘဲနှင့် သူမ၏မိသားစုကိုဖော်ပြခြင်း၊ ကလေးများနှင့် မိခင် အလုပ်လုပ်ကိုင်နေပါက ‘အလုပ်လုပ်သော မိခင်’ ဟု ဖော်ပြပြီး အိမ်ထောင်တာဝန်တစ်ဖက်နှင့် အလုပ်တာဝန်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ပါမည်လားဟု သံသယမေးခွန်း ထုတ်တတ်ခြင်း၊ အမျိုးသားတွေကျတော့ အလုပ်လုပ်သော ဖခင် Working Dads ဟု ရေးသားဖော်ပြလေ့မရှိ၊ သားသမီးတွေနှင့် အလုပ်တာဝန်ကို အောင်မြင် အောင်လုပ်နိုင်ပါမည်လားဟူ၍လည်း မေးခွန်းထုတ်လေ့မရှိကြချေ။ ထို့ ကြောင့် မိခင်အစား မိဘဟူသော စကားလုံးကိုသာ အသုံးပြုပါ။ • အမျိုးသမီး၏ အဝတ်အစား (သို့) မိတ်ကပ်ကို အသားပေးဖော်ပြခြင်း၊ အမျိုးသားများကို ဤသို့ဖော်ပြလေ့မရှိချေ။

သင်သည် အမျိုးသမီးနှင့် အမျိုးသားခွဲခြားဆက်ဆံခြင်း ရှိ/မရှိ ဆန်းစစ်ပါ

ပြောင်းပြန်ပြုလုပ်ခြင်းနှင့် အပြိုင်လုပ်ဆောင်ခြင်းတို့သည် သင့် အနေနှင့် ကျား/မ ခွဲခြားဆက်ဆံခြင်း ရှိ/မရှိ ဆုံးဖြတ်ရန် အထိရောက်ဆုံးနည်းလမ်းပင်ဖြစ်သည်။

ပြောင်းပြန်ပြုလုပ်ကြည့်ခြင်း - သင်သည် အမျိုးသားတစ်ယောက်ကို ဤနည်း အတိုင်းပုံဖော်လိမ့်မည်လား (သို့) ရယ်စရာမဖြစ်စေဘဲ အမျိုးသားတစ်ယောက် ကို ဤနည်းအတိုင်း ပုံဖော်နိုင်ပါမည်လား၊ အဖြေကမဖော်နိုင်ပါဟုဆိုလျှင် သင်သည်သမားရိုးကျ ကျား/မ ခွဲခြားသူဖြစ်နေပြီ။ ဥပမာ -

    • အနက်ရောင်ဆံပင်ရှိသူ လူဖြူအမျိုးသမီးကို brunette ဟုခေါ်ကြပြီး အမျိုးသားကို brown hair ဟုပြော သည်၊ • Hilary Clinton ၏ အသံကိုစူးရှသည်ဟုပြောကြပြီး Donal Trump ကိုတော့ ထိုသို့မပြောကြချေ၊ • အသက် ၃၇ နှစ်ရွယ် Meghan Markle သည် မေလအတွင်းက Prince Harry နှင့် လက်ထပ်ခဲ့သည်။ • အပြိုင်လုပ်ဆောင်ခြင်း- အမျိုးသမီးနှင့် အမျိုးသားကို ဘွဲ့ထူး ဂုဏ်ထူး၊ ဖော်ပြချက်၊ အရည်အချင်းတို့ကို အတူတူဖော်ပြသလား၊ ဥပမာ- • ဖတ်ရှုစာအုပ်စာရင်း - Jane Austen, Joyce Proust and Virginia Woolf Vs. Austen, Proust and Woolf. • The usher seated Mr. Trump and his lovely wife Melania VS. The usher seated Mr and Ms Tramp. • Her parents, Judge Nicholas Smith and Mrs Smith, were both at the wedding VS. Her parents, Nicholas and Karen Smith, were both at the wedding.

လွန်လွန်ကဲကဲ လိင်ဆန်လွန်းသော စကားအသုံးအနှုန်းနှင့် ရုပ်ပုံများကိုဘယ်တော့မှအသုံးပါနှင့်

အပျော်အပျက် ဟာသများ၊ အမျိုးသမီးများကို အဆင့်နိမ့်ကျသွားစေသော စကားလုံးများ၊ ရုပ်ပုံများ၊ အမျိုးသမီးများကို စော်စော်ကားကား၊ ချိုးချိုးဖဲ့ဖဲ့ပြောခြင်း သို့မဟုတ် လိင်ပစ္စည်း သက်သက်အဖြစ် အဆင့်လျှော့ချသော၊ အလွန်အမင်းသမားရိုးကျဆန်သော စကားအသုံးအနှုန်းနှင့် သရုပ်ဖော်ပုံများ အားလုံးပါဝင်ပါသည်။သွယ်ဝိုက်အဓိပ္ပာယ်ရသော အသုံးအနှုန်းများ - ဥပမာ - pussy, bitch, banging body, nice piece of ass, little wifey, She belongs back in the kitchen (နမူနာတွေပြောရလျှင် မကုန်နိုင်တော့ပြီ)။ ယင်းစကားလုံးများကို ကျား/မ နှစ်ဦးလုံး အတွက်မျှမျှတတကြားနေသော အပြောအဆိုသုံးနှုန်းမှုများ မရှိနိုင်ပါ၊ အမျိုးသမီးခန္ဓာကိုယ် အသွင်သဏ္ဌာန်များကို ရည်ရွယ်ချက်ရှိရှိ တင်ပြ ရာတွင် ဤဥပဒေသကိုပင်အသုံးပြုပေသည်။ ဥပမာ - cleavage, cellulite, wronkles.

သင်အသုံးပြုသော ရင်းမြစ်နှင့်ကိုးကားချက်မှ ပြဿနာကိုပြင်ဆင်ပါ

မကြာခဏပင်ပြဿနာသည် ကျွန်ုပ်တို့အသုံးပြုသော ရင်းမြစ်တွင်အရင်းခံနေသည်ကိုတွေ့ရပါသည်။ ရင်းမြစ် (သို့) အကိုးအကားသည် ကျား/မ ဘက်လိုက်မှုရှိလျင်၊ လိင် (သို့) ကျား/မ သမားရိုးကျဖြစ်နေလျင် သင့်အနေနှင့် အောက်ပါအတိုင်းလုပ်သင့်ပါသည်။

    • ကျား/မ သိသာလွယ်သောစကားလုံးကိုသုံး၍ အကိုးအကားကိုစာပိုဒ် ခွဲပစ်လိုက်ပါ။ • ပြဿနာဆီကိုအာရုံပြောင်းပါ၊‘သောမက်ဂျက်ဖာဆင်’ က ပြောခဲ့သည်။ “ယောက်ျားအားလုံးကို ဘုရားသခင်က ညီတူညီမျှ ဖန်ဆင်းပေးခဲ့ပါသည်”။ “All men are created equal.” သူသာ ယနေ့ခေတ်မှာ ရေးသား ခဲ့ပါလျှင် “လူအားလုံးကို ဘုရားသခင်က ညီတူညီမျှ ဖန်ဆင်းခဲ့သည်”။ “All people are created equal” ဟု ပြောခဲ့မည်မှာသေချာပါသည်။ (UNESCO ရင်းမြစ်မှ တိုက်ရိုက်ယူထားပါသည်။) • ကျား၊မ ဘက်လိုက်သော၊ ပုံသေကားချပ်သတ်မှတ်မှုပါဝင်နေသော သို့မဟုတ် ကျား၊မ ပေါ်မူတည်ကာခွဲခြားနှိမ်ချခြင်းသဘော ပါဝင်သည့် အကြောင်းအရာများကိုဖျက်ပစ်ပါ။ ပြောစကားဖြစ်စေ အရင်းအမြစ်တစ်ခုလုံးဖြစ်စေ ဖျက်ထုတ်ပါ။
Close Bitnami banner