ကျား၊မ ကွဲပြားမှု နှင့် စီးပွားရေးအရသက်ရောက်မှု
ကျား၊မ မျှတမှုကို ခြေရာကောက်ခြင်း
မြင်သာမှုကိုတိုးမြှင့်ခြင်း
အမျိုးသမီးပရိတ်သတ်များနှင့် ချိတ်ဆက်ခြင်း
Deep Dive: The Financial Times
Deep Dive: Amedia
အမေးအဖြေများ
အချက်အလက်များကို ပုံဖြင့်ဖော်ပြခြင်း
ကျား/မ အချိုးအစားညီမျှရေးအောင်မြင်စွာဆောင်ရွက်နိုင်သည့်
အဖွဲ့အစည်းများ
AMEDIA နော်ဝေး
တိုးတက်မှုရှိသည့်အပြင် နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးနှင့် အခွင့်အလမ်း များရှိသည့်နိုင်ငံဟု ကျွန်ုပ်တို့နားလည်ထားသည့် နော်ဝေးနိုင်ငံ၌ပင် ကျား/မ မညီမျှစွာပါဝင်မှုမှာ လက်တွေ့လောကတွင် ရှိနေသေးသည်။ အေမီဒီယာ (Amedia) အမည်ရှိကုမ္ပဏီက မိမိတို့၏ စာစောင်ကိုပင် အခြေခံလေ့လာခဲ့ရာတွင် အထက်ပါအတိုင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကျား/မ ပိုမိုညီမျှစွာ ပါဝင်ခြင်းကြောင့် လုပ်ငန်းခွင်ကို ပီပီပြင်ပြင်သက်ဝင်စေသည်ဟု ၎င်းတို့ယုံကြည်ထားသည်ကို သက်သေထူနိုင်သည့် ထောက်အထား ကိုလည်း အဆိုပါစာစောင်ထုတ်ဝေသူများက တွေ့ရှိခဲ့သည်။ အမျိုးသမီးများရေးသားထားသည့် သတင်း ဆောင်းပါးများ များများစားစားပါဝင်သည့် စာစောင်များကို အမျိုးသမီးများက ပိုမိုဖတ်ရှုသည်ဆိုသည့် အချက်ကိုလည်း ၂၁ လကြာ ကာလအတွင်း ထုတ်ဝေခဲ့သည့် သတင်းစာ ၁၉ စောင်မှ သတင်းဆောင်းပါးများကို စိစစ်လေ့လာပြီးနောက် အဆိုပါ ထုတ်ဝေသူများကသိလာခဲ့သည်။
အဆိုပါ ၂၁ လကြာကာလအတွင်း ကျား/မ ညီမျှစွာပါဝင်မှုကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာရာတွင် သတင်းစာ ၆၄ စောင်မှ သတင်းဆောင်းပါးပုဒ်ရေ ၆၆၀,၀၀၀ ကို အချက်အလက်ဆိုင်ရာ သိပ္ပံနည်းပညာနှင့် အလိုအလျောက်အမျိုးအစားခွဲသည့် နည်းစနစ်တို့ဖြင့် အထူးအားစိုက်လေ့လာခဲ့ရာမှ ဤသို့စိတ်ဝင်စားဖွယ်ကောင်းသည့် ဆက်နွယ်မှုကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဘာသာစကားအား ပုံမှန်စိစစ်သည့် နည်းစဉ်များကိုအသုံးပြုကာ အေမီဒီယာသည် သတင်းဆောင်းပါးများပါ အမျိုးသားနှင့် အမျိုးသမီး များကိုခွဲခြားခြင်း၊ အရေအတွက်မှတ်သားခြင်းများကို ပြုလုပ်နိုင်ခဲ့သည်။ သတင်းတွင်အရင်းအမြစ်အဖြစ် ကိုးကားရေးသားထားသည်များကို ထုတ်ဝေသူများက လူပုဂ္ဂိုလ်အမည်လား၊ စီးပွားရေးအဖွဲ့အစည်းအမည်လား ဟူသည်ကို ကနဦးခွဲခြားနိုင်ခဲ့သည်။ ဥပမာအားဖြင့် နီနာ(Nina)အမည်ရှိ စီးပွားရေးလုပ်ငန်းနှင့် နီနာ အမည်ရှိ လူပုဂ္ဂိုလ်တို့ကိုခွဲခြားဖော်ထုတ်နိုင်ခဲ့သည်။ဒုတိယအဆင့်တွင် သိရှိထားသည့်အမည်များကို နော်ဝေးနိုင်ငံ လူဦးရေဆိုင်ရာ အချက်အလက်စာရင်းဇယားပါ အမျိုးသားနှင့် အမျိုးသမီးတို့၏ အမည်များနှင့် နှိုင်းယှဉ်စစ်ဆေးခဲ့သည်။ ထိုကဲ့သို့ အချက်အလက်များကို ၎င်းတို့၏ ပင်မအချက် အလက်စုဆောင်းမှုဇယားတွင် ထည့်သွင်းခဲ့ပြီးနောက် ထုတ်ဝေသူများသည် အချက်အလက်များ၏ အရပ်ရပ်သောအနေအထားများကို ခွဲခြားစိစစ်နိုင်ခဲ့သည်။
သတင်းဆောင်းပါးပုဒ်ရေ ၆၆၀,၀၀၀ တွင် ဖော်ပြထားသည့်အမည်များတွင် ပျမ်းမျှအားဖြင့် ၃၄ ရာခိုင်နှုန်းသည်သာ အမျိုးသမီးများ ဖြစ်ကြောင်းတွေ့ရှိခဲ့ သည်။ သတင်းစာအမည်ကွဲများထဲတွင် အမည်အလိုက် တစ်စောင်ချင်းစီကို စိစစ် လေ့လာသည့်အခါတွင်မူ တစ်စောင်နှင့်တစ်စောင် သိသိသာသာ ကွဲပြားသည်ကိုလည်းတွေ့ရှိခဲ့သည်။ သတင်းစာတိုက်ငယ်များမှ ထုတ်ဝေသည့်စာစောင်များတွင် သတင်းစာတိုက်ကြီးများမှ ထုတ်ဝေသည့်စာစောင်များထက် ကျား/မ ပိုမို၍ ညီမျှစွာပါဝင်သည်ကိုတွေ့ရှိရသည်။
ဥပမာအားဖြင့် ယခင်က အမြင့်ဆုံးနေရာတွင်ရှိခဲ့သော စာစောင်တွင် အမျိုးသမီး နာမည်ပါဝင်မှု ၄၂ ရာခိုင်နှုန်းရှိသည်။ အကြောင်းအရာမတူသည့် သတင်း ဆောင်းပါးများတွင် ဆန်းစစ်လေ့လာရာ၌ ကျား/မ ညီမျှစွာပါဝင်မှုသည် အကြောင်းအရာကိုလိုက်၍ ကွဲပြားမှုရှိသည်ကို ပို၍အထင်အရှားတွေ့ရသည်။ ပညာရေးကဏ္ဍဆိုင်ရာ သတင်းဆောင်းပါး ၃၀,၀၀၀ ခန့်တွင် အမျိုးသမီးအမည် ပါရှိမှုမှာ ၄၇ ရာခိုင်နှုန်းရှိပြီး “ဘေးအန္တရာယ်၊ အရေးပေါ်အခြေအနေများနှင့် မတော်တဆဖြစ်ရပ်များ” တွင်မူ အမျိုးသမီးအမည်ပါရှိမှုမှာ ၂၁ ရာခိုင်နှုန်း သာရှိသည်။ လူမှုအသိုက်အဝန်းများ၊ မိသားစုများနှင့် လူမှုဖူလုံရေးဆိုင်ရာများကို ရေးသားသည့် လူမှုရေးကဏ္ဍ သတင်းဆောင်းပါးများတွင်သာ အမျိုးသမီးအမည်များ အများဆုံးပါဝင်ကြသည်။
ကျား/မ ပါဝင်မှုမညီမျှခြင်းမှာ လုပ်ပိုင်ခွင့်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် အမျိုးသမီး၊ အမျိုးသားများကို မိမိအလိုကျနေရာချခန့်ထားခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ထို့အပြင် ထိုသို့ အချိုးအစားမတူညီခြင်းမှာ မိမိအင်တာဗျူးလို သူများကိုသာ ရွေးချယ်တွေ့ဆုံလေ့ရှိသော ဂျာနယ်လစ်များ၏ ကျား/မဆိုင်ရာ ဘက်လိုက် ရွေးချယ်မှုကြောင့်လည်း ဖြစ်နိုင်သည်။
နောင်ပြုလုပ်မည့်အစီအစဉ်များတွင် အေမီဒီယာမှ ဂျာနယ်လစ်များနှင့် အယ်ဒီတာများကို ကျား/မ ညီမျှစွာပါဝင်မှုနှင့် ပတ်သက်သော အချက်အလက်များကို အသုံးပြုရန်ကမ်းလှမ်းထားသည်။ လက်တွေ့လောကရှိ စာဖတ်သူများထဲတွင် ကျား/မ ကွာဟချက်ရှိသည်ကို အသိပေးထားသော အထူးပြုစုထားသည့် အချက်အလက်များကို တစ်ချို့အယ်ဒီတာအဖွဲများက အသုံးပြုနေပြီဖြစ်သည်။
See AMEDIA. AMEDIA )
ကျား/မ ညီမျှစွာပါဝင်မှုကို ခြေရာခံစစ်ဆေးနိုင်သည့် အဖွဲ့အစည်းများ
BBC 50:50 UK, Global
ဘီဘီစီသတင်းဌာနသည် ကျား/မ အချိုးအစား ၅ဝး၅၀ ဖြစ်နေစေရေး စိန်ခေါ် ချက်များ၏ သက်ရောက်မှုရလဒ်များကို နှစ်စဉ်ထုတ်ပြန်သည်။ ဘီဘီစီမှ အစီအစဉ်တင်ဆက်သူ ရို့စ်အက်တကင်က ၎င်းတာဝန်ယူတင်ဆက်နေသည့် Outside Source အမည်ရှိရုပ်သံအစီအစဉ်တွင် သတင်းရင်းမြစ်အဖြစ် အသုံးပြုသူများထဲ၌ ကျား/မ ညီမျှစွာပါဝင်မှုပိုမိုကောင်းမွန်လာစေရန် ၂၀၁၆ ခုနှစ်နှောင်း ပိုင်းတွင်စတင်စမ်းသပ်ခဲ့သည်။ အက်တကင်နှင့် ၎င်း၏အဖွဲ့သည် ထုတ်လွှင့်မှုတစ်ခုချင်းစီတွင်ပါဝင်သူများ၊ ထုတ်လွှင့်သည့် အကြောင်းအရာအမျိုးအစားနှင့် အမျိုးသမီးများပါဝင်မှုနည်းသည့် ဇာတ်လမ်းများနှင့်ပတ်သက်၍ အချက်အလက် များ ကောက်ယူခဲ့ကာ အရည်အချင်းမြင့်မားသည့် အမျိုးသမီးများကို သတင်းရင်းမြစ်အဖြစ် ထည့်သွင်းကာ ၎င်းတို့ဆက်သွယ်ရမည့် ကွန်ယက်ကိုချဲ့ထွင်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ခြင်းကြောင့်သတ်မှတ်လများအတွင်း အဆိုပါပရိုဂရမ်တွင် အမျိုးသမီးသတင်းရင်းမြစ်ပါဝင်မှုမှာ လေးလကြာကာလအတွင်း ယခင် ၂၉ ရာခိုင်နှုန်းရှိရာမှ ၅၁ ရာခိုင်နှုန်းသို့မြင့်တက်လာခဲ့သည်။
ထို့အပြင် ဘီဘီစီ၏ ထုတ်လွှင့်မှုအစီအစဉ်များမှာ နှစ်နှစ်အတွင်း အဆင့်သတ် မှတ်ချက် ၂ ရာခိုင်နှုန်း လျော့ကျသွားခဲ့သော်လည်း Outside Source အစီအစဉ်၏ အဆင့်သတ်မှတ်ချက်မှာမူ ၂၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ထိုအချိန်မှစ၍ ဘီဘီစီက ထုတ်လွှင့်နေသော အစီအစဉ် ၅၀၀ ကျော်မှာ ၅ဝး၅၀ ဟုခေါ် တွင်သော ပရိုဂျက်တွင်ပါဝင်လာခဲ့တော့သည်။ 50:50 ထို့အပြင် အဆိုပါစိတ်ကူးကို အခြားမီဒီယာ ကုမ္ပဏီ ၂၀ ကျော်ကလည်း အတုယူဆောင်ရွက်လာခဲ့သည်။
အဆိုပါ ၅ဝး၅၀ ပရိုဂျက်ကို ဆောင်ရွက်သည့်နည်းစနစ်မှာ အလွန်ပင်ရိုးရှင်းလှသည်။ အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့များသည် ၎င်းတို့အစီအစဉ် သဘောသဘာဝ နှင့် ကိုက်ညီသည့် ချိန်ဆမှုစနစ်ကို အသုံးပြုပြီးအစီအစဉ်အတွက် လိုအပ်သော ကျား/မ ညီမျှစွာ ပါဝင်မှုဆိုင်ရာ အချက်အလက်များကိုလွတ်လပ်စွာကောက်ယူကြသည်။
အဆိုပါအချက်အလက်များကို အစီအစဉ်တွင် ပါဝင်မည့်သူအားလုံးထံ လစဉ်မျှဝေပေးသည်။ အစီအစဉ်များတွင် သတင်း၊ ဂီတမှသည် နိုင်ငံရေးအထိပါဝင်ရာ ထုတ်လွှင့်မည့် အစီအစဉ်တစ်ခုချင်းစီ၏ သဘောသဘာဝနှင့် ကိုက်ညီသည့် ချိန်ဆမှုစနစ်ကိုအသုံးပြုကြသည်။ ဥပမာအားဖြင့် ရုပ်သံအစီအစဉ်တစ်ခုတွင် အသံလွှင့်ဌာနက တာဝန်ချထားသည့် ရုပ်သံတင်ဆက်သူဝန်ထမ်းကို ထည့်သွင်းရေတွက်ခြင်းမပြုဘဲ ထုတ်လုပ်ရေးအဖွဲ့က မည်သည့်သူကိုသာတင်ဆက်ခိုင်းမည်ဟု ရွေးချယ်သည့်အခါတွင်မူ တင်ဆက်သူကိုပါထည့်သွင်းရေတွက်သည်။ နည်းစနစ်တစ်ခုကိုချမှတ်ရာတွင် ဝန်ထမ်းများက ပါဝင်အကြံပြုခွင့်ရှိပါက ၎င်းတို့ သည်ပိုမိုယုံကြည်မှုရှိပြီး၊ မိမိတို့ကောက်ယူခဲ့သည့် အချက်အလက်များကို ပိုမို အသုံးပြုလေ့ရှိကြောင်း အထက်ပါနည်းစနစ်နှင့်ပတ်သက်၍ Atkin ကောက်ချက်ချခဲ့သည်။
အချက်အလက်များ ကောက်ယူစုဆောင်းခြင်းကြောင့် အစီအစဉ်ထုတ်လုပ်ရေး အဖွဲ့များသည် အချက်အလက်များပါ ကိန်းဂဏန်းအရေအတွက်ကို ယုံကြည်မှုရှိ ကြသည်မှန်သော်လည်းအဆိုပါ အချက်အလက်သက်သက်သည် ပရိုဂျက်အဆုံး စွန်ပန်းတိုင်မဟုတ်ပေ။ ထိုမျှမကအဆိုပါ အချက်အလက်များသည် ထုတ်လွှင့်မည့်အစီအစဉ်များတွင် အမျိုးသမီးအရေအတွက် ပါဝင်မှုများပြားလာစေရန် အဖွဲ့ဝင်များအား အပြောင်းအလဲလုပ်လိုစိတ်ကိုလည်း ဖန်တီးပေးသည်။
FINANCIAL TIMES UK, Global
Financial Times (FT) သတင်းစာကလည်း ၎င်းတို့၏ အမျိုးသမီးစာဖတ်ပရိသတ် အရေအတွက်ကို ၂၀၁၆ ခုနှစ်တွင် ပထမဆုံးအကြိမ်တွက်ဆခဲ့ရာ သိသိသာသာ နည်းပါးနေပြီး စိတ်ဝင်စားမှုနည်းပါးကြသည်ကို တွေ့ရှိခဲ့သည်။ အဆိုပါအချက်ကို စိုးရိမ်စရာတစ်ခုအဖြစ်သာမက စီးပွားရေးအခွင့်အလမ်းတစ်ခု အဖြစ်ပါ ရှုမြင်လာသဖြင့် သတင်းစာအပေါ် အမျိုးသမီးစာဖတ်ပရိသတ်၏ အမြင်ကိုပြောင်းလဲရန် ပရောဂျက်အများအပြား ဆောင်ရွက်လာနိုင်သည့်အပြင် အမျိုးသမီးပရိသတ်၏ စိတ်ဝင်တစားဖတ်ရှုမှုပိုရှိလာကာ အဖွဲ့အစည်းအတွင်းတွင်လည်း ဓလေ့စရိုက် ပြောင်းလဲလာခဲ့သည်။ ထိုပရောဂျက်များထဲတွင် JanetBot ပရောဂျက်လည်း ပါဝင်သည်။ ထို JanetBot ပရိုဂျက်မှာ FT တွင်အသုံးပြုသည့် ဓာတ်ပုံများတွင် ပါဝင်သောသူများ၏ မျက်နှာကို ကျား/မ စိစစ်ခွဲခြားပေးသည့် ဆော့ဖ်ဝဲကို အသုံးပြုခြင်းဖြစ်သည်။ အဆိုပါဆော့ဖ်ဝဲက ကျား/မ ခွဲခြားမှုကို မော်နီတာတွင် အရောင်ပါအလံများဖြင့်ပြသကာ အယ်ဒီတာများမြင်နိုင်စေရန် အလျင်အမြန် ဆောင်ရွက်ပေးသည့်အပြင် Slack ချင်နယ်မှတစ်ဆင့် ကျား/မ ညီမျှစွာပါဝင် မှုဆိုင်ရာ အချက်အလက်များကိုလည်း ဖော်ပြပေးသည်။
အဖွဲ့အစည်းအတွင်းတွင်မူအဆိုပါ JanetBot ပရောဂျက်ကို အသုံးပြုရသည့် ရည်ရွယ်ချက်မှာ ပင်မစာမျက်နှာ၌ဖော်ပြသော ဓာတ်ပုံများတွင် ကျား/မ ပါဝင်မှု မမျှတသည်ကိုယခင်ကထက် သတိထားမိလာစေရန်ဖြစ်ပြီး အမျိုးသမီးများကို အသားပေးရိုက်ကူးသော ဓာတ်ပုံအရေအတွက်ပိုမိုပါဝင်လာအောင် ဂျာနယ်လစ် များအား နှိုးဆော်ရန်လည်းဖြစ်သည်။ အဆိုပါဆော့ဖ်ဝဲသည် FT သတင်းစာ၏ အမျိုးသမီးပရိသတ်များနှင့် အပြန်အလှန် ပိုမိုထိတွေ့ခွင့်ရအောင်လည်း ဆောင်ရွက်ပေးသည်။ အမျိုးသမီးရုပ်ပုံများဖြင့် ဖော်ပြသောသတင်းဆောင်းပါး များကို အမျိုးသမီးများသည် အမျိုးသားများထက် ပိုမိုအာရုံစိုက်ကြည့်ရှုလေ့ရှိ ကြောင်း FT ကပြုလုပ်သည့် ဆန်းစစ်လေ့လာ မှုတွင်တွေ့ရှိခဲ့သည်။ JanetBot ဆော့ဖ်ဝဲကိုအသုံးပြုခြင်းဖြင့် FT သည် လေ့လာမှတ်သားစရာ အများအပြား ရရှိခဲ့သည်။ အဆိုပါဆော့ဖ်ဝဲကို စတင်အသုံးပြုသူများအတွက်မူ စသုံးစဉ်က တည်းက ဒီဇိုင်းပြုလုပ်သုံးစွဲမှုတွင်ပါဝင်ခဲ့ဖူးရန်လိုအပ်သည်။ ထိုဆော့ဖ်ဝဲကို
ရေးသားပြီးသည်နှင့် အသုံးပြုသူများအတွက် အထောက်အကူမပြုသည့် အပိုင်း များကို ဖယ်ထုတ်ရန်မလွယ်ကူသဖြင့် အရင်းအမြစ် အကန့်အသတ်ကြောင့် JanetBot ဆော့ဖ်ဝဲတွင် အထက်ပါကိစ္စကိုဆောင်ရွက်နိုင်ခြင်းမရှိပေ။
အထက်ပါအကြောင်းများကြောင့် JanetBot ဆော့ဖ်ဝဲကို အသုံးပြုသည့် ရည်ရွယ် ချက်မှာယခုအခါ အချက်အလက်ကောက်ယူခြင်းလုပ်ငန်းစဉ် ဆောင်ရွက် ရန်ထက် သတင်းခန်းတွင်အလုပ်လုပ်နေသော ဂျာနယ်လစ်များကို ကျား/မ ညီမျှ စွာပါဝင်မှုရှိစေရေးသတိပိုမိုထားမိစေရန် ဖြစ်လာခဲ့သည်။ ထိုအချက်ကြောင့် ဂျာနယ်လစ်များအား သတင်းဆောင်းပါး စတင်ရေးသားစဉ်ကာလကပင် သတင်း ဓာတ်ပုံအသုံးပြုရာ၌ ကျား/မ ညီမျှစွာပါဝင်မှုကို ထည့်သွင်းစဉ်းစားလာစေခဲ့သည်။ သတင်းစာပါစာရေးသူများတွင် ကျား/မ ပိုမိုညီမျှစွာပါဝင်မှုရှိစေရန် FT သည် အဆိုပါဆော့ဖ်ဝဲကိုပင် အသုံးပြုကာစာရေးသူ ကျား/မ အရေအတွက်ကို ခွဲခြားရန်လည်း စမ်းသပ်လျက်ရှိသည်။
The bot She Said He Said, launched in 2018, keeps track of the gender balance in sources by counting men’s and women’s pronouns and names, sharing data automatically with FT teams. However, encouraging them to look at this data and take action has proved challenging. This has led the FT to explore a manual approach to tracking and improving gender balance instead, having signed up to the BBC’s 50:50 project this year. Although the experiment is still in its early stages, the 50:50 methodology seems to raise awareness of imbalances and engage colleagues more effectively than the automated approaches. (See The Financial Times Deep Dive )
အမျိုးသမီးများကို ပိုမိုထည့်သွင်းနိုင်သည့် အဖွဲ့အစည်းများ
SOUTH CHINA MORNING POST Global
SOUTH CHINA MORNING POST သတင်းဌာန (SCMP ) သည် ကုမ္ပဏီတစ်ခု လုံးတွင်ပြုလုပ်သည့် ပရောဂျက်များထဲတွင် အမျိုးသမီးပရိသတ်ပိုမိုရရှိစေရန် တစိုက်မတ်မတ် ဆောင်ရွက်သည့်အပြင် ထိုသတင်းဌာနမှထုတ်ဝေသည့် စာစောင်တိုင်းတွင် အမျိုးသမီးများကို ပိုမိုထင်သာမြင်သာ တွေ့မြင်ရအောင် ထည့်သွင်းဖော်ပြလာသည်။ အဆိုပါအစီအစဉ်များ ရေးဆွဲအကောင်အထည် ဖော်မှုကို SCMP က ၂၀၁၈ ခုနှစ်တွင် ဆောင်ရွက်သော Hackathon ပရောဂျက် ဆောင်ရွက်ပြီးနောက်ပိုင်းတွင် ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ Hackathon ပရောဂျက်သည် စာဖတ်သူများတွင် ကျား/မ ကွာဟချက်ရှိသည်ကို မီးမောင်းထိုးဖော်ပြထားသည့်အပြင် သတင်းဆောင်းပါးများ၌ အမျိုးသားနှင့် အမျိုးသမီး သတင်းရင်းမြစ် အလွန်အမင်းကွာဟနေကာ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင် ပညာရှင်အမျိုးသမီးသတင်းရင်းမြစ် ရှာရခက်သည်ကိုပါဖော်ပြထားသည်။ အဆို ပါပရိုဂျက်မှ တွေ့ရှိချက်များကိုအခြေခံကာ SCMP သည် လှုပ်ရှားမှုတစ်ရပ်ကို ဆောင်ရွက်ခဲ့သည်။
ထိုလှုပ်ရှားမှုတွင် SCMP သည် စာဖတ်သူများ၊ မိတ်ဖက်သတင်းဌာနများနှင့် ပြင်ပသတင်းရင်းမြစ်များအား ၎င်းတို့ထံ ကျွမ်းကျင်ပညာရှင်အမျိုးသမီးအမည် များကို ၎င်းတို့၏ အွန်လိုင်းပုံစံတစ်ခုမှတစ်ဆင့်ဖော်ပြပေးပါရန် မေတ္တာရပ်ခံခဲ့ သည်။ အဆိုပါ အွန်လိုင်းပုံစံကို တိုက်ရိုက်ဖြန့်ဝေသည့်အပြင် ဆိုရှယ်မီဒီယာနှင့် ၎င်းတို့ သတင်းဌာနကထုတ်ပြန်သော သတင်းလွှာများတွင်လည်းဖော်ပြခဲ့သည်။
To date, the SCMP has received nominations for women with expertise as diverse as nanotechnology, economic empowerment, retail, cloud accounting, gender equality and healthcare. The nominated experts are verified by an internal team and made available to the entire newsroom in a searchable database. With regards to tracking gender balance, the SCMP has taken advice from the BBC’s 50:50 project and uses some of the same metrics and guidelines.
အခြားသတင်းဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် SCMP သည် တန်ဖိုးမဖြတ်နိုင်သော အကြံဉာဏ်များကိုရရှိခဲ့ကာ အခြားအဖွဲ့အစည်းများ ကြုံတွေ့ရသည့် ပြဿနာများကိုရှောင်ရှားနိုင်ရန်လည်း အဆိုပါအကြံဉာဏ်များက အထောက်အကူပြုခဲ့ည်။ “မိမိတို့အတွေ့အကြုံတွေကို မျှဝေပေးလိုတဲ့ အခြားအဖွဲ့တွေထံ ဆက်သွယ်ခဲ့လို့ ရလာတဲ့တုံ့ပြန်မှုတွေကြောင့် ကျွန်မတို့စိတ်ကူး ကောင်းတွေရခဲ့တယ်” ဟု SCMP ၏ ဒီဂျစ်တယ်အယ်ဒီတာ လူရာဝန်းက ပြောကြားခဲ့သည်။
“ဒီလိုနယ်ပယ်မှာ သတင်းဌာနတိုင်းအရင်ကထက် ပိုကောင်းလာအောင်လုပ်နိုင်ပါတယ်။ ဒါကပြိုင်ပွဲဆိုတာမျိုးနဲ့ မဆိုင်ပါဘူး။ အဲဒါက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သတင်းမီဒီယာလောကကို တိုးတက်အောင်ဆောင်ရွက်တာမျိုးသာဖြစ်ပါတယ်။”
BLOOMBERG Global
ဘလွန်းဘတ် (BLOOMBERG) သတင်းဌာနသည်လည်း ၎င်း၏အွန်လိုင်းနှင့် ရုပ်သံထုတ်လွှင့်မှုများတွင် အမျိုးသမီးသတင်းရင်းမြစ်များ ပိုမိုပါဝင်လာစေရန် ဌာနတစ်ခုလုံး အတိုင်းအတာဖြင့် ပြောင်းလဲမှုများကို အခြားသတင်းဌာနများကဲ့သို့ပင် ၂၀၁၈ ခုနှစ်၌ စတင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံပေါင်း ၁၂၀ ရှိ အယ်ဒီတာအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နေသော ဂျာနယ်လစ် ၂,၇၀၀ ဦးနှင့် ဆန်းစစ်လေ့လာသူများအား သတင်းဌာနတစ်ခုလုံးက အသုံးပြုနိုင်သည့် ဒေတာဘေ့စ်ထဲတွင်ထည့်သွင်းနိုင်ရန် ၎င်းတို့ဆက်သွယ်ဆောင်ရွက်ရာ နယ်ပယ်ရှိ အမျိုးသမီးကျွမ်းကျင်ပညာရှင်များနှင့် ရင်းနှီးကျွမ်းဝင်လာအောင် ဆောင်ရွက်စေခဲ့သည်။ ဘလွန်းဘတ် သတင်းဌာနသည် ၂၀၁၈ ခုနှစ် အစောပိုင်းကာလများ၌ အမျိုးသမီးအမည် ၅၀၀ ခန့်ကို ဖော်ပြနေရာမှ ယခုအခါ အမည်ပေါင်း ၂,၃၀၀ ကျော်ထိဖော်ပြလာပြီဖြစ်သည်။ မီဒီယာနှင့် ဆက်သွယ်ပြောကြားရန် ၎င်းတို့၏ အလုပ်ရှင်အသီးသီးထံမှ ခွင့်ပြုချက်ရထားသော အမျိုးသမီးအရေအတွက်များပြားလာစေရန်နှင့် အဆိုပါအမျိုးသမီးများအား မီဒီယာသင်တန်းများပေးရန်ကိုလည်း ဘလွန်းဘတ်သတင်းဌာန ၎င်းတို့၏ NEW VOICES ပရိုဂျက်မှတစ်ဆင့်ကြိုးစားလျက်ရှိသည်။ ထိုပရိုဂျက်ကို တစိတ်တစ်ဒေသ အကောင်အထည်ဖော်သည့်အနေဖြင့် ဘလွန်းဘတ်သတင်းဌာနသည် ရာထူးကြီးသည့်အမျိုးသမီးများ နှင့် ထိပ်တန်းငွေရေးကြေးရေး ကုမ္ပဏီများမှ အမှုဆောင်အမျိုးသမီး အသီးသီးကို မီဒီယာနှင့် ဆက်သွယ်ရေးသင်တန်းများပေးရန် ကမ်းလှမ်းသည့်အပြင် အဆိုပါ သင်တန်းများအတွက် ကုန်ကျစရိတ်ကိုလည်း ကျခံပေးလျက်ရှိသည်။
အဆိုပါအစီအစဉ်ကို ဆောင်ရွက်လျက်ရှိသည့် နယူးယောက်၊ ဆန်ဖရန်ဆစ်စကို၊ တိုရန်တို၊ လန်ဒန်၊ ဒူဘိုင်း၊ မွန်ဘိုင်း၊ ဟောင်ကောင်နှင့် ဆစ်ဒနီမြို့များတွင် အမျိုးသမီးအမှုဆောင် ၁၂ ဦး အတွက် သင်တန်းစရိတ်များကို ၂၀၁၉ ခုနှစ်တွင် ဘလွန်းဘတ်သတင်းဌာနကကျခံခဲ့သည်။
Ringier Group, ဆွစ်ဇာလန်နိုင်ငံ
ရိန်းဂျားဂရု (Ringier Group) သတင်းဌာနသည် EqualVoice အမည်ရှိပရောဂျက်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မိမိကုမ္ပဏီအတွင်း၌ အရေးကြီးလုပ်ငန်းစဉ်အဖြစ်စတင်ဆောင်ရွက်ခဲ့သည်။ ရိန်းဂျားမီဒီယာ၏ သတင်းဆောင်းပါးခေါင်းစဉ်များတွင် ဖော်ပြသော အမျိုးသားနှင့် အမျိုးသမီး အချိုးအစားဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ပေးသည့် EqualVoice Factor ခေါ် ရေတွက်ဖော်ပြသည့်ဆော့ဖ်ဝဲမှာ ထိုပရိုဂျက်တွင် အဓိကအသုံးပြုသောနည်းလမ်းပင်ဖြစ်သည်။
အဆိုပါပရိုဂျက်မှာ ကျား/မ ပါဝင်မှုအချိုးအစားကို ခွဲခြားရေတွက်ပေးရုံသက်သက် မဟုတ်ဘဲ အခမ်းအနားများကျင်းပခြင်း၊ အထူးထုတ်မဂ္ဂဇင်းတစ်စောင် ထုတ်ဝေခြင်းနှင့် ကျား/မ အချိုးအစားညီမျှမှုကို အလေးပေးသော အွန်လိုင်း ချန်နယ်များ (ခေါင်းစဉ်အားလုံးတွင်) ထုတ်လွှင့်ခြင်းစသည့်အစီအစဉ်များကိုပါထည့်သွင်းထားသည်။ သတင်းဌာနတစ်ခုလုံး အသုံးပြုနိုင်သည့် အမျိုးသမီးကျွမ်းကျင်ပညာရှင်များ စာရင်းကိုလည်းလက်ရှိတွင်ပြုစုလျက်ရှိပြီးလုပ်ငန်းနယ်ပယ်များတွင် အမျိုးသားများနှင့် အမျိုးသမီးများ၏ အမှန်တကယ်အခြေအနေများကို ဖော်ပြသည့်ဓာတ်ပုံများကို နိုင်ငံတစ်ဝန်းတွင်ရိုက်ကူးကာ အဆိုပါဓာတ်ပုံများဖြင့် ဒေတာဘေ့စ်တစ်ခုတည်ဆောက်ရန်လည်းနှိုးဆော်ထားသည်။
ရိန်းဂျားသတင်းဌာန၏ ထုတ်ဝေသူ မိုက်ကယ်ရိန်းဂျား နှင့် စီအီးအို ဖြစ်သူ မတ်ဝယ်ဒါတို့ကအဆိုပါ EqualVoice ပရောဂျက်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ရိန်းဂျားဂရုအမှုဆောင်အဖွဲ့နှင့် အကြံပေးအဖွဲ့တို့က အထောက်အကူများပေးလျက်ရှိသည်။
စိတ်ဝင်စားဖွယ်သတင်းဆောင်းပါးများဖြင့် အမျိုးသမီးပရိသတ်အများအပြားရယူနိုင်ခဲ့သည့်သတင်းစာများ
FINANCIAL TIMES UK, Global
ကျား/မ ညီမျှစွာပါဝင်ရေးကို မျက်ချည်မပြတ်ဆောင်ရွက်ပြီး ထိုကိစ္စနှင့် ပတ်သက်၍လည်းအဖွဲ့အစည်းတွင်း သိနားလည်မှုကိုမြှင့်တင်ပေးသည့်အပြင် FT သည် အမျိုးသမီးပရိသတ်များ ပိုမိုစိတ်ဝင်တစားအာရုံစိုက်မှုရှိလာစေရန် သတင်းဆောင်းပါးများတွင်လည်း စမ်းသပ်ပြောင်းလဲမှုအများအပြား ဆောင်ရွက်ခဲ့သည်။ အမျိုးသမီးစာဖတ်သူများက ၎င်းတို့စိတ်ဝင်စားနှစ်သက်သည်ဟုဆိုသော တင်ပြပုံနှင့် အကြောင်းအရာများပါဝင်သည့် သတင်းဆောင်းပါးများထည့်သွင်းထားသည့် Long Story Short ဟု အမည်ပေးထားသောသတင်းလွှာဖြင့်လည်း FT က အမျိုးသမီးပရိသတ်ကို ဦးတည်ဆွဲဆောင်ခဲ့သည်။ အလုပ်များသည့်အမျိုးသမီးများအတွက် စိတ်ဝင်စားစရာဖြစ်အောင် ဖန်တီးထားသော အဆိုပါသတင်းလွှာတွင် ထင်ရှားသည့်သတင်းဆောင်းပါးများနှင့် ဖတ်စရာအကောင်းဆုံး အကြောင်းအရာများကို ထည့်သွင်းထားကာ ထိုသတင်းလွှာကို သောကြာနေ့တိုင်း အီးမေးလ် ဖြင့်ပေးပို့ခဲ့သည်။
အဆိုပါသတင်းလွှာ၏ အဆင်အပြင်များမှာလည်း FT၏ ပင်တိုင်ထုတ်သတင်းစာ အဆင်အပြင်နှင့် ကွာခြားသည့်အပြင် အသွင်ကွဲလိုဂို အမှတ်အသားနှင့် အရောင် တို့ကိုအသုံးပြုထားသည်။ သတင်းလွှာတွင်အသုံးပြုသော ဓာတ်ပုံတွင်ပါဝင်သော သူများမှာလည်း အလွှာစုံမှဖြစ်သည်။ သို့ရာတွင် အဆိုပါသတင်းလွှာကို အမျိုးသမီးများအတွက် ရည်ရွယ်သောစာစောင်အဖြစ် အထင်အရှားဖော်ပြထားခြင်း မရှိသော်လည်း အမျိုးသမီးပရိသတ်အတွင်း အောင်မြင်မှုရရှိနေသည့်အပြင် အမျိုးသားပရိသတ်ကလည်း စိတ်ဝင်စားမှုရှိကြသည်။ အဆိုပါသတင်းလွှာမှာ FT ပင်မသတင်းစာထက် အမျိုးသမီးပရိသတ်ပိုများပြီး သတင်းဆောင်းပါးများကိုဖွင့် ဖတ်သည့် နှုန်းမှာ ၃.၅ ရာခိုင်နှုန်းနှင့် အပေါ်ယံသဘော ကြည့်ရှုသည့်နှုန်းမှာ ၁.၈ ရာခိုင်နှုန်း အသီးသီးမြင့်တက်လာခဲ့ကြောင်း ၂၀၁၉ ခုနှစ်၊ တတိယသုံးလပတ် တွင် ကောက်ယူရရှိသည့် အချက်အလက်များအရသိရသည်။
SOUTH CHINA MORNING POST Global
အမျိုးသမီးများအတွက်ရည်ရွယ်သည့် သတင်းဆောင်းပါးများ တင်ပြနိုင်ရေးကို ဦးတည်သည့် အခြားပရိုဂျက်တစ်ရပ်လည်း SCMP ၏ HACKATHON ပရောဂျက် ကိုအမှီပြုကာ ပေါ်ထွက်လာခဲ့သည်။ ထိုပရောဂျက်တွင် HACKATHON ပရောဂျက်ကို တမူထူးသည့်နည်းလမ်းများဖြင့် ဖြန့်ချိချပြရန်အပြင် အွန်လိုင်း ပလက်ဖောင်းအမျိုးမျိုးတွင် ထိုပရောဂျက်အားစိတ်ဝင်စားသည့် စာဖတ်သူများ ရရှိရေးအတွက်ဆောင်ရွက်ရန်တို့ပါဝင်လာသည်။ ယခင်လတွင် SCMP က LUNAR အမည်ရှိ စာစောင်ကို စတင်ထုတ်ဝေခဲ့သည်။ ထိုစာစောင်တွင် သတင်း ခန်းမမှရရှိသည့် သတင်းမှန်များ၊ အင်တာဗျူးများအပြင် အမျိုးသမီးပရိသတ် အတွက် အမျိုးသမီးဂျာနယ်လစ်များက ထဲထဲဝင်ဝင် လေ့လာသုံးသပ်တင်ပြ ထားသည့် သတင်းဆောင်းပါးများပါဝင်သည်။
အဆိုပါ Lunar စာစောင်နှင့် ကိုက်ညီသော သတင်းဆောင်းပါးများအတွက် စိတ်ကူးစိတ်သန်းများထုတ်ကြရန် SCMP ၏ ကျား/မ ညီမျှစွာပါဝင်ရေးအတွက် ဌာနချင်းပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းနှင့်အညီ Luna အယ်ဒီတာအဖွဲ့ တာဝန်ခံကလည်း သတင်းခန်းမဝန်ထမ်းများအားတိုက်တွန်းခဲ့သည်။ အဆိုပါ သတင်းဆောင်းပါးများကိုလည်း အမျိုးသမီးပရိသတ် စိတ်ဝင်စားမှုမြင့်မားလာ စေသည့်တင်ပြပုံများဖြင့် ရေးသားကြရန်လည်းတိုက်တွန်းထားသည်။
အမျိုးသမီးပရိသတ်များ ကြိုက်နှစ်သက်သည့် သတင်းဆောင်းပါး အမျိုးအစားများကိုသိရှိနိုင်ရန် SCMP က ပရိသတ်အကြိုက် လေ့လာရေးသုတေသနကိုလည်း ဆောင်ရွက်ခဲ့သည်။ ပညာရေး၊ ကျား/မ တန်းတူညီမျှရေးနှင့် ဓလေ့ထုံးတမ်းများ အပါအဝင် လူမှုရုပ်ပုံအစုံစုံကို ကျယ်ကျယ်ပြန့်ပြန့်တင်ပြသည့် လူမှုပေါင်းသင်း ဆက်ဆံရေး၊ ဒေသတွင်းသတင်းနှင့် လူမှုဘဝဆိုင်ရာကဏ္ဍများကို အမျိုးသမီး ပရိသတ်က ပိုမိုကြိုက်နှစ်သက်ကြောင်းတွေ့ရှိခဲ့သည်။ “အမျိုးသမီးတွေဟာ နယ်ပယ်ကဏ္ဍစုံက အကြောင်းအရာတွေကိုနှစ်သက်ကြပါတယ်။ ဒီလိုအခြေ အနေကို ကျွန်မတို့အကန့်အသတ်မထားသလို ကျွန်မတို့တင်ပြနေတဲ့ ကဏ္ဍတွေကိုလည်းလျှော့မပစ်ပါဘူး။ အမျိုးသမီးတွေအကြောင်း ဇောင်းပေးတင်ပြတဲ့ သတင်းဆောင်းပါးတွေကိုပဲ တင်ပြလိုတာမဟုတ်ပါဘူး။ အဲဒီ သတင်းဆောင်းပါး တွေကိုအမျိုးသမီးတွေက စိတ်ဝင်စားမှုရှိတဲ့အပြင် သူတို့အတွက် အကျိုးသက် ရောက်မှုရှိစေရပါမယ်။ ကျွန်မတို့ ဒီလိုသတ်မှတ်ချက်မျိုးချထားတာကို ဂုဏ်ယူမိပါတယ်” ဟု ဝါနီက ပြောကြားခဲ့သည်။
See The Financial Times Deep dive.
(P. 32)
LUSAKA SUN Zambia
ဇမ်ဘီယာနိုင်ငံတွင် ထုတ်ဝေသည့် လူစကာဆန်း (LUSAKA SUN) သတင်းစာသည်လည်း အမျိုးသမီးပရိသတ်ကိုဦးတည်သည့် သတင်းဆောင်းပါးများကို အဓိကထားဖော်ပြသည်။ နိုင်ငံတွင်းရှိ ဝင်ငွေနည်းလူတန်းစား ပရိသတ်အတွက် ရည်ရွယ်သည့် အဆိုပါ သတင်းစာကို ဒေးလီးနေရှင် (DAILY NATION) သတင်းစာ က ယခုနှစ် ဇန်နဝါရီလတွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ဇမ်ဘီယာနိုင်ငံရှိ သတင်းမီဒီယာများတွင် နိုင်ငံရေးဆိုင်ရာအကြောင်းအရာများကိုသာ ဦးစားပေးဖော်ပြလေ့ရှိရာ လူစကာဆန်း သတင်းစာ၌မူ လူမှုဘဝအကြောင်းအရာများ၊ တရားမျှတ ခြင်းမရှိသည့် ကိစ္စရပ်များနှင့် ကုန်သွယ်ရေး ဆိုင်ရာအကြောင်းအရာများကို အသားပေးဖော်ပြကြောင်း ဒေးလီးနေရှင်၏ အမှုဆောင်အယ်ဒီတာမေရီမက်ဝေး က ပြောကြားခဲ့သည်။
အဆိုပါသတင်းစာ၏ ဝန်ထမ်း ၇၀ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်ပြီး အဓိကစာဖတ်ပရိသတ်မှာ ကုန်သည်များဖြစ်သည်။ ယင်းတို့ထဲတွင်အများစုမှာ အမျိုးသမီးစီးပွားရေးသမားများဖြစ်သည်။ အမျိုးသမီးဝန်ထမ်းအများစုရှိနေစေ ရန်ရည်ရွယ်ချက်ရှိရှိ ခန့်ထားခြင်းလည်းဖြစ်သည်။ “ကျွန်မတို့ဦးတည်တဲ့ အကြောင်းအရာနယ်ပယ်တွေမှာ ဖြစ်ပျက်နေတာတွေကို အမျိုးသမီးတွေကပို စာနာတတ်တယ်လို့ ကျွန်မခံစားမိပါတယ်။ ဥပမာအားဖြင့် ပြောရရင်သူတို့က အခြားအမျိုးသမီးတွေကို အိမ်ခြံဝင်း ဒါမှမဟုတ် စျေးတွေမှာစကားလွယ်လွယ်ပြောနိုင်တယ်။ ဒါ့အပြင် ရင်ဖွင့်ပြောပြလိုသူတွေက သူတို့ကြုံတွေ့ခံစားနေရပုံ၊ ရုန်းကန်လှုပ်ရှားရပုံအပြင် အဲဒီအခက်အခဲတွေကို ပြေလည်အောင်သူတို့ဘယ်လို ရင်ဆိုင်ဖြေရှင်းနေရတယ်ဆိုတာကိုပါ ပြောနိုင်တယ်” ဟု မေရီမက်ဝေးက ပြော ကြားခဲ့သည်။
ကျား/မ အချိုးအစားညီမျှမှု ပိုမိုတိုးတက်လာစေရေးကို ရည်ရွယ်သည့် လူစကာဆန်းသတင်းစာ၏ မူဝါဒကို တစ်စိတ်တစ်ဒေသ အကောင်အထည် ဖော်သည့်အနေဖြင့် အမျိုးသမီးတစ်ဦးအကြောင်းကို ပုံဖော်ရေးသားသည့်အပြုသဘောဆောင်ကာ စိတ်ကူးသစ်ရရှိစေသည့် သတင်းဆောင်းပါးအနည်းဆုံး တစ်ပုဒ်ကိုအပတ်စဉ်ဖော်ပြသည်။ ထိုသို့အစီအစဉ်ကြောင့် အမျိုးသမီးပရိသတ်နှင့် အဆင်ချောသည့်ဆက်ဆံရေးများရှိလာသည့်အပြင် အမျိုးသမီးအများအပြား ကလည်း ၎င်းတို့ကြုံတွေ့ခံစားနေရသည်များကို သတင်းစာတိုက်သို့ ဆက်သွယ်ပြောကြားလာခဲ့သည်။ အမျိုးသမီးများ ထိုသို့ဆက်သွယ်ပါဝင်လာစေရန် အားပေး အားမြှောက်ပြုလုပ်သည့်အနေဖြင့် လူစကာဆန်းသတင်းစာသည် ထိုအမျိုးသမီး များက ၎င်းတို့ကြုံတွေ့နေရပုံနှင့် ဓာတ်ပုံများ၊ နောင်တွင် ဆက်သွယ်နိုင်သည့် ၎င်းတို့၏လိပ်စာများကို အွန်လိုင်းမှပေးပို့နိုင်သော ကဏ္ဍတစ်ရပ်ကိုဖွင့်လှစ်ခဲ့သည်။ လက်ရှိတည်ဆောက်ဆဲဖြစ်သော ဝက်ဘ်ဆိုက်နှင့် အီးပေပါစာစောင်တို့အပြင် လူစကာဆန်းသတင်းစာသည်ပါဝင်သည့် သတင်းဆောင်းပါးများကို ပရိသတ်များ အလွယ်တကူဝင်ရောက်ဖတ်ရှုနိုင်ရန် မိုဘိုင်းပလက်ဖောင်းတစ်ခုကိုလည်းတည်ဆောက်လျက်ရှိသည်။
ARA Spain
ကျား/မ ရေးရာအကြောင်းအရာများကို အလေးပေးတင်ပြသည့် သတင်းဆောင်းပါးများကို ဖန်တီးဖြန့်ချိနိုင်စေရန် ကက်တာလန်ဘာသာစကားဖြင့် ရေးသားသည့် အေအာအေ (ARA) သတင်းစာမှ ဂျာနယ်လစ်သုံးဦးသည် အေအာအေ ဖီမီနီဆင်မီ (ARA FEMINISMES) အစီအစဉ်တစ်ရပ်ကိုစတင် ဆောင်ရွက်နေသည်။ လက်ရှိတင်ဆက်နေသည့် ကျား/မ ညီမျှစွာပါဝင်သည့် သတင်းဆောင်းပါးများအတွက် ပရိသတ်ပိုမိုရရှိလိုသောကြောင့် ထိုအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သော လာရာဘိုနီလာ၊ မာတာ ရိုဒီဂုဇ် နှင့် သိဇ်ဂူတီရာ့ဇ် အမည်ရှိ ဂျာနယ်လစ်သုံးဦးသည် မတ်လ ၈ ရက်နေ့တွင်ကျရောက်မည့် ၂၀၁၉ ခုနှစ်၊ နိုင်ငံတကာအမျိုးသမီးများနေ့တွင် ပရိသတ်အားစတင်ချပြနိုင်ရန် ထိုနေ့မတိုင်မီ အကြိုလများမှစတင်ကာ လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့သည်။
လက်ရှိတင်ဆက်နေသည့် ကျား/မ ညီမျှစွာပါဝင်သည့် သတင်းဆောင်းပါးများအတွက် ပရိသတ်ပိုမိုရရှိလိုသောကြောင့် ထိုအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သော လာရာဘိုနီလာ၊ မာတာ ရိုဒီဂုဇ် နှင့် သိဇ်ဂူတီရာ့ဇ် အမည်ရှိ ဂျာနယ်လစ်သုံးဦးသည် မတ်လ ၈ ရက်နေ့တွင်ကျရောက်မည့် ၂၀၁၉ ခုနှစ်၊ နိုင်ငံတကာအမျိုးသမီးများနေ့တွင် ပရိသတ်အားစတင်ချပြနိုင်ရန် ထိုနေ့ မတိုင်မီ အကြိုလများမှစတင်ကာ လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့သည်။
ယခုအခါတွင် အေအာအေ ဖီမီနီဆင်မီ အစီအစဉ်က၎င်းတို့၏ သတင်းဆောင်းပါး များကို ARA ဝက်ဘ်ဆိုက်၊ အပတ်စဉ်သတင်းလွှာတို့အပြင် တွစ်တာ(Twitter) နှင့် ဖေ့စ်ဘုတ်ပေ့ချ်တို့တွင်လည်း အစဉ်တစိုက်ဖော်ပြလျက်ရှိသည်။ အဆိုပါအစီ အစဉ်၏ တွစ်တာနှင့် ဖေ့စ်ဘုတ်ပေ့ချ်တို့တွင် ပရိသတ် ၃,၅၀၀ နှင့် ၇,၅၀၀ အသီးသီးစီရှိကြသည်။ ဤသို့အစပျိုး အားထုတ်ဆောင်ရွက်မှုကို စီမံခန့်ခွဲမှုအဖွဲ့ နှင့် အစီအစဉ်ကိုစတင်ခဲ့သည့် ဂျာနယ်လစ်သုံးဦးတို့က အထောက်အကူပြု လျက်ရှိသည်။ အဆိုပါ ဂျာနယ်လစ်သုံးဦးသည် မိမိတို့၏ ပင်မတာဝန်များကို ထမ်းဆောင်ရင်း အဆိုပါအစီအစဉ်ကိုလည်း ဦးဆောင်လျက်ရှိသည့်အပြင် လုပ်ဖော်ကိုင်ဖက်များကိုလည်း ကျား/မ ညီမျှစွာပါဝင်သည့် သတင်းဆောင်းပါး ရေးနည်းများကို အကြံပြုလျက်ရှိသည်။
အေအာအေ ဖီမီနီဆင်မီ ပရိုဂျက်နှင့် ကိုက်ညီသည့် သတင်းဆောင်းပါးများ ရေးသားပေးရန်လည်း ၎င်းတို့ကတိုက်တွန်းထားသေးသည်။ ထိုပရောဂျက်ကို တစ်စိတ်တစ်ဒေသ အထောက်အကူရရှိစေရန် အမျိုးသမီးများထံမှ သတင်း အချက်အလက် များရရှိရေးအတွက်လည်း ဝက်ဘ်ဆိုက်မှတစ်ဆင့် အကြိမ်ကြိမ် နှိုးဆော်ခဲ့သည်။ ထိုသို့ဆောင်ရွက်ချက်များကြောင့် ကလေးမွေးဖွားပြီးစ အမျိုးသမီးများကြုံတွေ့နေရသည့် ပြဿနာများကိုတင်ပြသည့် လူအများ စိတ်ဝင်တစားရှိသော သတင်းဆောင်းပါးတစ်ပုဒ်ကို ရေးသားတင်ပြနိုင်ခဲ့သည်။ ထိုဆောင်းပါးကြောင့် သမားရိုးကျထုတ်ဝေနေသည့် သတင်းစာများတွင် ဖော်ပြခဲ သည့် အကြောင်းအရာတစ်ခုနှင့် ပတ်သက်၍ အဆိုပါအမျိုးသမီးများသည် ၎င်းတို့၏အမြင်နှင့် ခံစားမှုများကိုအများပြည်သူသိအောင် တင်ပြခွင့်ရရှိခဲ့သည်။
အမျိုးသမီးကျွမ်းကျင်ပညာရှင်များသည် ၎င်းတို့၏ကျွမ်းကျင်မှု အတိုင်းအဆ မည်မျှရှိသည်ဖြစ်စေ၊ အမျိုးသားကျွမ်းကျင်ပညာရှင်များနှင့် နှိုင်းယှဉ်လျှင် မီဒီယာ နှင့်တွေ့ဆုံပြောကြားရန် ဝန်လေးသည်ကို လေ့လာတွေ့ရှိရသဖြင့် သတင်းခန်းမ ရှိသူအားလုံးအသုံးပြုနိုင်သည့် ဒေတာဘေ့စ်ထဲတွင် အမျိုးသမီးကျွမ်းကျင် ပညာရှင်များစာရင်းကိုပါ ထည့်သွင်းထားခဲ့သည်။ ကုမ္ပဏီတစ်ခု လုံးအတိုင်း အတာဖြင့်ပြုလုပ်သော အခြားအစီအစဉ်တစ်ရပ်အနေဖြင့် သတင်းခန်းမတွင်းနှင့် သတင်းစာပါ အကြောင်းအရာများတွင် ကျား/မ ညီမျှစွာပါဝင်ခြင်း စိစစ်မှု တစ်ရပ်ကို အခြားကုမ္ပဏီတစ်ခုအား ငှားရမ်းလုပ်ကိုင်စေခဲ့သည်။
FINANCIAL TIMES သတင်းစာ၏ နက်နက်နဲနဲ ဆန်းစစ်လေ့လာမှု
FINANCIAL TIMES သတင်းစာ၏ ပရိသတ်စိတ်ဝင်စားမှုဖော်ဆောင်ရေးဆိုင်ရာ ဒီဂျစ်တယ်အယ်ဒီတာ ကီးစ်ဝဟင်နဆီရေးသားသည်။
ဖနယ်ချယ်တိုင်းမ်သတင်းစာက အမျိုးသမီးစာဖတ်သူ တိုးတက်စေရေး ပရောဂျက်များ ဆောင်ရွက်ရသည့်အကြောင်းရင်း
The Financial Times (FT) ၏ ကျား/မ စာဖတ်သူများဆိုင်ရာပရောဂျက်များကို အချက်အလက်များအသုံးပြုကာ စတင်ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့ခြင်းကြောင့် အမျိုးသမီးစာဖတ်ပရိသတ်အကြိုက်ကို နားလည်သဘောပေါက်စေရန်နှင့်ယင်းတို့ကို ဖြည့်ဆည်းပေးနိုင်ရန်ဆောင်ရွက်ရာတွင် အထူးအထောက်အကူပြုခဲ့သည်။
ပထမဆုံးအနေဖြင့် ကျွန်မတို့သည် ၂၀၁၆ ခုနှစ်တွင် အထောက်အထားအခြေပြု ကျား/မ အချက်အလက်ဆိုင်ရာ နည်းလမ်းတစ်ခုကိုအသုံးပြုကာ အမျိုးသမီး စာဖတ်ပရိသတ်ပမာဏကို သတ်မှတ်နိုင်ခဲ့ကြသည်။ တွေ့ရှိချက်များအရ အမျိုးသမီးစာဖတ် ပရိသတ်ပမာဏမှာ သိသိသာသာ နည်းပါးနေသည့်အပြင် စိတ်ဝင်စားမှုလည်း သိပ်မရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ အဆိုပါအချက်ကို စိုးရိမ်စရာအဖြစ်ရော စီးပွားရေးအခွင့်အလမ်းအဖြစ်ပါကျွန်မတို့ရှုမြင်ခဲ့ကြသည်။
အမျိုးသမီးစာဖတ်ပရိသတ်က FT (ဥပမာအားဖြင့် FT ကို အမျိုးသားများအတွက် ရည်ရွယ်သောသတင်းစာဟု သတ်မှတ်ကြောင်း အမျိုးသမီးစာဖတ်ပရိသတ်က ပြောကြားခဲ့သည်။) ကို စိတ်မဝင်စားရသည့် အကြောင်းရင်းများနှင့် ထိုအခြေ အနေကိုပြောင်းလဲရန် ကျွန်မတို့မည်သို့ ကြိုးစားနိုင်သည်ကို ထပ်မံပြုလုပ်သော သုတေသနအရနားလည်လာသည်။ အထောက်အထားအခြေပြု ကျား/မ အချက် အလက်ဆိုင်ရာနည်းလမ်းကို အသုံးပြုခြင်းကြောင့် အမျိုးသမီးများဖတ်လေ့ရှိ သော သတင်းဆောင်းပါးများနှင့် အမျိုးသမီးစာဖတ်ပရိသတ်အကြိုက်တို့ကို ပိုမို နားလည်လာခဲ့သည်။
ပရိသတ်စိတ်ဝင်စားမှုဖော်ဆောင်ရေး ဒီဂျစ်တယ်အယ်ဒီတာ (Digital Editor for Audience Engagement)၏ လုပ်ငန်းတာဝန်တွင် ပန်းတိုင်ကြီးနှစ်ရပ်ပါဝင်သော ပရောဂျက်များကို ချမှတ်ဆောင်ရွက်စေခဲ့သည်။
၁။ အဖွဲ့အစည်းပြင်ပ။ ။ FT အား လပေး၊ နှစ်ပေး မှာယူ ဖတ်ရှုသည့် အမျိုးသမီးပရိသတ်၏ FT အပေါ်ရှုမြင်ပုံကိုပြောင်းလဲကာ ရေရှည်တွင်၎င်းတို့ ပိုမိုစိတ်ဝင်စားကာ မလွတ်တမ်းဖတ်လိုစိတ်ရှိလာအောင် ဖန်တီးပေးရန်။
၂။ အဖွဲ့အစည်းတွင်း။ ။
(က) အမျိုးသမီးစာဖတ်ပရိသတ် ဖတ်ရှုတတ်သည်များကို ပိုမိုနားလည်အောင် ဆောင်ရွက်ရန်
(ခ) အမျိုးသမီးစာဖတ်ပရိသတ်အကြိုက်ကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရန်လုပ်ဖော်ကိုင်ဖက်များအကြား လုပ်ငန်းဆိုင်ရာအလေ့အထ ပြောင်းလဲလာအောင်တိုက်တွန်းအားပေးရန်။
အဆိုပါ ပရောဂျက်များမှာ FT ၏ အမျိုးသမီးစာဖတ်ပရိသတ် ပိုမိုများပြားလာ အောင်ဆောင်ရွက်သည်ထက် လက်ရှိမှာယူဖတ်ရှုသည့် အမျိုးသမီးပရိသတ် စိတ်ဝင်စားမှုရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ သို့ရာတွင် အဆိုပါ ပရောဂျက်အချို့မှ ဆင့်ပွားသိလာနိုင်သော အချက်အလက်များဖြင့် FT ကို ဖတ် ရှုခြင်းမရှိသေးသည့် အမျိုးသမီးပရိသတ်များ၏ရှုမြင်ပုံကိုလည်း ပြောင်းလဲအောင် ဆောင်ရွက်နိုင်မည်ဟု ကျွန်မတို့မျှော်လင့်ထားသည်။
လုပ်ဖော်ကိုင်ဖက်များအကြား ယဉ်ကျေးမှုအပြောင်းအလဲကို တွန်းအားပေးရန်အတွက်၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်ပါက ပိုမိုအလုပ်ဖြစ်နိုင်သည်။
သတင်းဆောင်းပါးတစ်ပုဒ်၊ အကြောင်းအရာ သို့မဟုတ် ကဏ္ဍ တစ်ခုအား အမျိုးသမီးပရိသတ်၏ စိတ်ဝင်စားမှုရှိပုံကို ဆုံးဖြတ်ရာတွင် အဓိကတိုင်းတာ ချက်မှာ အမျိုးသမီးပရိသတ်အရေအတွက် အချိုးအစားဖြစ်ပြီး၊ စုစုပေါင်းစံသတ်မှတ်အရေအတွက်နှင့် အဆိုပါအချိုးအစားကို နှိုင်းယှဉ်ကြည့်ခြင်းပင်ဖြစ်သည်။ အမျိုးသမီးပရိသတ် အချိုးအစားမြင့်တက်လာပြီး၊ စုစုပေါင်း စံသတ်မှတ် အရေအတွက်လည်း များပြားလာစေရန် ကျွန်မတို့အမြဲဦးတည်ဆောင်ရွက်ပါသည်။
လပေးနှစ်ပေးမှာယူဖတ်ရှုဆဲ အမျိုးသမီးပရိသတ်
၂၀၁၇ ခုနှစ် ပထမ သုံးလပတ်နှင့် ၂၀၁၉ ခုနှစ် တတိယ သုံးလပတ် တွင် ၁.၂ ရာခိုင်နှုန်း မြင့်တက်လာသည်။
သတင်းဆောင်းပါးတစ်ပုဒ်အတွက် အမျိုးသမီးပရိသတ်ပျှမ်းမျှရာခိုင်နှုန်း
၂၀၁၇ နှင့် ၂၀၁၉ ခုနှစ်တို့တွင် နှစ်အလိုက် ၃ ရာခိုင်နှုန်း မြင့်တက်လာသည်။
FT၏ အမျိုးသမီးစာဖတ်သူများ ပိုမိုစိတ်ဝင်စားလာစေရေး ပရောဂျက်များ
ပရောဂျက် XX
ပရောဂျက်။ ။ ထင်ရှားသည့်ကဏ္ဍများတွင် အမျိုးသမီးပရိသတ် ဖတ်လိုသည့် သတင်းဆောင်းပါးများကိုထည့်သွင်းရန် ကျွန်မတို့ဆုံးဖြတ်လိုက်သည်။ ဆိုလို သည်မှာ အမျိုးသမီးများစိတ်ဝင်စားမှုရရှိခဲ့သော ယခင်ကဖော်ပြဖူးသည့် FT သတင်းဆောင်းပါးတစ်ပုဒ် (မှန်းထားသည်ထက် ပိုမိုဖတ်ရှုသော)ကိုဖတ်ရှုသော ပျမ်းမျှ အမျိုးသမီးအရေအတွက်ထက် ပိုဖတ်နိုင်ချေရှိသည်ဟု ယူဆရသည့် သတင်းဆောင်းပါးများကိုထည့်သွင်းခြင်းဖြစ်သည်။
ထိုပရောဂျက်မည်သို့အလုပ်လုပ်သနည်း။
ပင်မဝက်ဘ်ဆိုက် အယ်ဒီတာများနှင့် ပရိသတ်စိတ်ဝင်စားမှု ဖော်ဆောင်ရေး ဆိုင်ရာ ဒီဂျစ်တယ်အယ်ဒီတာတို့က အမျိုးသမီးပရိသတ်ဖတ်ရှုမှုများနိုင်မည့် သတင်းဆောင်းပါးကို တစ်နေ့တစ်ပုဒ်ကျ ရွေးချယ်ထည့်သွင်းသည်။ အဆိုပါ သတင်းဆောင်းပါးခေါင်းစဉ်ကို ပင်မဝက်ဘ်ဆိုက်စာမျက်နှာတွင် ထည့်သွင်းခြင်း၊ အမျိုးသမီးပရိသတ် အများအပြားရှိသည့် လူသိများသောနေ့စဉ် သတင်းအကျဉ်း ချုပ် အီးမေးလ်တို့တွင် ထည့်သွင်းခြင်းများပြုလုပ်ကာ အများမြင်သာအောင် ဆောင်ရွက်သည်။ ထို့အပြင် ဆိုရှယ်မီဒီယာများပေါ်တွင်လည်း အများမြင်သာ အောင် ဆောင်ရွက်သေးသည်။ ထို့နောက် အဆိုပါပရောဂျက် XX က အမျိုးသမီး ပရိသတ်အပေါ် မည်မျှထိရောက်မှုရှိသည်ကိုဆန်းစစ်သည်။
ရည်ရွယ်သည့် ပန်းတိုင်က မည်သည့်အရာနည်း။
၁။ အဖွဲ့အစည်းပြင်ပ။ ။ အမျိုးသမီးပရိသတ်က ၎င်းတို့ဖတ်ရှု လိုသည့် သတင်းဆောင်းပါးများကို ပိုမိုရှာဖွေဖတ်ရှုလာနိုင်အောင် ကြိုးစားဆောင်ရွက် ပေးခြင်းဖြင့် FT အပေါ်ရှုမြင်ပုံကိုပြောင်းလဲပေးရန်။
၂။ အဖွဲ့အစည်းတွင်း။ ။
(က) ပရောဂျက် XX ပါ သတင်းဆောင်းပါးများအား ပရိသတ်ကတုံ့ပြန်ပုံ များကို ဆန်းစစ်ကာအဆိုပါ သတင်းအချက်အလက်များကို အဖွဲ့အစည်းအတွင်း သင့်လျော်သည့်အဖွဲ့များထံပေးပို့ကာ အမျိုးသမီးပရိသတ်၏ အကြိုက်ကိုပိုမိုသိရှိ အောင်ဆောင်ရွက်ရန်။
(ခ) သက်ဆိုင်သည့်အဖွဲ့များ၏ လုပ်ငန်းဆိုင်ရာအလေ့အထ ပြောင်းလဲလာ အောင်တိုက်တွန်းအားပေးရန်။ ဥပမာအားဖြင့် ပင်မဝက်ဘ်ဆိုက် အယ်ဒီတာများ ကသတင်းဆောင်းပါးအမျိုးမျိုးကို လူသိများအောင်ဆောင်ရွက်ပေးပြီး၊ အောင် မြင်မှုအတိုင်းအတာကို သတင်းဆောင်းပါးများအား ကြည့်ရှုသူအရေအတွက်ထက် စိတ်ဝင်တစားဖတ်ရှုသည့် ပရိသတ်အချိုးအစားနှင့်သာ ဆုံးဖြတ်ရန်ဖြစ်သည်။ ပရောဂျက်အတွက် သတင်းဆောင်းပါးများ ဖန်တီးရေးသားရန် တာဝန်ယူရသော အယ်ဒီတာများကလည်း ဂျာနယ်လစ်များအား သတင်းဆောင်းပါး အမယ်အမျိုးမျိုး ရေးသားရေးအတွက်တာဝန်ပေးရန်ဖြစ်သည်။
ပရောဂျက် XX ပါ သတင်းဆောင်းပါးများ အမျိုးသမီးပရိသတ်များအကြားတွင် အခြေအနေမည်သို့ရှိသနည်း။
ပရောဂျက် XX ပါသတင်းဆောင်းပါးတစ်ပုဒ်ကို ဖတ်ရှုသည့် ပျမ်းမျှအမျိုးသမီး အရေအတွက် အချိုးအစားသည် FT ပါ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရှုသည့် ပျမ်းမျှ အရေအတွက်ထက် သိသိသာသာ ပိုမိုများပြားသည်။ ထိုသို့ သိသိသာသာကွာခြား ချက်ကို ဆက်လက်များပြားလာအောင်ဆောင်ရွက်ရေးမှာ ပရောဂျက်၏ ရည်မှန်း ချက်ပန်းတိုင်ပင်ဖြစ်သည်။
စိန်ခေါ်မှုများက မည်သည့်အရာများနည်း
အဓိကအားဖြင့် ပင်မဝက်ဘ်ဆိုက်၏ အပြင်အဆင်တင်ပြပုံ အလေ့အထပြောင်း လဲလာခြင်းမှာ FT၏ တန်ဖိုးအရှိဆုံးအပိုင်းတစ်ရပ်ဖြစ်လာခဲ့သည်။ အောက်ပါ ဥပမာအချို့ကိုကြည့်ပါ။
အထူးသဖြင့် အထက်ပါ အလေ့အထအသစ်ကို သတင်း အကဲဖြတ်မှုနှင့် လွတ်လပ်မှုကို အနှောင့်အယှက်ဖြစ်မည့် အရာဟုမမြင်ဘဲ လက်ခံလာရေး ပင်မဝက်ဘ်ဆိုက် အယ်ဒီတာများကို အားပေးတိုက်တွန်းခြင်း။
- ဝက်ဘ်ဆိုက် စာမျက်နှာကိုကြည့်ရှုသည့် စုစုပေါင်းအရေအတွက်ထက် ပရိသတ်အရေအတွက် အချိုးအစားကိုဦးစားပေးရန် အားပေးတိုက်တွန်း ရခြင်း။ (ဥပမာ။ ကြည့်ရှုသည့် အမျိုးသမီးပရိသတ်အရေအတွက် ရာခိုင်နှုန်း)
- သတင်းဆောင်းပါးများအား ပင်မ FT ဆောင်းပါးများအဖြစ် မမြင်စေဘဲ လူသိများအောင် ဆောင်ရွက်ခြင်း (အထူးကဏ္ဍ၊ နှစ်သက်စရာကဏ္ဍ၊ ကြည်နူးစရာကဏ္ဍ စသည်ဖြင့် တလှည့်စီအမည်တပ် ဖော်ပြသည်။)
- FT၏ စာဖတ်ပရိသတ်မှာ မည်သူများဖြစ်သည်ဆိုသည့် အချက်နှင့် ပင်မ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ၎င်းတို့မည်သည့်အရာများကို မြင်တွေ့လိုသည်တို့ကို အချက်အလက်များအပြင် ဂျာနယ်လစ်ဆန်သော အမြင်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားခြင်း။
- FT ၏ အမျိုးသမီးပရိသတ်များက အမျိုးသားပရိသတ်များ ဖတ်ရှုသည်များကိုပင် အလားတူဖတ်ရှုကြောင်း စိန်ခေါ်မှုသဖွယ်ဖြစ်နေသည့် ယခင်ကနားလည်ထားမှု (အမျိုးသမီးပရိသတ် ရာခိုင်နှုန်းမည်မျှများသည်ဖြစ် စေ FT တွင် ဖော်ပြသော သတင်းဆောင်းပါးများကို သတ်မှတ်အရေ အတွက်ထက် ကျော်လွန်ကြည့်ရှုသည့် အရေအတွက်တွင် အမျိုးသား များမှာ အမျိုးသမီးများထက်များပြားသည်။)
- ဝက်ဘ်ဆိုက်ကို စီမံလည်ပတ်နေသည့်အဖွဲ့၏ လုပ်နည်းလုပ်ဟန်နှင့် ဆုံးဖြတ်ချက်ချမှတ်မှု အဆင့်ဆင့်ကိုနားလည်မှုရရှိခြင်း။ အဆိုပါကိစ္စ ရပ်များမှ ထိုအဖွဲ့တွင်ပါဝင်ခြင်းမရှိသူများက ပြတ်ပြတ်သားသားသိရှိလေ့မရှိပေ။
- ဝက်ဘ်ဆိုက်ကို စီမံလည်ပတ်နေသည့်အဖွဲ့နှင့် AE အဖွဲ့ တို့အကြား ပိုမိုနီးစပ် ဟန်ချက်ညီကာယုံကြည်မှုရှိလာသည့်အပြင် လုပ်ငန်းစဉ်များ ချမှတ်နိုင်ခြင်း။
- လုပ်ဖော်ကိုင်ဖက်များ၏ နာမည်ကောင်းရှိမှု အပေါ်မူတည်၍ တာဝန် အရမဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းနှင့် စေတနာ့ဝန်ထမ်းသဘော ဆောင်ရွက်ရမည့်လုပ်ငန်းအကြား လိပ်ခဲတည်းလည်းဖြစ်နေသည်ကို လိုအပ်သကဲ့သို့ ပေါင်းစပ်ဆောင်ရွက်နိုင်ခြင်း။
ပရောဂျက် XX မှ ကျွန်ုပ်တို့ သိရှိလာခဲ့သည်များ။
• လုပ်ငန်းဆောင်ရွက်မှု အလေ့အထပြောင်းလဲရန်မှာ ကြန့်ကြာမှုရှိသော် လည်းပြောင်းလဲယူနိုင်ခဲ့သည်။ ပရောဂျက် XX မှ ပေါ်ထွက်လာသော သတင်းဆောင်းပါးများသည် ဝက်ဘ်ဆိုက်ပေါ်တွင် ဝင်ရောက်ကြည့်ရှုမှု များပြားသည်ကို တွေ့မြင်လာရသောကြောင့် ပင်မဝက်ဘ်ဆိုက်ကို စီမံလည်ပတ်နေသည့် အယ်ဒီတာများက ပင်မစာမျက်နှာတွင်ထည့်သွင်း မည့်အကြောင်းအရာများနှင့် ပတ်သက်၍ သဘောထားအမြင်ပြောင်းလဲလာသည်။
• ပရောဂျက် XX ကြောင့် FT ပရိသတ်များအကြား ရေပန်းစားသည့် သတင်းဆောင်းပါးကဏ္ဍအရပ်ရပ်ကို တိုးချဲ့ရန် အထောက်အကူပြုခဲ့သည်။ အထူးသဖြင့် ယခင်ကပရိသတ်အချို့သာ စိတ်ဝင်စားသည့် အလုပ်အကိုင်နှင့် ပတ်သက်သော သတင်းဆောင်းပါးများတွင် အမျိုးသမီးများနှင့်ဆိုင်သော အကြောင်းအရာများ၊ အမျိုးသမီးအမည်များ ပိုမိုထည့်သွင်းတင်ပြလာသည့်အခါတွင် ကြည့်ရှုသူပိုမိုများပြားလာကြောင်း ထိုပရောဂျက်ကြောင့် ဝက်ဘ်ဆိုက်ကို စီမံလည်ပတ်နေသည့် အယ်ဒီတာများသိရှိလာခဲ့သည်။ ထိုသို့အမျိုးသမီးများကို ပိုမိုအသားပေး ရေးသားသည့် သတင်းဆောင်းပါးများကို ပရိသတ်ပိုမိုစိတ်ဝင်စားလာ သောကြောင့်လည်း ထိုပရိုဂျက်တွင်တာဝန်ကျသည့် အယ်ဒီတာများ သည် ထိုကဲ့သို့သတင်းဆောင်းပါးများကို ပိုမိုဖန်တီးတင်ဆက်လိုလာကြသည်။ အဆိုပါ သတင်းဆောင်းပါးများတွင် မျိုးဆက်ပွားခြင်း၊ အမျိုးသမီးရာသီစက်ဝန်း၊ သွေးဆုံးခြင်း၊ မိဘဘဝ၊ လိင်မှုဆိုင်ရာ နှောင့်ယှက်ခြင်း၊ လူမျိုးရေးခွဲခြားခြင်းနှင့် လိင်တူလိင်ကွဲစုံမက်သူများ၊ လိင်တူရော လိင်ကွဲပါ စုံမက်သူများနှင့် လိင်စိတ်ခံယူမှု မပြတ်သားသေး သူများစသဖြင့် အကြောင်းအရာပေါင်းစုံပါဝင်သည်။
• မက်လုံးများကြောင့် အယ်ဒီတာအဖွဲ့တွင် အထောက်အကူရရှိခဲ့သည်။ ဥပမာအားဖြင့် လူကြိုက်ပိုများအောင် ထပ်မံဆောင်ရွက်နိုင်သည့် အခွင့် အရေးများနှင့် လူကြိုက်ပိုများနိုင်မည့် သတင်းဆောင်းပါးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ပင်မဝက်ဘ်ဆိုက်ကို စီမံလည်ပတ်နေသည့် အယ်ဒီတာများလိုလားသည့် သတင်းဆောင်းပါးများနှင့် ပတ် သက်သည့် စိတ်ကူးများကိုထိုးထွင်းသိမြင်လာခြင်းပင်ဖြစ်သည်။
• အဆိုပါပရောဂျက်တွင် လုပ်ဖော်ကိုင်ဖက်အချင်းချင်း မိမိတို့၏ အချက် အလက်များကို အပြန်အလှန်မျှဝေကြသည်။ လုပ်ဖော်ကိုင်ဖက်များ စိတ်ဝင်တစားပါဝင်မှုရှိစေရန် (နှင့်ပရောဂျက်သစ်ကို စတင်ချိန် က တည်းက ခိုင်မာအားကောင်းမှုရှိစေရန်) ၎င်းတို့ဖန်တီးသည့် သတင်းဆောင်းပါးများကို အမျိုးသမီးများက ကြိုက်နှစ်သက်ပုံအားအသိပေး သည်။သတင်းကောင်းမှန်သမျှကို ကျေနပ်လက်ခံကြစမြဲပင်ဖြစ်သည်။
• အသစ်ပြုလုပ်သော/ အငြင်းပွားဖွယ်ဖြစ်သော ပရောဂျက်များတွင် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန်မှာအရေးပါသည်။ ပရောဂျက်အဖွဲ့၏ စရိုက်နှင့် အဖွဲ့ဝင်များ၏ စိတ်ကူးစိတ်သန်းများ (နှင့် စိုးရိမ်မှုများ) ပရောဂျက်လုပ်ငန်းစဉ်ရေးဆွဲရာတွင် အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။
• အသေးစားစမ်းသပ်မှုဖြင့် စတင်ဆောင်ရွက်ပါ။ ထိုသို့ စမ်းသပ်မှုကို တိုးချဲ့နိုင်သကဲ့သို့ ထိန်းညှိမှုလည်းပြုလုပ်နိုင်သည်။ အကယ်၍ အလုပ်မဖြစ်ပါက ဆက်မလုပ်ဘဲ နေနိုင်သည်။ ထိုသို့ ဆောင်ရွက်ချက် များကြောင့် တစ်စုံတစ်ခုကို အမြဲတစေသိလာနိုင်သည်။
• ခေါင်းဆောင်မှုမှာအရေးပါသည်။ လုပ်ဖော်ကိုင်ဖက် အကြီးတန်းအယ်ဒီတာများထံမှ သတင်းအချက်အလက် နှင့်အထောက်အကူရရှိခြင်း၊ လက်ရှိဖြစ်ပေါ်နေသည်နှင့် ထိုဖြစ်ရပ်အရေးပါသည့် အကြောင်းရင်းကို ရှင်းလင်းတင်ပြခြင်းတို့မှာအရေးပါသည်။ လုပ်ဖော်ကိုင်ဖက်များ၏ ထပ်ဆင့်အားစိုက်ထုတ်မှုများကို ကျေးဇူးတင်အသိအမှတ်ပြုခြင်းမှာ လည်းအထောက်အကူပြုသည်။
• အမျိုးသမီးများ (နှင့် အမျိုးသားများ)နှင့် ပတ်သက်သော ကျွန်မတို့၏ တင်ကူးထင်မြင်ချက်များမှာ မှားယွင်းလေ့ရှိကြောင်း အချက်အလက်များအရသိရသည်။ အမျိုးသမီးများကို အသားပေးရေးတင်ပြထားသည့် အမျိုးသမီးများနှင့်သက်ဆိုင်သောအကြောင်းအရာများ (ဖက်ရှင်၊ စတိုင်၊ အလှအပရေးရာ) ကို အမျိုးသားရာခိုင်နှုန်း အများအပြားကလည်း အမြဲ တစေဖတ်ရှုလေ့ရှိသည်။ မိမိအလုပ်ကို စီမံခန့်ခွဲရေးဆိုင်ရာ အကြောင်း အရာများမှသည် အမျိုးသမီးများနှင့် သက်ဆိုင်သောနည်းပညာ သတင်း ဆောင်းပါးများတွင်လည်း ဤအတိုင်းပင်ဖြစ်သည်။ ထိုအချက်မှန်ကန် ကြောင်းကို လပေး၊ နှစ်ပေး ဖတ်ရှုသူ အမျိုးသား ၇၅ ရာခိုင်နှုန်းရှိ နေခြင်းကသက်သေထူသည်။ FT တွင်ဖော်ပြသော ငွေရေးကြေးရေး ဆိုင်ရာ အထူးဆောင်းပါးအချို့ (ငွေရေးကြေးရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ ရန်ပုံငွေ စီမံခန့်ခွဲမှု) တွင် အမျိုးသမီးများကို အသားပေးရေးသားထားသည်။
LONG STORY SHORT WEEKLY NEWSLETTER
ပရောဂျက်။ ။ အမျိုးသမီးပရိသတ်က ၎င်းတို့ကြိုက်နှစ်သက်သည် ဟု ပြောကြားလာသော တင်ပြပုံ၊ အပြင်အဆင်ဖြင့် တင်ဆက်ထားသော FT ၏ သတင်းဆောင်းပါးများဖြင့် အမျိုးသမီးပရိသတ်ရရှိလာစေရန်ရည်ရွယ်သည်။
ထိုပရောဂျက်မည်သို့အလုပ်လုပ်သနည်း။
အဖတ်များသည့် သတင်းဆောင်းပါးများနှင့် ဖတ်ချင်စရာ အကောင်းဆုံး အကြောင်းအရာများကို သတင်းလွှာထဲတွင် ကျကျနနထည့်သွင်းကာ သောကြာနေ့တိုင်းတွင် အီးမေးလ်ဖြင့်ပေးပို့သည်။ သတင်းလွှာပါ အကြောင်းအရာများကို FT ၏ အမျိုးသမီးဂျာနယ်လစ်များက အပတ်စဉ် တစ်ယောက်တစ်လှည့်ရွေးချယ်ထည့်သွင်းသည်။
ရည်ရွယ်သည့် ပန်းတိုင်က မည်သည့်အရာနည်း။
မိမိတို့မှာအချိန်နည်းပြီး သတင်းများနှင့်လည်းမျက်ခြည်မပြတ်လိုကြောင်း ပြောပြလာသည့် အမျိုးသမီးများ၏ လိုအင်ကိုဖြည့်ဆည်းပေးနိုင်ရန်။ ထိုလိုအင်ကိုဖြည့်ဆည်းနိုင်ရန် နည်းလမ်းပေါင်းစုံကိုအသုံးပြုခဲ့သည်။
၁။ သတင်းလွှာပုံစံ။ ။ အလုပ်များသည့် အမျိုးသမီးများအတွက် စိတ်ဝင်စားစရာသတင်းလွှာဖြစ်စေရန်တင်ပြထားသည်။ သတင်းလွှာထဲတွင် တစ်ပတ် အတွင်း အမျိုးသမီးပရိသတ်များမလွတ်တမ်း ဖတ်ရှုသင့်သည့်သတင်းများကို ဖတ်ရှုခွင့်ရရှိစေရန် သတင်းလွှာတွင် စီစဉ်တင်ဆက်ထားသည်။
၂။ ဖော်ပြသည့်အကြောင်းအရာ။ ။ လွန်ခဲ့သည့်သီတင်းပတ်အတွင်း အမျိုးသမီး များဖတ်ရှုခဲ့သည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သတင်းဆောင်းပါးရွေးချယ်သူက အသုံးပြုသည်။ FT မှာ ငွေရေးကြေးရေးဆိုင်ရာများ ကိုသာဖော်ပြသည့် သတင်းစာဟု၎င်းတို့နားလည်ထားကြောင်း အမျိုးသမီးပရိသတ်ထံမှ ကြားသိရသဖြင့်ကဏ္ဍမျိုးစုံမှ သတင်းနှင့်ဆောင်းပါးများကို ထည့်သွင်းထားသည့်အပြင် ဖတ်ချင်စရာအကောင်းဆုံး သတင်းဆောင်းပါး များနှင့် အဖတ်များသည့် သတင်းဆောင်းပါးများကိုပါထည့်သွင်းထားသည်။ ထိုသို့ FT တွင် ဖော်ပြသည့် သတင်းဆောင်းပါးအားလုံးသည် အမျိုးသမီးများနှင့် သင့်လျော်သည်ဟု ကျွန်မတို့ကမှတ်ယူသည့်အပြင် ထိုသို့မဖော်ပြပါက အမျိုးသမီးပရိသတ်များ ဖတ်ခွင့်မကြုံဖြစ်သွားနိုင်သည်။
၃။ သတင်းဆောင်းပါးရွေးချယ်သူများ။ ။ အမျိုးသမီးပရိသတ်နှင့် ပိုမိုသင့်လျော် သည့် သတင်းလွှာဖြစ်ကြောင်းခံစားမိစေရန် အပတ်စဉ်တိုင်းတွင် အမျိုးသမီး ဂျာနယ်လစ်များက သတင်းဆောင်းပါးများကို အလှည့်ကျရွေးချယ်ကြသည်။ ထိုသို့ဆောင်ရွက်ခြင်းကြောင့် ကျွန်မတို့၏ အမျိုးသမီးဂျာနယ်လစ်များကို လူသိပို များစေသည့်အပြင် သတင်းများတွင်လည်း အမျိုးသမီးများ၏ အမြင်ကိုပိုမိုထင်ဟပ်ပြနိုင်သည်။
၄။ တင်ပြပုံ။ ။ သတင်းလွှာသည် လတ်တလောဖြစ်ပျက်နေသည်များတင်ပြ ထားသည့်အပြင် FT က ပင်တိုင်ဖော်ပြနေသည်များနှင့် ခြားနားအောင်လည်း ရည်ရွယ်ထည့်သွင်းထားကာ သမားရိုးကျပုံစံမှခွဲထွက်၍ လူပြောများသည့် အကြောင်းအရာများကို အသားပေးထည့်သွင်းထားသည်။ ဖတ်ချင်စရာကောင်း အောင်လည်း စာမျက်နှာအသွင်အပြင်ကိုဖန်တီးထားသည်။ သတင်းဆောင်းပါး ရွေးချယ်သည့် ဂျာနယ်လစ်တိုင်းက မိမိတို့၏ကိုယ်ရေးကိုယ်တာ အကြောင်း အရာ၊ ကျွမ်းကျင်သည့်နယ်ပယ်နှင့် စိတ်ဝင်စားရာများကိုပါ ပရိသတ်ထံ မိတ်ဆက်ဖော်ပြကြသည်။ ထို့အပြင် ရွေးချယ်တင်ပြထားသည့် FT ပါ သတင်း ဆောင်းပါးများနောက်ကွယ်မှ အကြောင်းအရာများနှင့် ထိုသတင်းဆောင်းပါး များကို မိမိတို့မည်သည့်အတွက် နှစ်သက်ရသည်ကိုလည်း အဆိုပါအမျိုးသမီး ဂျာနယ်လစ်များကတင်ပြထားသည်။
၅။ ထင်သာမြင်သာရှိခြင်း။ ။ FT ၏ ပင်မအသွင်အပြင်နှင့် ကွဲပြားမှုရှိစေရန် အထူးစီမံထားသည့် ကောက်ကြောင်းဖြင့်ရေးဆွဲထားသော လိုဂိုအမှတ်တံဆိပ်ကို အသုံးပြုကာ ပင်မစာစောင်နှင့် မတူသည့် အရောင်များကိုလည်း အသုံးပြုထားသည်။ သတင်းဓာတ်ပုံများကိုလည်း လူတန်းစားအလွှာစုံပါအောင် ရိုက်ကူးထားသည်။
သတင်းဆောင်းပါးရှည်ကို အတိုချုပ်ဖော်ပြမှု အခြေအနေမည်သို့ ရှိသနည်း။*
ထိုအစီအစဉ်ကြောင့် FT ၏ပျမ်းမျှပရိသတ်ထက် စိတ်ဝင်တစားကြည့်ရှုသည့် ပရိသတ်ပိုမိုရရှိကာ အမျိုးသမီးပရိသတ် အရေအတွက်မှာလည်းပိုများသည်။
• FT သတင်းလွှာ၏ ပျမ်းမျှပရိသတ်ထက် အမျိုးသမီးပရိသတ် ၈.၂ ရာခိုင် နှုန်းပိုရှိလာသည်။
• စာဖတ်ပရိသတ် ပျမ်းမျှအရေအတွက်တွင် ယခင်ကထက် ၃.၅ ရာခိုင် နှုန်းပိုများလာသည်။
• ကလစ်ခေါက် ကြည့်ရှုသည့် ပျမ်းမျှနှုန်းမှာလည်း ယခင်ကထက် ၁.၈ ရာခိုင်နှုန်း ပိုများလာသည်။
• အဆိုပါအစီအစဉ်ကို စတင်ခဲ့သည့် ၂၀၁၈ ခုနှစ် အစောပိုင်းက နောက် ပိုင်းတွင် လပေး၊ နှစ်ပေး ဖတ်ရှုသူအရေအတွက် လစဉ်တိုးလာခဲ့သည်။
*Data from Q3 2019
စိန်ခေါ်မှုများက မည်သည့်အရာများနည်း
• ကျွန်မတို့နှင့် အကျွမ်းတဝင်လုံးဝမရှိသည့် ပရိသတ်အတွက်သတင်းလွှာ အခင်းအကျင်းတစ်ခုကို ပုံစံပြုရခြင်း။
• FT ၏ မူလအနှစ်သာရမပျောက်အောင်ထိန်းသိမ်းရင်း ပရိသတ်နှင့် အံဝင်ခွင်ကျဖြစ်မည့် သတင်းလွှာအခင်းအကျင်းနှင့် ရေးသားတင်ပြပုံအသစ်တစ်ခုကိုရှာဖွေရခြင်း။
• မူလအနှစ်သာရကို မပြတ်ထိန်းထားရင်း စာရေးသူအမျိုးမျိုးနှင့် ဆက်သွယ်လုပ်ကိုင်ရခြင်း။
• ဤသတင်းလွှာတွင် ကဏ္ဍစုံမှ စာရေးသူအများအပြားရေးသားသည်များပါရှိစေရန် သေချာစွာဆောင်ရွက်လိုသည်။
• ပြောင်းလွယ်ပြင်လွယ် ပိုမိုပြုလုပ်နိုင်သည့် စာမျက်နှာအခင်းအကျင်း ဒီဇိုင်းရရှိစေရန် သတင်းတည်းဖြတ်သည့် ပလက်ဖောင်းသစ်တစ်ရပ် တည်ဆောက်ရခြင်း။
သတင်းဆောင်းပါးရှည်ကို အတိုချုပ်ဖော်ပြမှုမှ ကျွန်မတို့မည်သည့်အရာများကို သိရှိလာခဲ့သနည်း။
• အမျိုးသမီးများအတွက် ရည်ရွယ်သည်ကိုသိသာအောင်တင်ပြရန်မှာ အဓိကလိုအပ်ချက်မဟုတ်ပေ။ သတင်းလွှာထဲတွင် အမျိုးသမီးများ အတွက်ရည်ရွယ်ကြောင်း မည်သည့်နေရာတွင်မှ မဖော်ပြသော်လည်း ဤသတင်းလွှာမှာ အမျိုးသမီးများ၏ စိတ်ဝင်စားမှုကိုရရှိသည်။ အမျိုးသမီးများအတွက်ဟု အမှတ်တံဆိပ်တပ်ခြင်းကြောင့် သက်ရောက် မှု ကောင်းကျိုး၊ ဆိုးကျိုး မည်သို့ရှိမည်ကိုကျွန်မတို့မသိပါ။
• အမျိုးသားများသည်လည်း အမျိုးသမီးများအတွက် ရည်ရွယ်သော သတင်းလွှာများကိုဖတ်ရှုကြသည်။ ဤသတင်းလွှာကို အမျိုးသမီး ပရိသတ်၏ စိတ်ဝင်စားမှုကိုရရှိစေရန် ရည်ရွယ်ထုတ်ဝေသော်လည်း အမျိုးသားပရိသတ်များကလည်း စိတ်ဝင်စားကြသည်။
• ပရိသတ်ထံမှ တိုက်ရိုက်တုံ့ပြန်မှု အနည်းအကျဉ်းသာရရှိသည်။ ဤ သတင်းလွှာ၏ ပရိသတ်များက စာရေးသူများနှင့် တိုက်ရိုက်ထိတွေ့တုံ့ ပြန်မှုမပြုကြသောကြောင့် လက်ရှိအခြေအနေတွင် တုံ့ပြန်မှုကို ကိန်းဂဏန်းဖြင့်ပြသရန် အကန့်အသတ်အများအပြားရှိနေသေးသည်။ ထိုသို့အခြေအနေဖြစ်နေရသည့် အကြောင်းရင်းကို တိတိကျကျမသိရသော်လည်း အလှည့်ကျစာရေးသူ အရေအတွက် အများအပြားရှိနေသောကြောင့် ပရိသတ်အနေဖြင့် စာရေးသူနှင့် ပုဂ္ဂိုလ်ရေးအရ တိုက်ရိုက် ထိတွေ့တုံ့ပြန်ရန် စိတ်ကူးမပေါကြသည်လည်းဖြစ်နိုင်သည်။
ဂျက်နက်ဘော့
ပရောဂျက်။ ။ FT၏ ပင်မစာမျက်နှာပါ ဓာတ်ပုံများတွင် ကျား/မ ပိုမိုညီမျှစွာ ပါဝင်စေသည့် နည်းလမ်းတစ်ရပ်ကို ကျွန်မတို့ရှာဖွေလိုသည်။
ထိုပရောဂျက်မည်သို့အလုပ်လုပ်သနည်း။
ဂျက်နက်ဘော့ဆော့ဖ်ဝဲသည် FT သတင်းဆောင်းပါးများပါ ဓာတ်ပုံများတွင် မျက်နှာကိုအခြေခံကာ ကျား/မ ခွဲခြားပေးသောဆော့ဖ်ဝဲဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲက ကျား/မ ခွဲခြားမှုကို မော်နီတာတွင် အရောင်ပါအလံများဖြင့်ပြသကာ အယ်ဒီတာများမြင်နိုင်စေရန် ဆောင်ရွက်ပေးသည့်အပြင် Slack ချန်နယ်မှတစ် ဆင့် ကျား/မ အချိုးအစားညီမျှမှုဆိုင်ရာ အချက်အလက်များကိုလည်း ဖော်ပြပေးသည်။
ရည်ရွယ်သည့် ပန်းတိုင်က မည်သည့်အရာနည်း။
၁။ အဖွဲ့အစည်းပြင်ပ။ ။ အမျိုးသမီးစာဖတ်ပရိသတ်က ပိုမိုစိတ်ဝင်တစားရှိလာစေရန်။ ဆန်းစစ်လေ့လာမှုများအရ အမျိုးသမီးများသည် အမျိုးသမီးပါဝင်သောဓာတ်ပုံများဖြင့် သရုပ်ဖော်တင်ပြသော သတင်းဆောင်းပါးများကို အမျိုးသားများထက် ပိုမိုကြည့်ရှုနိုင်ချေရှိကြောင်းတွေ့ရသည်။
၂။ အဖွဲ့အစည်းတွင်း။ ။ ပင်မစာမျက်နှာတွင် ကျား/မ ပါဝင်မှုမညီမျှ သည်ကို ပိုမိုသိနားလည်မှုရှိလာပြီး အမျိုးသမီးများပါဝင်သည့်ဓာတ်ပုံများကို ပိုမိုထည့်သွင်းလာစေရန် FT ဂျာနယ်လစ်များအားတွန်းအားပေးရန်။
စိန်ခေါ်မှုများက မည်သည့်အရာများနည်း
• လက်ရှိအသုံးပြုနေသည့် မျက်နှာပုံသဏ္ဌာန်အခြေခံပြီး ကျား/မ ခွဲခြား သည့် ဆော့ဖ်ဝဲ/ဒေတာဘေ့စ်မှာ လူဖြူမျိုးနွယ်မဟုတ်သူများကို
ခွဲခြားရာတွင် ပြဿနာအချို့ရှိပုံရပြီး၊ အဆိုပါကဲ့သို့သော ပြဿနာမှာ မှတ်ဉာဏ်တု (AI) အသုံးပြုသည့် ဆော့ဖ်ဝဲများတွင်တွေ့ရလေ့ရှိသည်။
• ဂျက်နက်ဘော့ဆော့ဖ်ဝဲတွင် ကျားမခွဲခြားရာ၌ သုံးစွဲသူက လိုအပ်သည် များကို မကြာခဏချိန်ညှိရန် လိုအပ်ပေရာ သတင်းခန်းမဝန်ထမ်းများက ထိုသို့ဆောင်ရွက်နိုင်ခြင်းမရှိပေ။
• ဆော့ဖ်ဝဲက အလိုအလျောက်ပေးပို့လာသည့် အချက်အလက်များကို စိစစ်ပြီးဝန်ထမ်းများက ၎င်းတို့၏လုပ်ငန်းထဲတွင် ပေါင်းစပ်အသုံးပြုလာအောင်ပြောဆိုတိုက်တွန်းရခြင်း။
ကျွန်မတို့ မည်သည့်အရာများကို သိရှိလာခဲ့သနည်း။
• သတင်းခန်းမဝန်ထမ်းများက စိတ်ဝင်စားသည့်ဆော့ဖ်ဝဲတစ်ခုကို ဒီဇိုင်း ပြုရေးဆွဲရန်သုံးစွဲမည့် အယ်ဒီတာအဖွဲ့ဝင်များက စတင်ရေးဆွဲသည့် ကာလကပင် ပါဝင်ရန်လိုအပ်သည်။ ဆော့ဖ်ဝဲကိုရေးဆွဲပြီးစီးပြီး စတင် အသုံးပြုသည့်အခါတွင်မှ အသုံးမတည့်သည့်ဖန်ရှင်များကို ပြင်ဆင် ဖယ်ရှားခြင်းမျိုး ပြုလုပ်ရန်မှာမလွယ်ကူပေ။ ဤသို့သော ကိစ္စရပ်များ တွင်အရင်းအမြစ်များ အကန့်အသတ်ရှိပါက အဆိုပါ ဆော့ဖ်ဝဲတစ်ခုကို ဒီဇိုင်းပြုရေးဆွဲရန်မဖြစ်နိုင်ပေ။
• အထက်ပါ အကြောင်းများကြောင့် ဂျက်နက်ဘော့ဆော့ဖ်ဝဲတွင် ဆော့ဖ်ဝဲကိုအသုံးပြုခြင်းမှာ အချက်အလက်ကောက်ယူခြင်း လုပ်ငန်းစဉ်ဆောင်ရွက်ရန်ထက် သတင်းခန်းမတွင်အလုပ်လုပ်နေသော ဂျာနယ်လစ်များကို ကျား/မ အချိုးအစားညီမျှမှုရှိအောင် သတိပိုမိုထားမိစေရန် ဆောင်ရွက်ရာတွင် (မော်နီတာတွင်အရောင်ပါ အလံများဖြင့်ပြသကာ) ပိုမိုအသုံးဝင်လာခဲ့သည်။ ဂျက်နက်ဘော့ဆော့ဖ်ဝဲ၏ သတိပိုမိုထားမိစေရန်ဆောင်ရွက်နိုင်စွမ်းကိုနောင်ပြုလုပ်မည့် ပရောဂျက်များတွင် အသုံးပြုနိုင်မည်ဟု ကျွန်မတို့မျှော်လင့်မိသည်။ အထက်ပါကဲ့သို့ ဆောင်ရွက်နိုင်စွမ်းကြောင့် ဂျာနယ်လစ်များအား သတင်းဆောင်းပါးပြီးစီးအောင် ရေးသားခြင်းသက်သက်ကို အာရုံစိုက်နေရာမှ သတင်းဆောင်းပါးစတင် ရေးသားစဉ်ကာလကပင် သတင်းဓာတ်ပုံအသုံးပြုရာ၌ ကျား/မ ညီမျှစွာ ပါဝင်မှုကို ထည့်သွင်းစဉ်းစားလာစေရန်သတိပေးနိုင်မည်ဖြစ်သည်။
• သတင်းခန်းမဝန်ထမ်းများက ဆော့ဖ်ဝဲအသုံးပြုသည့် အော်တိုစနစ်ကို အသုံးပြုရန်၎င်းတို့၏ လုပ်လေ့လုပ်ထအပြုအမူကို ပြောင်းလဲရန် ခက်ခဲသည်။ ထိုအချက်ကြောင့်လည်း ဆော့ဖ်ဝဲအသုံးမပြုဘဲ လူကိုယ် တိုင်စိစစ်သည့် နည်းလမ်းကို ပြောင်းသုံးရန်ရည်ရွယ်လာခဲ့သည်။
ရှီဆက်ဟီဆက်(SHE SAID HE SAID) ဆော့ဖ်ဝဲနှင့် ၅ဝး ၅၀ ပရောဂျက်
ပရောဂျက်။ ။ FT ဂျာနယ်လစ်အဖွဲ့များ ၎င်းတို့ဖန်တီးတင်ဆက်သည့် သတင်း ဆောင်းပါးများတွင် အမျိုးသားနှင့် အမျိုးသမီးစာရေးသူညီမျှစေရန် ကျွန်မတို့က အထောက်အကူပြုပေးလိုသည်။
ပန်းတိုင်က မည်သည့်အရာနည်း။ ။ FT အယ်ဒီတာအဖွဲ့က ဖန်တီးတင်ဆက် သည့် အမျိုးသမီးသတင်းရင်းမြစ်အချိုးအစား ပိုမိုပါဝင်သော သတင်းဆောင်းပါး များကို အမျိုးသမီးပရိသတ်ကကောင်းစွာဖတ်ရှုကြကြောင်း FT၏ ဆန်းစစ် လေ့လာတွေ့ရှိချက်များကို လက်တွေ့အသုံးချရန်။ ထို့အပြင် အမျိုးသမီးသတင်းရင်းမြစ် အချိုးအစားပိုမိုအသုံးပြုသည့် အယ်ဒီတာအဖွဲ့များသည် အမျိုးသမီးများ ပိုမိုပါဝင်သည့်ဓာတ်ပုံများကို အသုံးပြုရန်လည်းဖြစ်သည်။
ထိုပရိုဂျက်မည်သို့အလုပ်လုပ်သနည်း။ လုပ်ဖော်ကိုင်ဖက်များထံ ဆော့ဖ်ဝဲက အလိုအလျောက်ထုတ်ပေးလာသည့် အချက်အလက်များကိုပေးပို့ပြီး၊ ကျား/မ ပါဝင်မှုအချိုးအစား မမျှတသည်ကို ယခင်ကထက် သတိထားမိလာစေရန် စတင်ဆောင်ရွက်သည်။ ယခုနှစ်တွင်မူ ဆော့ဖ်ဝဲအသုံးပြုသည့်စနစ်မှ လူကိုယ်တိုင် ရွေးချယ်သည့်နည်းလမ်းကို ပိုမိုအာရုံစိုက်ဆောင်ရွက်လာခဲ့သည်။
• SHE SAID HE SAID ဆော့ဖ်ဝဲ (၂၀၁၈ ခုနှစ်တွင် စတင်အသုံးပြုသည်)။ ။ဤဆော့ဖ်ဝဲမှာ FT သတင်းဆောင်းပါးများတွင် သတင်းရင်းမြစ်အဖြစ် ကိုးကားဖော်ပြသူများ၌ ကျား/မ ပါဝင်ခြင်းညီမျှမှုကိုဖော်ပြပေးသည်။ အဆိုပါဆော့ဖ်ဝဲသည် ရှီဆက်ဟီဆက် (‘she said…he said…’) ဆိုသည့်နာမ်စားများနှင့် လူပုဂ္ဂိုလ်အမည်များ၏ ရှေ့ဆုံးအမည်များကို အသုံးပြုကာ သတင်းရင်းမြစ်မှာ အမျိုးသားဖြစ်သည်၊ အမျိုးသမီး ဖြစ်သည်ဟုခွဲခြားပေးသည်။
• ၅ဝး၅၀ ပရိုဂျက် (၂၀၁၉ ခုနှစ်တွင်စတင်အသုံးပြုသည်။) ။ ။ ရိုးရှင်း လှပြီး၊ ဂျာနယ်လစ်များက ၎င်းတို့ကိုယ်တိုင်ပုံနှိပ်ထုတ်ဝေပြီး သတင်း ဆောင်းပါးများတွင် ကျား/မ ညီမျှစွာပါဝင်မှုကို ရှာဖွေစစ်ဆေးသည့် စနစ် တစ်ရပ်ဖြစ်သည်။ ထိုစနစ်ကို ရှီဆက်ဟီဆက်ဆော့ဖ်ဝဲအား အသုံးပြုပြီး နောက်ပိုင်းတွင် ဘီဘီစီသတင်းဌာနနှင့် ပူးပေါင်းကာ စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။
စိန်ခေါ်မှုများက မည်သည့်အရာများနည်း
• ရှီဆက်ဟီဆက်ဆော့ဖ်ဝဲ။ ။ လုပ်ဖော်ကိုင်ဖက် ဂျာနယ်လစ်များအား ဆော့ဖ်ဝဲကထုတ်ပေးသည့် အချက်အလက်များကို ကနဦးဆန်းစစ်ကာ အဆိုပါအချက်အလက်များကိုအသုံးပြုစေခြင်း။
• ၅ဝး၅၀ ပရိုဂျက်။ ။
• ဂျာနယ်လစ်ဆိုင်ရာ အခန်းကဏ္ဍတွင် လုပ်ဖော်ကိုင်ဖက်တစ်ဦးအား ဦးစီးနေရာမှပါဝင်စေရန် ရွေးချယ်ခြင်းဖြစ်ပြီး အခြားဂျာနယ်လစ်များကိုလည်း ပရောဂျက်တွင်ပါဝင်လာအောင် တိုက်တွန်းရာတွင်အထောက်အကူပြုခြင်း။
• အထူးသဖြင့် အမျိုးသမီးစာရေးသူများ အရေအတွက်နည်းနည်းမှ စတင်ပါဝင်ပြီး၊ တဖြေးဖြေးချင်းသာ အရေအတွက်များလာခြင်း၊ ရှိပြီးသားအရေအတွက်တွင်ပင် ရပ်တန့်နေခြင်းနှင့် ထိုထက်လျော့နည်းလာသည့် အခြေအနေများတွင် အဆိုပါအမျိုးသမီးစာရေး သူများကို အရှိန်အဟုန်မြှင့်ပေးရန် နည်းလမ်းများရှာရခြင်း။
• ပရိုဂျက်တွင် ပါဝင်သူအချင်းအချင်း တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်သွယ်မှုမှာ ရိုဂျက်၏ ပန်းတိုင်နှင့်ပတ်သက်၍ အနက်ကောက်လွဲ မှုများအားဖော်ထုတ်ပြုပြင်နိုင်ရန် အဓိကအရေးပါသည့် အချက်ပင် ဖြစ်သည်။ ယခုအချိန်ထိ တာဝန်ပေးထားသည့် ကဏ္ဍခြောက်ခုမှ ဂျာနယ်လစ်များမှာ ပရိုဂျက်အတွက်အလုပ်လုပ်နေသည်။ သို့ရာ တွင်အဆိုပါကဏ္ဍ ခြောက်ခုမှ ဂျာနယ်လစ်များသည် FT တွင်ရှိ သော ဂျာနယ်လစ်နှင့် အယ်ဒီတာရာပေါင်းများစွာနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။ ထိုမျှများပြားသည့် လူဦးရေနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ထိရောက်သော နည်းလမ်းတစ်ရပ် ရှာဖွေရန်မှာ စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။
ကျွန်မတို့ မည်သည့်အရာများကို သိရှိလာခဲ့သနည်း။
• ဆော့ဖ်ဝဲမသုံးဘဲလူကိုယ်တိုင် ဆောင်ရွက်သည့်နည်းလမ်းက ပရိသတ်၏စိတ်ဝင်တစားတုံ့ပြန်မှုကိုပိုမိုရရှိသည်။ ဤ ၅ဝး၅၀ ပရိုဂျက်ကိုစတင် ခဲ့သည့်အစောပိုင်းကာလတွင် ကျား/မ မညီမျှစွာပါဝင်မှုကို ပိုမိုသိရှိ လာစေရန်ဆောင်ရွက်ပေးပြီး ဆော့ဖ်ဝဲဖြင့် ဆောင်ရွက်သည့်နည်းလမ်း ထက် လုပ်ဖော်ကိုင်ဖက်များစိတ်ဝင်တစား ပါဝင်လာစေရန် ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပုံရသည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် တစ်ဦးနှင့်တစ်ဦး မပြတ်ဆွေးနွေးမှုရှိစေရန် အကောင်းဆုံးနည်းလမ်း တစ်ရပ်ဖြစ်နိုင်သည့်အပြင် သတင်းခန်းမအတွင်းတွင်လည်း ကျား/မ အချိုးအစားညီမျှမှုဆိုင်ရာ သိနားလည်မှုပိုမိုများပြားလာခဲ့သည်။
• ပရောဂျက်တွင် ပါဝင်လိုသူများနှင့် ပူးတွဲလုပ်ကိုင်သည့်အခါ ၅ဝး၅၀ ပရိုဂျက်မှာ အပြောင်းအလဲပြုလုပ်လိုသူများအတွက် လုပ်ပိုင်ခွင့်၊ ဦးတည်ချက်နှင့် ပုံစံတစ်ရပ် ရရှိသွားသကဲ့သို့ပင်ဖြစ်သည်။
• လုပ်ဖော်ကိုင်ဖက်များအချင်းချင်း ထိတွေ့ဆက်ဆံမှုမှာ အရေးပါသည်။ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်ခြင်းနှင့် အဖွဲ့လိုက်ဦးဆောင်မှု အဖြစ် ပါဝင်ဆောင်ရွက်ခြင်းများကြောင့် လုပ်ဖော်ကိုင်ဖကများစိတ် တွင် မိမိတို့အလုပ်ဟု သတ်မှတ်ပါဝင်လိုစိတ်ရှိလာကာ မဖြစ်မနေ ဆောင်ရွက်လိုစိတ်လည်း တိုးပွားလာစေနိုင်သည်။ အဆိုပါ ပရောဂျက် ကိုအထက်လုပ်ပိုင်ခွင့်ရှိသူက တာဝန်ပေးလာသည့်အရာဟု အစပိုင်းတွင်ထင်မြင်ခဲ့ကြသောကြောင့် လုပ်ဖော်ကိုင်ဖက်များတွင် စိတ်အား ထက်သန်မှုသိပ်မရှိခဲ့ပေ။ သို့ရာတွင် အဖွဲ့များအားမိမိတို့ရင်ဆိုင်နေရ သောအခက်အခဲများနှင့် မိမိ၏အလုပ်နှင့် ပတ်သက်သော သင့်လျော်သည့် စိတ်ကူးစိတ်သန်းများကိုတင်ပြပေးရန် ဖိတ်ခေါ်လိုက်သည့်အခါတွင်မူ စိတ်အားထက်သန်မှုနှင့် စိတ်ဝင်တစားပါဝင်မှုမှာ
မြင့်တက်လာခဲ့သည်။
အေမီဒီယာ၏ နက်နက်နဲနဲ ဆန်းစစ်လေ့လာမှု
အေမီဒီယာ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဂျိုးစတိန်းလာဆင်အိုစရိန်း၏ ပံ့ပိုးကူညီမှုဖြင့်ဆောင်ရွက်သည်။
အေမီဒီယာမှာ မည်သို့အဖွဲ့အစည်းဖြစ်သနည်း။
အေမီဒီယာကုမ္ပဏီသည် နော်ဝေနိုင်ငံတွင်း သတင်းစာစောင်အမည် ၇၀ ကျော် ကိုထုတ်ဝေလျက်ရှိသည့် အကြီးဆုံးမီဒီယာတစ်ခုဖြစ်ကာ ၎င်းထုတ်ဝေသည့် စာစောင်များကိုနေ့စဉ်ဖတ်ရှုသူ ၁.၈ သန်းခန့်ရှိသည်။
အမျိုးသမီးပရိသတ် စိတ်ဝင်စားမှုနှင့် ပတ်သက်သော အချက်အလက်များကို အေမီဒီယာက မည်သည့်အတွက် ဆန်းစစ်ခဲ့သနည်း။
အေမီယာသည် ၂၀၁၆ ခုနှစ်တွင် မိမိတို့၏ပရိသတ်အကြောင်းနှင့် ပရိသတ်များ အလေးထားဖတ်ရှုသည့် အကြောင်းအရာများကို ပိုမိုနားလည်လာစေရန် မိမိတို့ကုမ္ပဏီ၏ သတင်းခန်းမများမှလာသော အချက်အလက်များကို ဆန်းစစ်သုံးသပ်ရန် စတင်အားထုတ်ဆောင်ရွက်ခဲ့သည်။ အစပိုင်းတွင် ရွေးချယ်ထား သည့်သတင်းခန်းမများတွင် ထိုသို့ဆောင်ရွက်မှုများကို နှစ်လခန့် စတင်ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်ပရိသတ်များ ရသစုံပိုမိုရရှိစေရန် တင်ဆက်သည့် ကဏ္ဍအသီးသီးကို လေ့လာသည့်အပြင် အခမဲ့ဖတ်ရှုနိုင်သော သတင်းဆောင်းပါးများနှင့် အခပေးဖတ်ရှုရသော သတင်းဆောင်းပါးများကို မည်သို့ချိန်ညှိပေးရမည်ကို ပိုမိုနားလည်လာစေရန်လည်းအားထုတ်ခဲ့သည်။
ထိုသို့ဆန်းစစ်လေ့လာမှုကို ကျား/မ ဆိုင်ရာအချက်အလက်များ အပါအဝင် အခြားအကြောင်းအရာ နယ်ပယ်များတွင်လည်း တိုးချဲ့ဆောင်ရွက်ခဲ့သည်။ အဆိုပါပရိုဂျက်များမှ အေမီဒီယာသိရှိလာခဲ့သည်များတွင် အရေးအပါဆုံးအချက် တစ်ခုမှာ စာဖတ်ပရိသတ်နှင့် လပေးနှစ်ပေးမှာယူဖတ်ရှုသူများအတွက် သတင်းစာပါ အကြောင်းအရာများကို ဖန်တီးထည့်သွင်းရာတွင် ပရိသတ်နှင့် အံဝင်ခွင်ကျဖြစ်မှုမှာ အရေးပါသည်ဆိုသောအချက်ပင်ဖြစ်သည်။ စာဖတ်သူများက မည်သည့် သတင်းဆောင်းပါးကို ကြိုက်နှစ်သက်သည်ဆိုသည်မှာ ၎င်းတို့၏အသက်အရွယ် သို့မဟုတ် ၎င်းတို့နေထိုင်ရာဒေသစသည့် အခြေအနေများနှင့် သက်ဆိုင်သည်။ ဆိုလိုသည်မှာ အေမီဒီယာ သတင်းခန်းမများသည် ထိုအလွှာစုံသောပရိသတ်များ စဉ်ဆက်မပြတ်စိတ်ဝင်စားမှုရှိသော အကြောင်းအရာကဏ္ဍစုံလင်အောင် ဖန်တီး တင်ဆက်ရန်လိုအပ်ပေသည်။
ကျား/မကွဲပြားမှုကိစ္စတွင်မူ အမျိုးသမီးများကို သတင်းအရင်းအမြစ်ပြု ရေးသား ထားသည့်သတင်းဆောင်းပါးများ များများစားစားပါဝင်သည့် စာစောင်များကို အမျိုးသမီးများက ပိုမိုဖတ်ရှုသည်ဆိုသည့် အချက်ကို ၂၁ လကြာ ကာလအတွင်း ထုတ်ဝေခဲ့သည့် သတင်းစာ ၁၉ စောင်မှ သတင်းဆောင်ပါးများကို စိစစ်လေ့လာ ပြီးနောက် အေမီဒီယာထုတ်ဝေသူများကသိလာခဲ့သည်။ အဆိုပါ ၂၁ လကြာ ကာ လအတွင်း ကျား/မ အချိုးအစားညီမျှမှုကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာရာတွင် သတင်းစာ ၆၄ စောင်မှ သတင်းဆောင်းပါး ပုဒ်ရေ ၆၆၀,၀၀၀ ကိုစိစစ်ခဲ့ရာမှ ဤသို့ စိတ်ဝင်စားဖွယ်ကောင်းသည့် ဆက်နွယ်မှုကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။ သတင်းဆောင်းပါးပုဒ်ရေ ၆၆၀,၀၀၀ တွင် ဖော်ပြထားသည့် အမည်များတွင် ပျမ်းမျှအားဖြင့် ၃၄ ရာခိုင်နှုန်းသည်သာ အမျိုးသမီးများဖြစ်ကြောင်းတွေ့ရှိခဲ့ သည်။
ပန်းတိုင်က မည်သည့်အရာနည်း။
အဓိကပန်းတိုင်မှာ အေမီဒီယာမှထုတ်ဝေသည့် သတင်းစာများကိုဖတ်ရှုသော ပရိသတ်အလွှာအမျိုးမျိုး အကြိုက်ကိုလိုက်၍ သတင်းဆောင်းပါးများတင်ဆက် နိုင်ရန်ဖြစ်သည်။ တင်ပြရာတွင် ကျား/မ အချိုးအစားညီမျှမှု ပိုရှိလာခြင်းမှာလည်း လပေး နှစ်ပေး မှာယူဖတ်ရှုသည့် ပရိသတ်ပိုမိုများပြားစေနိုင်သည့်အပြင် ဝင်ငွေ လည်းတိုးလာစေနိုင်သည်။
၁။ အဖွဲ့အစည်းပြင်ပ။ ။ အမျိုးသမီးစာဖတ်ပရိသတ်ကို ဆွဲဆောင်နိုင်ပြီး ဝက်ဘ် ဆိုက်ပေါ်တွင်အချိန်တိုအတွင်း ကြည့်ရှုသူများလာစေကာ ရေရှည်တွင် အေမီဒီယာထုတ်သတင်းစာများကို အမျိုးသမီးပရိသတ်က လပေး နှစ်ပေး မှာယူဖတ်ရှုမှုမြင့်မားလာစေရန်။
၂။ အဖွဲ့အစည်းတွင်း။ ။
• သတင်းခန်းမများကမည်သည့် သတင်းဆောင်းပါးမျိုးက အမျိုးသမီးများ နှင့် ပိုမိုသင့်လျော်သည်နှင့် ပတ်သက်သောအချက်အလက်များကို အသုံး ပြုရေးအားပေးကာ လပေး၊ နှစ်ပေး မှာယူဖတ်ရှုသည့် အမျိုးသမီး ပရိသတ်များ စိတ်ဝင်စားမှုအရှိန်အဟုန်မြင့်လာအောင်ဆောင်ရွက်ရန်။
• အေမီဒီယာ၏ သတင်းခန်းမများတွင် အလေ့အထပြောင်းလဲလာပြီး၊ မျှော်လင့်ထားသည့်အပြောင်းအလဲရရှိအောင် ဆောင်ရွက်နိုင်ကာအမှန် တကယ် သက်ရောက်မှုရှိလာစေရန်။
ထိုပရောဂျက်မည်သို့အလုပ်လုပ်သနည်း။
အေမီဒီယာသည် ၎င်းသတင်းစာများတွင်ဖော်ပြသည့် သတင်းဆောင်းပါးများတွင်ပါဝင်သော အမျိုးသမီးနှင့် အမျိုးသားများကို ခွဲခြားရေတွက်သည့်လုပ်ငန်းကို ဆော့ဖ်ဝဲအသုံးပြုဆောင်ရွက်နိုင်ရန် ဘာသာစကားအားဖြင့် သဘာဝအတိုင်းခွဲ ခြားသည့် နည်းစနစ်များကိုအသုံးပြုခဲ့သည်။ လူပုဂ္ဂိုလ်များ၊ စီးပွားရေး အဖွဲ့ အစည်းများကဲ့သို့သောကဏ္ဍများတွင် သတင်းရင်းမြစ်အဖြစ် ကိုးကားရေးသား ထားသည်များကိုကနဦးခွဲခြားပြီး ဥပမာအားဖြင့် နီနာ(Nina) အမည်ရှိ စီးပွားရေး လုပ်ငန်းနှင့် နီနာအမည်ရှိလူပုဂ္ဂိုလ်တို့ကို ခွဲခြားဖော်ထုတ်ခဲ့သည်။ ဒုတိယအဆင့် တွင်မူသိရှိထားသည့် အမည်များကို နော်ဝေနိုင်ငံလူဦးရေဆိုင်ရာ အချက်အလက် စာရင်းဇယားပါ အမျိုးသားနှင့် အမျိုးသမီးတို့၏ အမည်များနှင့် နှိုင်းယှဉ်စစ်ဆေး ခဲ့သည်။ ထိုကဲ့သို့အချက်အလက်များကို ၎င်းတို့၏ ပင်မအချက်အလက်စု ဆောင်းမှုဇယားတွင် ထည့်သွင်းခဲ့ပြီးနောက် အေမီဒီယာသည် ၎င်းထုတ်ဝေသော သတင်းစာများတွင် ဖော်ပြသည့် သတင်းဆောင်းပါးများပါ အချက်အလက်များ၏ အရပ်ရပ်သော အနေအထားများကို ခွဲခြားစိစစ်နိုင်ခဲ့သည်။
မည်သည့်အရာများ တွေ့ရှိခဲ့သနည်း။
သတင်းဆောင်းပါး ပုဒ်ရေ ၆၆၀,၀၀၀ တွင် ဖော်ပြထားသည့် အမည်များတွင် ပျမ်းမျှအားဖြင့် ၃၄ ရာခိုင်နှုန်းသည်သာ အမျိုးသမီးများဖြစ်ကြောင်း အေမီဒီယာ ကပြုလုပ်သော ဆန်းစစ်လေ့လာမှုတွင်တွေ့ရှိခဲ့သည်။ ထိုလေ့လာမှုတွင် တောက် လျှောက်ထည့်သွင်းဖော်ပြလာသည့် သတင်းဓာတ်ပုံများနှင့် ပတ်သက်သော အချက်အလက်များကို အသေးစိတ်လေ့လာရာတွင် ကျား/မ ပါဝင်မှုအချိုးအစား မှာ သိသိသာသာ ကွဲပြားမှုရှိသည်ကိုလည်းတွေ့ရသည်။ လေ့လာမှုတစ်ရပ်တွင် သတင်းစာ ၆၄ စောင်ပါ အကြောင်းအရာများတွင် ကျား/မ ပါဝင်မှုအချိုးအစားမှာ ကွာဟမှုရှိကြောင်းကိုလည်းတွေ့ရသည်။ ထိုသတင်းစာများထဲမှ အရင်ဦးဆုံးလေ့ လာခဲ့သော စာစောင်သတင်းဆောင်းပါးများတွင် အမျိုးသမီးနာမည်ပါဝင်မှု ၄၂ ရာခိုင်နှုန်းရှိသည်။ အခြားသတင်းစာများတွင်မူ အမျိုးသမီးနာမည်ပါဝင်မှု ၂၈ ရာခိုင်နှုန်းရှိသည်။
ယေဘုယျအားဖြင့် သတင်းစာတိုက်ငယ်များမှ ထုတ်ဝေသည့်စာစောင်များတွင် သတင်းစာတိုက်ကြီးများ၊ ဒေသအလိုက်ထုတ်ဝေသည့် စာစောင်များထက် ကျား/မ အချိုးအစား ပိုမိုညီမျှသည်ကိုတွေ့ရှိရသည်။ ထိုစာစောင်များသည် ဒေသတွင်းဆိုင်ရာများကို ပိုမိုဖော်ပြပြီး ရံဖန်ရံခါ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဖော်ပြသည်ဖြစ်ရာ ဂျာနယ်လစ်များသွားရောက်တွေ့ဆုံ မေးမြန်းသည့် ပြောရေးဆိုခွင့်ရှိသူ အများစုမှာအမျိုးသားများဖြစ်နေတတ်သဖြင့် အေမီဒီယာမှဂျာနယ်လစ်များက အင်တာဗျူးပြုလုပ်ရန် လူရွေးချယ်မှုမှာလည်း အဓိကအရေးပါသည့် အကြောင်းတစ်ရပ်ဖြစ်နိုင်သည်။ အကြောင်းအရာမတူ သည့်သတင်းဆောင်းပါးများတွင် ဆန်းစစ်လေလာရာ၌ ကျား/မ အချိုးအစား ကွဲပြားမှုကိုအေမီဒီယာက ပို၍အထင်အရှားတွေ့ရှိခဲ့သည်။
ပညာရေးကဏ္ဍဆိုင်ရာ သတင်းဆောင်းပါး ၃၀,၀၀၀ ခန့်တွင် အမျိုးသမီးအမည် ပါရှိမှုမှာ ၄၇ ရာခိုင်နှုန်းရှိပြီး “ဘေးအန္တရာယ်၊ အရေးပေါ်အခြေအနေများနှင့် မတော်တဆဖြစ်ရပ်များ” တွင်မူအမျိုးသမီးအမည်ပါရှိမှုမှာ ၂၁ ရာခိုင်နှုန်းသာ ရှိသည်။ လူမှုအသိုက်အဝန်းများ၊ မိသားစုများနှင့် လူမှုဖူလုံရေးဆိုင်ရာများကို ရေးသားသည့် လူမှုရေးကဏ္ဍသတင်းဆောင်းပါးများတွင်သာ အမျိုးသမီးအမည် များမှာအများဆုံးပါဝင်ကြသည်။ ကျား/မ ပါဝင်မှုအချိုးအစားမတူညီခြင်းမှာ လုပ်ပိုင်ခွင့်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် အမျိုးသမီး၊ အမျိုးသားများကို မိမိအလိုကျနေရာချခန့်ထားခြင်းကြောင့်လည်းဖြစ်နိုင်သည်။ ထို့အပြင် ထိုသို့ အချိုးအစားမတူညီခြင်းမှာ မိမိအင်တာဗျူးလိုသူများကိုသာ ရွေးချယ်တွေ့ဆုံလေ့ ရှိသောဂျာနယ်လစ်များ၏ ကျား/မ ဆိုင်ရာ ဘက်လိုက်ရွေးချယ်မှုကြောင့်လည်း ဖြစ်နိုင်သည်။
နောက်ဆုံးအနေဖြင့် ကျား/မ အချိုးအစားပိုမိုညီမျှခြင်းကြောင့် လုပ်ငန်းခွင်ကို ပိုမိုပီပြင်အသက်ဝင်စေသည်ဟု ၎င်းတို့ယုံကြည်ထားသည်ကို သက်သေထူနိုင် သည့်အထောက်အထားကိုလည်း အေမီဒီယာ၏ ထုတ်ဝေသူများက တွေ့ရှိခဲ့ သည်။ အမျိုးသမီးများကို သတင်းအရင်းအမြစ်ပြုရေးသားထားသည့် သတင်း ဆောင်းပါးများ များများစားစားပါဝင်သည့် စာစောင်များကို အမျိုးသမီးများက ပိုမိုဖတ်ရှုသည်ဆိုသည့် အချက်ကိုလည်း ၂၁ လကြာကာလအတွင်း ထုတ်ဝေခဲ့ သည့်သတင်းစာ ၁၉ စောင်မှ သတင်းဆောင်ပါးများကို စိစစ်လေ့လာပြီးနောက် အဆိုပါထုတ်ဝေသူများကသိလာခဲ့သည်။
အဆိုပါ သတင်းဆောင်းပါးများကို အမျိုးသမီးပရိသတ်က မည်သို့တုံ့ပြန်ကြသနည်း။
အေမီဒီယာသည်ကောက်ခံရရှိသည့် အချက်အလက်များကို အသုံးပြုကာ အမျိုးသမီးများနှင့် ပိုမိုသင့်လျော်သည့် သတင်းဆောင်းပါးများနှင့် အကြောင်းအရာအမျိုးအစားတို့ကို ခွဲခြားဖော်ထုတ်ခဲ့သည်။ ထိုသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်အမျိုးသမီးများနှင့် ပိုမိုသင့်လျော်သည့် သတင်းဆောင်းပါးများ၊ လိုအပ် သည်များကိုနားလည်လာပြီး လပေး၊ နှစ်ပေး မှာယူဖတ်ရှုသည့်အမျိုးသမီး ပရိသတ်ပိုမိုများပြားလာအောင် ဆောင်ရွက်ရန်အထောက်အကူရရှိခဲ့သည်။
အေမီဒီယာကြုံတွေ့နေရသော စိန်ခေါ်မှုများက မည်သည့်အရာများနည်း။
ရရှိလာသော အချက်အလက်များကြောင့် အပြုအမူပြောင်းလဲလာစေရန်နှင့် ထိုအချက်အလက်များကို အယ်ဒီတာနှင့် ဂျာနယ်လစ်များက အသုံးပြုလာစေရန် ဆောင်ရွက်ရခြင်းမှာ အကြီးမားဆုံးစိန်ခေါ်မှုပင်ဖြစ်သည်။ ပရောဂျက်အပေါ် ဝန်ထမ်းများ၏တုံ့ပြန်မှုမှာ ရုတ်တရက်ဆိုသလို တစ်ဦးနှင့်တစ်ဦး ကွဲပြားသွား သည်။ အချို့သူများက ထိုသို့သတင်းအချက်အလက်အသစ်များကို လက်ခံပြီး အခြားသူများကမူလက်ခံခြင်းမရှိပေ။ သတင်းခန်းမဝန်ထမ်း အများစုက အချက် အလက်များ၏ တန်ဖိုးကိုနားလည်ကာစာဖတ်ပရိသတ်အတွင်း သတင်းဆောင်း ပါးများပိုမိုရေပန်းစားအောင် စဉ်းစားရာတွင် အဆိုပါအချက်အလက်များကို အသုံးပြုသည်။ အခြားသူများကမူ ဤပရိုဂျက်ကို အလေးထားခြင်းမရှိဘဲ ၎င်းတို့ တင်ပြနေကျကဏ္ဍဆိုင်ရာ သတင်းဆောင်းပါးများကို တိုတောင်းသည့်သတ်မှတ် ကာလအတွင်းပြီးစီးရေးကိုသာ အာရုံစိုက်ကြသည်။ ကျား/မ ညီညီမျှမျှပါဝင်ရေး ဆိုင်ရာ ပရောဂျက်အောင်မြင်မှုရှိစေရန် အဓိကသော့ချက်မှာ အဖွဲ့အစည်း အတွင်း အလေ့အထပြောင်းလဲအောင် ဆောင်ရွက်ကာထိုပရိုဂျက်မှာ ဦးစားပေး ဆောင်ရွက်ရမည့်အရာဖြစ်ကြောင်း အဖွဲ့အစည်းအတွင်းရှိသူအားလုံး သဘော ပေါက်လက်ခံလာအောင် ဆောင်ရွက်ရေးပင်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရန် အချိန်ယူရမည်ဖြစ်သော်လည်း တစ်နှစ် သို့မဟုတ် နှစ်နှစ် ကာလအတွင်းတွင် သတင်းဆောင်းပါးများ၌ အမျိုးသမီးသတင်းရင်းမြစ်များ ပါဝင်မှုသိသိသာသာ များပြားလာမည်ဖြစ်သည့်အပြင် အမျိုးသမီးပရိသတ်ကလည်း ပိုမိုစိတ်ဝင်စားလာကြမည်ဟု အေမီဒီယာကမျှော်လင့်ထားသည်။
အေမီဒီယာက မည်သည့်အရာများကို သိရှိလာခဲ့သနည်း။
• အဖွဲ့အစည်းအတွင်း အလုပ်လုပ်နေသည့် ဝန်ထမ်းများက ရွေးချယ်မှုများ ပြုလုပ်ရာတွင် အချက်အလက်များကို အသုံးပြုလာသည့်အနေအထား ရောက်ရှိစေရန်အချိန်ယူရသည်။
• လေ့လာတွေ့ရှိချက်များကို လက်တွေ့အသုံးချရန် တာဝန်ရှိသည့် သတင်းအယ်ဒီတာများအား လေ့လာတွေ့ရှိချက်များကို မပြတ်ပေးပို့ ရသည်။
• ကျား/မ ညီမျှစွာပါဝင်မှုမှာ သတင်းစာအလိုက်၊ ကဏ္ဍအလိုက်ကွဲပြား မှုရှိသည်။ ဒေသအလိုက်ထုတ်ဝေသည့် သတင်းစာငယ်များတွင် သတင်း စာကြီးများထက်ဖော်ပြရာ၌ ကျား/မ ပါဝင်မှုပိုမိုမျှတသည်။ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဘဝဆိုင်ရာကဏ္ဍများတွင် အမျိုးသမီးအသံများ ပိုမိုပါဝင်ပြီး၊ အရေးပေါ်အခြေအနေနှင့် အားကစားဆိုင်ရာဏ္ဍများတွင် အမျိုးသမီးအသံများ ပါဝင်လေ့သိပ်မရှိပေ။
• ကျား/မ ပါဝင်မှုအချိုးအစားမတူညီခြင်းမှာ လုပ်ပိုင်ခွင့်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် အမျိုးသမီး၊ အမျိုးသားများကို မိမိအလိုကျနေရာ ချခန့်ထားခြင်းကြောင့်လည်းဖြစ်နိုင်သည်။ ထို့အပြင် ထိုသို့ အချိုးအစား မတူညီခြင်းမှာ မိမိအင်တာဗျူးလိုသူများကိုသာ ရွေးချယ်တွေ့ဆုံလေ့ရှိ သောဂျာနယ်လစ်များ၏ ကျား/မ ဆိုင်ရာဘက်လိုက်ရွေးချယ်မှုကြောင့် လည်းဖြစ်နိုင်သည်။ အကျဉ်းချုပ်ပြောရလျှင် ထိုကိစ္စအတွက်တိကျသောအဖြေမရှိပေ။
• သတင်းခန်းမအားလုံးမှာ တစ်ခုနှင့်တစ်ခု မတူညီကြသကဲ့သို့ဦးစားပေးတင်ပြလိုသည့် အကြောင်းအရာများမှာလည်းကွဲပြားကြသည်။ ပရော ဂျက်၏သက်ရောက်မှုကိုလည်း သတင်းခန်းအတော်များများက ၎င်းတို့ ဖန်တီးတင်ပြသည့် သတင်းဆောင်းပါးများတွင် ဤအချက်အလက်များ ကိုအသုံးပြုကာ ကျား/မ ပါဝင်မှုအချိုးအစားကိုပြောင်းလဲရန် အချိန်ယူလာနိုင်မည့်နောင်နှစ်တွင်မှ ပီပီပြင်ပြင်စတင်တွေ့ရမည်ဖြစ်သည်။
• ကျား/မ ဆိုင်ရာကိစ္စများနှင့် ကျား/မ ညီညီမျှမျှပါဝင်ရေး ပိုမိုဦးတည်ဆောင်ရွက်သည့် အချက်အလက်ဆန်းစစ်မှုတို့နှင့် ပတ်သက်၍ သတင်းခန်းမရှိဂျာနယ်လစ်များမှာ အချိန်များစွာယူ၍ ဆွေးနွေးနေကြသည်။
• ကျား/မ တန်းတူညီမျှရေးဆိုင်ရာဘုံပန်းတိုင်ရောက်ရှိအောင်ဆောင်ရွက်ခြင်းသည် လုပ်ငန်းအတွက်ကောင်းမွန်ရုံသာမက စာဖတ်သူပိုမိုရရှိကာ လပေး၊ နှစ်ပေး မှာယူဖတ်ရှုသူ အရေအတွက်လည်းပိုမိုများပြားလာစေနိုင်သည်။
အမေးအဖြေများ
You are right.
အချက်အလက်များကို ပုံဖြင့်ဖော်ပြခြင်း