(၃) ပစ်မှတ်များထားရှိပါ။

၎င်းနှင့် ပတ်သက်ပြီး အမြင်အမျိုးမျိုး ကွဲပြားကြသည်။ တစ်ခုမှာ လွယ်လွယ်ကူကူ ရရှိနိုင်သည်များဖြင့် အစပြုရန်ဖြစ်သည်။ ကျား/မ ညီမျှစွာပါဝင်မှုကို လွယ်ကူစွာရရှိနိုင်သော သတင်းကဏ္ဍများ၊ ဌာနများနှင့် အစပြုခြင်းဖြစ်သည်။ သီးခြားဌာနအလိုက် ပစ်မှတ်များကိုပြောင်းလဲပေးနိုင်သည်။ ဥပမာ အားကစား သတင်းဌာနအတွက် နည်းပါးသောပစ်မှတ်များ ထားရှိပေးနိုင်သည်။ တင်းကြပ်သောချဉ်းကပ်မှု လုပ်ဆောင်မည်ဆိုပါက အဖွဲ့အစည်းတစ်ခုလုံးအတွင်း ကျား/မ ညီမျှစွာပါဝင်မှုကို လုပ်ဆောင်ရန်ဖြစ်သည်။ BBC သတင်းဌာနက လုပ်ဆောင်သော ၅၀ : ၅၀ နှုန်းထားမျိုး ဖြစ်သည်။

Close Bitnami banner