အမျိုးသမီးများကို ပိုမိုထည့်သွင်းနိုင်သည့် အဖွဲ့အစည်းများ

SOUTH CHINA MORNING POST Global

SOUTH CHINA MORNING POST သတင်းဌာန (SCMP ) သည် ကုမ္ပဏီတစ်ခု လုံးတွင်ပြုလုပ်သည့် ပရောဂျက်များထဲတွင် အမျိုးသမီးပရိသတ်ပိုမိုရရှိစေရန် တစိုက်မတ်မတ် ဆောင်ရွက်သည့်အပြင် ထိုသတင်းဌာနမှထုတ်ဝေသည့် စာစောင်တိုင်းတွင် အမျိုးသမီးများကို ပိုမိုထင်သာမြင်သာ တွေ့မြင်ရအောင် ထည့်သွင်းဖော်ပြလာသည်။ အဆိုပါအစီအစဉ်များ ရေးဆွဲအကောင်အထည် ဖော်မှုကို SCMP က ၂၀၁၈ ခုနှစ်တွင် ဆောင်ရွက်သော Hackathon ပရောဂျက် ဆောင်ရွက်ပြီးနောက်ပိုင်းတွင် ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ Hackathon ပရောဂျက်သည် စာဖတ်သူများတွင် ကျား/မ ကွာဟချက်ရှိသည်ကို မီးမောင်းထိုးဖော်ပြထားသည့်အပြင် သတင်းဆောင်းပါးများ၌ အမျိုးသားနှင့် အမျိုးသမီး သတင်းရင်းမြစ် အလွန်အမင်းကွာဟနေကာ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင် ပညာရှင်အမျိုးသမီးသတင်းရင်းမြစ် ရှာရခက်သည်ကိုပါဖော်ပြထားသည်။ အဆို ပါပရိုဂျက်မှ တွေ့ရှိချက်များကိုအခြေခံကာ SCMP သည် လှုပ်ရှားမှုတစ်ရပ်ကို ဆောင်ရွက်ခဲ့သည်။ ထိုလှုပ်ရှားမှုတွင် SCMP သည် စာဖတ်သူများ၊ မိတ်ဖက်သတင်းဌာနများနှင့် ပြင်ပသတင်းရင်းမြစ်များအား ၎င်းတို့ထံ ကျွမ်းကျင်ပညာရှင်အမျိုးသမီးအမည် များကို ၎င်းတို့၏ အွန်လိုင်းပုံစံတစ်ခုမှတစ်ဆင့်ဖော်ပြပေးပါရန် မေတ္တာရပ်ခံခဲ့ သည်။ အဆိုပါ အွန်လိုင်းပုံစံကို တိုက်ရိုက်ဖြန့်ဝေသည့်အပြင် ဆိုရှယ်မီဒီယာနှင့် ၎င်းတို့ သတင်းဌာနကထုတ်ပြန်သော သတင်းလွှာများတွင်လည်းဖော်ပြခဲ့သည်။

To date, the SCMP has received nominations for women with expertise as diverse as nanotechnology, economic empowerment, retail, cloud accounting, gender equality and healthcare. The nominated experts are verified by an internal team and made available to the entire newsroom in a searchable database. With regards to tracking gender balance, the SCMP has taken advice from the BBC’s 50:50 project and uses some of the same metrics and guidelines.

အခြားသတင်းဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် SCMP သည် တန်ဖိုးမဖြတ်နိုင်သော အကြံဉာဏ်များကိုရရှိခဲ့ကာ အခြားအဖွဲ့အစည်းများ ကြုံတွေ့ရသည့် ပြဿနာများကိုရှောင်ရှားနိုင်ရန်လည်း အဆိုပါအကြံဉာဏ်များက အထောက်အကူပြုခဲ့ည်။ “မိမိတို့အတွေ့အကြုံတွေကို မျှဝေပေးလိုတဲ့ အခြားအဖွဲ့တွေထံ ဆက်သွယ်ခဲ့လို့ ရလာတဲ့တုံ့ပြန်မှုတွေကြောင့် ကျွန်မတို့စိတ်ကူး ကောင်းတွေရခဲ့တယ်” ဟု SCMP ၏ ဒီဂျစ်တယ်အယ်ဒီတာ လူရာဝန်းက ပြောကြားခဲ့သည်။

“ဒီလိုနယ်ပယ်မှာ သတင်းဌာနတိုင်းအရင်ကထက် ပိုကောင်းလာအောင်လုပ်နိုင်ပါတယ်။ ဒါကပြိုင်ပွဲဆိုတာမျိုးနဲ့ မဆိုင်ပါဘူး။ အဲဒါက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သတင်းမီဒီယာလောကကို တိုးတက်အောင်ဆောင်ရွက်တာမျိုးသာဖြစ်ပါတယ်။”

BLOOMBERG Global

ဘလွန်းဘတ် (BLOOMBERG) သတင်းဌာနသည်လည်း ၎င်း၏အွန်လိုင်းနှင့် ရုပ်သံထုတ်လွှင့်မှုများတွင် အမျိုးသမီးသတင်းရင်းမြစ်များ ပိုမိုပါဝင်လာစေရန် ဌာနတစ်ခုလုံး အတိုင်းအတာဖြင့် ပြောင်းလဲမှုများကို အခြားသတင်းဌာနများကဲ့သို့ပင် ၂၀၁၈ ခုနှစ်၌ စတင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံပေါင်း ၁၂၀ ရှိ အယ်ဒီတာအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နေသော ဂျာနယ်လစ် ၂,၇၀၀ ဦးနှင့် ဆန်းစစ်လေ့လာသူများအား သတင်းဌာနတစ်ခုလုံးက အသုံးပြုနိုင်သည့် ဒေတာဘေ့စ်ထဲတွင်ထည့်သွင်းနိုင်ရန် ၎င်းတို့ဆက်သွယ်ဆောင်ရွက်ရာ နယ်ပယ်ရှိ အမျိုးသမီးကျွမ်းကျင်ပညာရှင်များနှင့် ရင်းနှီးကျွမ်းဝင်လာအောင် ဆောင်ရွက်စေခဲ့သည်။ ဘလွန်းဘတ် သတင်းဌာနသည် ၂၀၁၈ ခုနှစ် အစောပိုင်းကာလများ၌ အမျိုးသမီးအမည် ၅၀၀ ခန့်ကို ဖော်ပြနေရာမှ ယခုအခါ အမည်ပေါင်း ၂,၃၀၀ ကျော်ထိဖော်ပြလာပြီဖြစ်သည်။ မီဒီယာနှင့် ဆက်သွယ်ပြောကြားရန် ၎င်းတို့၏ အလုပ်ရှင်အသီးသီးထံမှ ခွင့်ပြုချက်ရထားသော အမျိုးသမီးအရေအတွက်များပြားလာစေရန်နှင့် အဆိုပါအမျိုးသမီးများအား မီဒီယာသင်တန်းများပေးရန်ကိုလည်း ဘလွန်းဘတ်သတင်းဌာန ၎င်းတို့၏ NEW VOICES ပရိုဂျက်မှတစ်ဆင့်ကြိုးစားလျက်ရှိသည်။ ထိုပရိုဂျက်ကို တစိတ်တစ်ဒေသ အကောင်အထည်ဖော်သည့်အနေဖြင့် ဘလွန်းဘတ်သတင်းဌာနသည် ရာထူးကြီးသည့်အမျိုးသမီးများ နှင့် ထိပ်တန်းငွေရေးကြေးရေး ကုမ္ပဏီများမှ အမှုဆောင်အမျိုးသမီး အသီးသီးကို မီဒီယာနှင့် ဆက်သွယ်ရေးသင်တန်းများပေးရန် ကမ်းလှမ်းသည့်အပြင် အဆိုပါ သင်တန်းများအတွက် ကုန်ကျစရိတ်ကိုလည်း ကျခံပေးလျက်ရှိသည်။

အဆိုပါအစီအစဉ်ကို ဆောင်ရွက်လျက်ရှိသည့် နယူးယောက်၊ ဆန်ဖရန်ဆစ်စကို၊ တိုရန်တို၊ လန်ဒန်၊ ဒူဘိုင်း၊ မွန်ဘိုင်း၊ ဟောင်ကောင်နှင့် ဆစ်ဒနီမြို့များတွင် အမျိုးသမီးအမှုဆောင် ၁၂ ဦး အတွက် သင်တန်းစရိတ်များကို ၂၀၁၉ ခုနှစ်တွင် ဘလွန်းဘတ်သတင်းဌာနကကျခံခဲ့သည်။

Ringier Group, ဆွစ်ဇာလန်နိုင်ငံ

ရိန်းဂျားဂရု (Ringier Group) သတင်းဌာနသည် EqualVoice အမည်ရှိပရောဂျက်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မိမိကုမ္ပဏီအတွင်း၌ အရေးကြီးလုပ်ငန်းစဉ်အဖြစ်စတင်ဆောင်ရွက်ခဲ့သည်။ ရိန်းဂျားမီဒီယာ၏ သတင်းဆောင်းပါးခေါင်းစဉ်များတွင် ဖော်ပြသော အမျိုးသားနှင့် အမျိုးသမီး အချိုးအစားဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ပေးသည့် EqualVoice Factor ခေါ် ရေတွက်ဖော်ပြသည့်ဆော့ဖ်ဝဲမှာ ထိုပရိုဂျက်တွင် အဓိကအသုံးပြုသောနည်းလမ်းပင်ဖြစ်သည်။

အဆိုပါပရိုဂျက်မှာ ကျား/မ ပါဝင်မှုအချိုးအစားကို ခွဲခြားရေတွက်ပေးရုံသက်သက် မဟုတ်ဘဲ အခမ်းအနားများကျင်းပခြင်း၊ အထူးထုတ်မဂ္ဂဇင်းတစ်စောင် ထုတ်ဝေခြင်းနှင့် ကျား/မ အချိုးအစားညီမျှမှုကို အလေးပေးသော အွန်လိုင်း ချန်နယ်များ (ခေါင်းစဉ်အားလုံးတွင်) ထုတ်လွှင့်ခြင်းစသည့်အစီအစဉ်များကိုပါထည့်သွင်းထားသည်။ သတင်းဌာနတစ်ခုလုံး အသုံးပြုနိုင်သည့် အမျိုးသမီးကျွမ်းကျင်ပညာရှင်များ စာရင်းကိုလည်းလက်ရှိတွင်ပြုစုလျက်ရှိပြီးလုပ်ငန်းနယ်ပယ်များတွင် အမျိုးသားများနှင့် အမျိုးသမီးများ၏ အမှန်တကယ်အခြေအနေများကို ဖော်ပြသည့်ဓာတ်ပုံများကို နိုင်ငံတစ်ဝန်းတွင်ရိုက်ကူးကာ အဆိုပါဓာတ်ပုံများဖြင့် ဒေတာဘေ့စ်တစ်ခုတည်ဆောက်ရန်လည်းနှိုးဆော်ထားသည်။

ရိန်းဂျားသတင်းဌာန၏ ထုတ်ဝေသူ မိုက်ကယ်ရိန်းဂျား နှင့် စီအီးအို ဖြစ်သူ မတ်ဝယ်ဒါတို့ကအဆိုပါ EqualVoice ပရောဂျက်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ရိန်းဂျားဂရုအမှုဆောင်အဖွဲ့နှင့် အကြံပေးအဖွဲ့တို့က အထောက်အကူများပေးလျက်ရှိသည်။

Close Bitnami banner