အလိုအလျောက် စစ်ဆေးရေးကိရိယာများ

အလိုအလျောက် စစ်ဆေးရေးကိရိယာများသည် သတင်းမီဒီယာအဖွဲ့အစည်းများအတွက် ဝန်ထမ်းများအပေါ်အလုပ်ပိုမဖြစ်စေဘဲ ၎င်းတို့၏သတင်းများတွင် ကျား/မ ညီမျှစွာပါဝင်မှု ရှိ၊ မရှိ လွယ်ကူစွာစစ်ဆေးနိုင်သည်။

WIN GENDER TRACKER

Women in News သည် အခန်း ၅ တွင် ဖော်ပြထားသော အချက်ပြ ကိရိယာများကိုအခြေခံပြီး သတင်းများတွင် ကျား/မ ညီမျှစွာပါဝင်မှုရှိ၊ မရှိ စစ်ဆေးရန် အဖွဲ့အစည်းအတွင်းသာသုံးသော software တစ်ခုကိုဖန်တီးထားသည်။ WIN သည် ၎င်းထောက်ပံ့ပေးသော နိုင်ငံများတွင်သတင်းများကို စစ်ဆေးရန် Gender Tracker ကိရိယာကိုသုံးသည်။ ၎င်းဖြင့် ခေတ်ရေစီးများနှင့် တိုးတက်မှုများကို WIN က စစ်ဆေးသည်။ ၎င်းကိုလက်ရှိတွင် WIN အဖွဲ့အစည်းကသာ အသုံးပြုသော်လည်း အနာဂတ်တွင် မီဒီယာလုပ်ငန်းများအတွက် ဝေမျှသွားရန် အစီအစဉ်ရှိသည်။

GENDER EQUALITY TRACKER

Gender Equality Tracker သည် သီးခြားနိုင်ငံတစ်ခုရှိ သတင်းအဖွဲ့အစည်း အတော်များများတွင် အမျိုးသား၊ အမျိုးသမီး ကိုယ်စားပြုမှုများကို စစ်ဆေးပေး နေသည်။ ထို software သည် အသစ်ထွက်ရှိလာသော သတင်းများကိုဖတ်ရှုပြီး အမျိုးသား၊ အမျိုးသမီး နာမည်များ နာမ်စားများ မည်မျှပါဝင်သည်ကိုရေတွက်ပေးသည်။

INFORMED OPINIONS

Gender Equality Tracker နည်းတူ Informed Opinions ၏ Gender Gap Tracker သည် ကနေဒါနိုင်ငံရှိ အွန်လိုင်းသတင်းဝဘ်ဆိုက်များတွင် အမျိုးသမီး နှင့် အမျိုးသား သတင်းရင်းမြစ်များကိုအချိုးအစား မည်မျှထည့်သွင်းသည်ကို အဆင့်သတ်မှတ်ပေးသည်။ ၎င်းသည် စာဖတ်သူများကိုလည်း သက်ဆိုင်ရာ သတင်းဌာနများအား ကျား/မ ညီမျှစွာပါဝင်မှုရှိအောင်လုပ်ဆောင်ရန် တိုက်တွန်း သည်။

GENDERMEME

Gendermeme သည် natural language processing ကို အသုံးပြုကာ သတင်းများတွင် ကျား/မ ညီမျှစွာပါဝင်မှုရှိ၊ မရှိကို ထဲထဲဝင်ဝင် စစ်ဆေးနိုင်သည့် လွတ်လပ်စွာ ရရှိနိုင်သော software ဖြစ်သည်။ ၎င်းကို အဖွဲ့အစည်းများက ကိုယ်ပိုင် စစ်ဆေးရေးကိရိယာ တည်ဆောက်ရာတွင်လည်း အသုံးပြုနိုင်သည်။

HER HEADLINE

Her Headline သည် အားကစားသတင်းများတွင် ကျား/မ ခွဲခြားသော ဘာသာ စကားအသုံးအနှုန်းများကို မီးမောင်းထိုးပြသပေးသော Chrome browser extension ဖြစ်သည်။ ထို extension သည် ကျား/မ ခွဲခြားသော၊ ဘက်လိုက်သော စကားလုံးများ၊ စကားစုများရှာဖွေပေးပြီး ၎င်းတို့သည် ဘာကြောင့်ပြဿနာ ဖြစ်နိုင်သည်ကို ရှင်းပြပေးသည်။ Her Headline သည် Cambridge University Press ၏ ထောက်ပံ့မှုဖြင့် ရေးဆွဲထားသော Unesco ၏ လုပ်ဆောင်ချက်ဖြစ်သည်။

ကျား၊မ မျှတမှုအတွက် အွန်လိုင်းနည်းလမ်းများမှ အီလက်ထရောနစ်စာစောင်များနှင့် အခြေခံအသုံးပြုနည်းအများအထိ hi-fi နှင့် lo-fi ချည်းကပ်မှုများစွာရှိသည်။ အဖွဲ့အစည်း၏ လိုအပ်ချက်ပေါ်မူတည်၍ ရွေးချယ်နိုင်သည့်နည်းလမ်းများစွာရှိသည်။

Close Bitnami banner