ကျား/မ အချိုးအစားညီမျှရေးအောင်မြင်စွာဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းများ

AMEDIA နော်ဝေး

တိုးတက်မှုရှိသည့်အပြင် နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးနှင့် အခွင့်အလမ်း များရှိသည့်နိုင်ငံဟု ကျွန်ုပ်တို့နားလည်ထားသည့် နော်ဝေးနိုင်ငံ၌ပင် ကျား/မ မညီမျှစွာပါဝင်မှုမှာ လက်တွေ့လောကတွင် ရှိနေသေးသည်။ အေမီဒီယာ (Amedia) အမည်ရှိကုမ္ပဏီက မိမိတို့၏ စာစောင်ကိုပင် အခြေခံလေ့လာခဲ့ရာတွင် အထက်ပါအတိုင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကျား/မ ပိုမိုညီမျှစွာ ပါဝင်ခြင်းကြောင့် လုပ်ငန်းခွင်ကို ပီပီပြင်ပြင်သက်ဝင်စေသည်ဟု ၎င်းတို့ယုံကြည်ထားသည်ကို သက်သေထူနိုင်သည့် ထောက်အထား ကိုလည်း အဆိုပါစာစောင်ထုတ်ဝေသူများက တွေ့ရှိခဲ့သည်။ အမျိုးသမီးများရေးသားထားသည့် သတင်း ဆောင်းပါးများ များများစားစားပါဝင်သည့် စာစောင်များကို အမျိုးသမီးများက ပိုမိုဖတ်ရှုသည်ဆိုသည့် အချက်ကိုလည်း ၂၁ လကြာ ကာလအတွင်း ထုတ်ဝေခဲ့သည့် သတင်းစာ ၁၉ စောင်မှ သတင်းဆောင်းပါးများကို စိစစ်လေ့လာပြီးနောက် အဆိုပါ ထုတ်ဝေသူများကသိလာခဲ့သည်။ အဆိုပါ ၂၁ လကြာကာလအတွင်း ကျား/မ ညီမျှစွာပါဝင်မှုကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာရာတွင် သတင်းစာ ၆၄ စောင်မှ သတင်းဆောင်းပါးပုဒ်ရေ ၆၆၀,၀၀၀ ကို အချက်အလက်ဆိုင်ရာ သိပ္ပံနည်းပညာနှင့် အလိုအလျောက်အမျိုးအစားခွဲသည့် နည်းစနစ်တို့ဖြင့် အထူးအားစိုက်လေ့လာခဲ့ရာမှ ဤသို့စိတ်ဝင်စားဖွယ်ကောင်းသည့် ဆက်နွယ်မှုကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဘာသာစကားအား ပုံမှန်စိစစ်သည့် နည်းစဉ်များကိုအသုံးပြုကာ အေမီဒီယာသည် သတင်းဆောင်းပါးများပါ အမျိုးသားနှင့် အမျိုးသမီး များကိုခွဲခြားခြင်း၊ အရေအတွက်မှတ်သားခြင်းများကို ပြုလုပ်နိုင်ခဲ့သည်။ သတင်းတွင်အရင်းအမြစ်အဖြစ် ကိုးကားရေးသားထားသည်များကို ထုတ်ဝေသူများက လူပုဂ္ဂိုလ်အမည်လား၊ စီးပွားရေးအဖွဲ့အစည်းအမည်လား ဟူသည်ကို ကနဦးခွဲခြားနိုင်ခဲ့သည်။ ဥပမာအားဖြင့် နီနာ(Nina)အမည်ရှိ စီးပွားရေးလုပ်ငန်းနှင့် နီနာ အမည်ရှိ လူပုဂ္ဂိုလ်တို့ကိုခွဲခြားဖော်ထုတ်နိုင်ခဲ့သည်။ဒုတိယအဆင့်တွင် သိရှိထားသည့်အမည်များကို နော်ဝေးနိုင်ငံ လူဦးရေဆိုင်ရာ အချက်အလက်စာရင်းဇယားပါ အမျိုးသားနှင့် အမျိုးသမီးတို့၏ အမည်များနှင့် နှိုင်းယှဉ်စစ်ဆေးခဲ့သည်။ ထိုကဲ့သို့ အချက်အလက်များကို ၎င်းတို့၏ ပင်မအချက် အလက်စုဆောင်းမှုဇယားတွင် ထည့်သွင်းခဲ့ပြီးနောက် ထုတ်ဝေသူများသည် အချက်အလက်များ၏ အရပ်ရပ်သောအနေအထားများကို ခွဲခြားစိစစ်နိုင်ခဲ့သည်။

သတင်းဆောင်းပါးပုဒ်ရေ ၆၆၀,၀၀၀ တွင် ဖော်ပြထားသည့်အမည်များတွင် ပျမ်းမျှအားဖြင့် ၃၄ ရာခိုင်နှုန်းသည်သာ အမျိုးသမီးများ ဖြစ်ကြောင်းတွေ့ရှိခဲ့ သည်။ သတင်းစာအမည်ကွဲများထဲတွင် အမည်အလိုက် တစ်စောင်ချင်းစီကို စိစစ် လေ့လာသည့်အခါတွင်မူ တစ်စောင်နှင့်တစ်စောင် သိသိသာသာ ကွဲပြားသည်ကိုလည်းတွေ့ရှိခဲ့သည်။ သတင်းစာတိုက်ငယ်များမှ ထုတ်ဝေသည့်စာစောင်များတွင် သတင်းစာတိုက်ကြီးများမှ ထုတ်ဝေသည့်စာစောင်များထက် ကျား/မ ပိုမို၍ ညီမျှစွာပါဝင်သည်ကိုတွေ့ရှိရသည်။

ဥပမာအားဖြင့် ယခင်က အမြင့်ဆုံးနေရာတွင်ရှိခဲ့သော စာစောင်တွင် အမျိုးသမီး နာမည်ပါဝင်မှု ၄၂ ရာခိုင်နှုန်းရှိသည်။ အကြောင်းအရာမတူသည့် သတင်း ဆောင်းပါးများတွင် ဆန်းစစ်လေ့လာရာ၌ ကျား/မ ညီမျှစွာပါဝင်မှုသည် အကြောင်းအရာကိုလိုက်၍ ကွဲပြားမှုရှိသည်ကို ပို၍အထင်အရှားတွေ့ရသည်။ ပညာရေးကဏ္ဍဆိုင်ရာ သတင်းဆောင်းပါး ၃၀,၀၀၀ ခန့်တွင် အမျိုးသမီးအမည် ပါရှိမှုမှာ ၄၇ ရာခိုင်နှုန်းရှိပြီး “ဘေးအန္တရာယ်၊ အရေးပေါ်အခြေအနေများနှင့် မတော်တဆဖြစ်ရပ်များ” တွင်မူ အမျိုးသမီးအမည်ပါရှိမှုမှာ ၂၁ ရာခိုင်နှုန်း သာရှိသည်။ လူမှုအသိုက်အဝန်းများ၊ မိသားစုများနှင့် လူမှုဖူလုံရေးဆိုင်ရာများကို ရေးသားသည့် လူမှုရေးကဏ္ဍ သတင်းဆောင်းပါးများတွင်သာ အမျိုးသမီးအမည်များ အများဆုံးပါဝင်ကြသည်။

ကျား/မ ပါဝင်မှုမညီမျှခြင်းမှာ လုပ်ပိုင်ခွင့်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် အမျိုးသမီး၊ အမျိုးသားများကို မိမိအလိုကျနေရာချခန့်ထားခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ထို့အပြင် ထိုသို့ အချိုးအစားမတူညီခြင်းမှာ မိမိအင်တာဗျူးလို သူများကိုသာ ရွေးချယ်တွေ့ဆုံလေ့ရှိသော ဂျာနယ်လစ်များ၏ ကျား/မဆိုင်ရာ ဘက်လိုက် ရွေးချယ်မှုကြောင့်လည်း ဖြစ်နိုင်သည်။

နောင်ပြုလုပ်မည့်အစီအစဉ်များတွင် အေမီဒီယာမှ ဂျာနယ်လစ်များနှင့် အယ်ဒီတာများကို ကျား/မ ညီမျှစွာပါဝင်မှုနှင့် ပတ်သက်သော အချက်အလက်များကို အသုံးပြုရန်ကမ်းလှမ်းထားသည်။ လက်တွေ့လောကရှိ စာဖတ်သူများထဲတွင် ကျား/မ ကွာဟချက်ရှိသည်ကို အသိပေးထားသော အထူးပြုစုထားသည့် အချက်အလက်များကို တစ်ချို့အယ်ဒီတာအဖွဲများက အသုံးပြုနေပြီဖြစ်သည်။ See AMEDIA. AMEDIA)

Close Bitnami banner