(၈) သင်၏ တိုးတက်မှုကို စစ်ဆေးပါ။

သင်မည်မျှတိုးတက်လာသည်ကို သိရှိခြင်းက အလွန်အရေးပါသည်။ ထိုသို့ သိရှိပါက ဘယ်သူ ဘယ်ဌာနတွင် အပြစ်အနာအဆာရှိသည်ကိုသိနိုင်သည်။ သင်၏ လုပ်ဆောင်ချက်သည် အောင်မြင်ပါက ၎င်းကိုအဖွဲ့အစည်းအတွင်း တခြား ဌာနများနှင့် မျှဝေနိုင်သည်။ သင်ကမျှော်လင့်သလောက် တိုးတက်မှုမရှိလျှင် ၎င်းသည် သင်ပိုမိုကြိုးပမ်းအားထုတ်ရန်ခွန်အားကိုဖြစ်စေပြီး လိုအပ်ပါက နည်းဗျူဟာများကို ပြောင်းလဲရမည်ကိုသိရှိနိုင်သည်။ မည်သည့်နေရာတွင် သင်လိုအပ်ချက်ရှိနေသည်ကိုလည်းသိနိုင်သည်။

အောက်ပါတို့ကိုလုပ်ဆောင်ရန် အဖွဲ့အစည်းအတွင်း လုပ်ငန်းအစီအစဉ် ရေးဆွဲပါ

    • သင်၏သတင်းတွင် အမျိုးသမီးများကိုအရေးပါသော ကဏ္ဍမှပါဝင်ပါစေ • အမျိုးသမီးများ၏ အသံနှင့် အမြင်များကို ထည့်သွင်းရေးသားပါ • ကျား/မ ခွဲခြားဆက်ဆံသော၊ ချိုးနှိမ်သောဘာသာစကား ရုပ်ပုံများကို ရှောင်ရှားပါ • သတင်းများက အမျိုးသမီးများကို ဆွဲဆောင်နိုင်အောင်လုပ်ဆောင်ပါ။ အမျိုးသမီးပရိသတ်၏အကြိုက်ကိုသိပါ • သင်၏ တိုးတက်မှုကိုစစ်ဆေးပါ
Close Bitnami banner