ကျား/မ ညီမျှစွာပါဝင်မှုကို အခြေရာခံရာတွင် စဉ်းစားရမည့် အချက်များ

ခေါင်းဆောင်မှုနှင့် တာဝန်ခံနိုင်မှု

လုပ်ငန်းစဉ်ကို မည်သူက မောင်းနှင်နေသလဲ၊ အောင်မြင်မှု သို့မဟုတ် ဆုံးရှုံးမှုအတွက် မည်သူ့မှာတာဝန်ရှိသလဲဆိုသော အချက်သည်အလွန်အရေးကြီးသည်။ ရည်မှန်းချက်ကို ခေါင်းဆောင်မှုကဏ္ဍမှ လူများကချမှတ်ပေးလျှင် အကောင်းဆုံးဖြစ်သည်။ အဖွဲ့အစည်းတစ်ခုလုံးတွင် ကျား/မ ညီမျှစွာပါဝင်ရေး တန်ဖိုးများကို နားလည်ထားရမည်။ ဝန်ထမ်းအဆင့်တိုင်းတွင်လုပ်ဆောင်နိုင်ဖို့အရေးကြီး သည်။

ရင်းမြစ်များ

အဖွဲ့အစည်းအများစုသည် ငွေကြေးအားဖြင့် ဆွဲဆန့်သုံးစွဲနေကြရသည်ဖြစ်ရာ ဤသို့လုပ်ဆောင်ရန် ဘတ်ဂျက်အလုံအလောက်မရှိတတ်ပေ။ သင့်အဖွဲ့အစည်းအတွက်အလုပ်ဖြစ်မည့် နည်းလမ်းကိုသာ အချိန်နှင့် ရင်းမြစ်ရှုထောင့်မှ စဉ်းစားပြီးရွေးချယ်ဆုံးဖြတ်ပါ။

ဘယ်သူကလုပ်မှာလဲ

၎င်းသည် အရေးပါသည်။ တစ်ယောက်တည်းက လုပ်မှာလား။ လူအများ သို့မဟုတ် အားလုံးပါဝင်လုပ်ဆောင်မှာလား။

လူဖြင့်လုပ်မှာလား၊ အလိုအလျောက်ကိရိယာကိုသုံးမှာလား

သင့်အနေဖြင့် လူဖြင့်ရေတွက်သော နည်းကိုသုံးမှာလား။ အလိုအလျောက် ကိရိယာများကိုသုံးမှာလား ရွေးချယ်ရလိမ့်မည်။ သင်၏ရွေးချယ်မှုသည် သင်က ပုံနှိပ်မီဒီယာကို ဆန်းစစ်သလား၊ အွန်လိုင်းမီဒီယာကို ဆန်းစစ်နေသလား ဆိုသည့် အပေါ်မူတည်သည်။

နယ်ပယ်အတိုင်းအတာ

ဘာတွေနဲ့ တိုင်းတာမှာလဲ။ သင်၏ နမူနာအရွယ်အစား ပမာဏကဘာလဲ။ ပုံနှိပ် သို့မဟုတ် အွန်လိုင်းလား။ အွန်လိုင်းဟုဆိုရာတွင် အလိုအလျောက် ခြေရာခံစနစ်များကို ပိုမိုလွယ်ကူစွာသုံးနိုင်သည်။ သင်၏ Home Page ကို ကြည့်ရုံပဲလား။ သတင်းအမျိုးအစား အားလုံးကိုကြည့်မှာလား။ အမျိုးအစားအလိုက် တိုင်းတာစစ်ဆေးခြင်းသည် ပိုမိုအသုံးဝင်သည်။ တိုင်းတာစစ်ဆေးမှု ရလဒ်ကို မည်မျှတိကျ စေလိုပါသနည်း။ နမူနာကသေးငယ်လေလေ သင်၏အကြောင်းအရာ တစ်ခုလုံးတွင် ကျား/မ ညီမျှစွာပါဝင်မှုကို ကိုယ်စားပြုနိုင်မှုနည်းလေပင်ဖြစ်သည်။

အကြိမ်အရေအတွက်

အချက်အလက်တွေကို သင်ဘယ်နှစ်ကြိမ်နှုန်းနှင့် ကောက်ယူသလဲဆိုသော အချက်သည် ယင်းစီမံကိန်းကို ဘယ်သူကပြုလုပ်သလဲ။ ၎င်းတို့မှာ အချိန်နှင့် ရင်း မြစ်ဘယ်လောက်ရှိသလဲ။ စီမံကိန်း၏ နယ်ပယ်က ဘယ်လောက်ကျယ်ပြန့်သလဲ ဆိုသော အထက်ပါအကြောင်းတရားများအပေါ်မူတည်သည်။

အချက်အလက်များကောက်ယူခြင်း

သင်၏ အချက်အလက်များကို ဘယ်လိုကောက်ယူပါသလဲ။ မည်သူက ဦးဆောင်ထိန်းသိမ်းပါသလဲ။ ဗဟိုကထိန်းချုပ်သော အပိတ် database လား။ စုပေါင်း ထိန်းသိမ်းသော collaborative database လား။

အချက်အလက်ဆက်သွယ်ခြင်းနှင့် မျှဝေခြင်း

သင် စတင်လုပ်ပြီဆိုလျှင် သင်၏ အချက်အလက်များကို အတွင်းစည်းမှာသ ထားခြင်းကစိတ်ချရပါသည်။ အထက်ပိုင်းစီမံခန့်ခွဲရေး အရာရှိကြီးများအတွင်း မှာသာ သိထားရမည်ဟုမဆိုလိုပါ။ သင်၏ အဖွဲ့အစည်းအတွင်း ပွင့်လင်းမြင်သာမှုရှိဖို့လည်းလိုအပ်ပါသည်။ သတင်းရေးသားသူ၊ တည်းဖြတ်သူများက ပြဿနာနှင့် တိုးတက်မှုများကိုသိရှိထားရပါမည်။ ပွင့်လင်းမြင်သာရှိခြင်းဆိုသည်မှာ အဖွဲ့ အစည်းများသည် ပြဿနာကိုဖြေရှင်းရာတွင် တစ်ခုခုလုပ်ဆောင်ရန် လိုအပ်သည်ကိုသိရှိစေနိုင်သည်။ အပြောင်းအလဲများ မြင်တွေ့လာရပြီဆိုလျှင် သင်၏ ကိန်းဂဏာန်းများကို အများသိအောင်ဝေမျှခြင်းက နှစ်ထပ်ကွမ်းအကျိုးဖြစ် ထွန်းနိုင်သည်။ အခြားအဖွဲ့အစည်းများကိုလည်း သင်၏နမူနာအတိုင်းလိုက်လုပ်ရန် တွန်းအားပေးရာရောက်သည်။ သင်၏ ဝန်ထမ်းများနှင့် သတင်းထောက်များအားအောင်မြင်မှုရအောင် အပြုသဘောအားပေးရာရောက်သည်။

အကောင်အထည်ဖော်ခြင်း၊ မိတ်ဆက်ပေးခြင်း

ဤစီမံကိန်းကို စောင့်ကြပ်ကြည့်ရှုရန် တစ်ဦးတစ်ယောက် သို့မဟုတ် လူတစ်ဖွဲ့ ထားရှိသင့်ပါသည်။ ဌာနတွေကို လက်ခံနားလည်လာအောင်လုပ်ရန်နည်းလမ်းများစွာရှိပါသည်။ အထက်ကချပေးလိုက်သော နည်း ဥပမာ ကျား/မ ညီမျှစွာ ပါဝင်ရေး တည်းဖြတ်မှုပေါ်လစီသစ်၊ တဖြည်းဖြည်းတိုး၍ လုပ်သောနည်း သို့မဟုတ် ဌာနတွေ အဆင်သင့်ဖြစ်သောအခါမှ သူတို့သဘောနှင့် သူတို့လက်ခံလုပ်ကိုင်လာကြသောနည်း၊ စိတ်ပါသော ဆန္ဒရှိသော ဌာနတစ်ခုနှင့် အရင်စ ကြည့်ပါ။ BBC ၏ 50:50 စီမံကိန်းတွင် ဤနည်းကိုသုံးခဲ့ပါသည်။ ထိုအလုပ်ကို စတင်လုပ်ဆောင်သော BBC ၏ Outside Source ဟူသော အစီအစဉ်က သူ၏ထုတ်ဝေမှုများတွင် ကျား/မ ညီမျှစွာပါဝင်ရေး တိုးတက်လာသောအခါတခြားသော အစီအစဉ်များကလည်း မိမိသဘောအရ လိုက်ပါလာကြသည်။

Close Bitnami banner