(၂) အမျိုးသမီးများ၏အသံနှင့်ထင်မြင်ချက်များကိုထည့်သွင်းပါ

ဤနေရာတွင် ရှုထောင့်အမျိုးမျိုးရှိပါသည်။

အမျိုးသမီးဆောင်းပါးရှင်များတိုးပွားအောင်လုပ်ပါ

သင်၏စာစောင်တွင်အမျိုးသားများနှင့်အတူ အမျိုးသမီးဆောင်းပါးရှင်များ ပါဝင်ရေးသားနေအောင်လုပ်ပါ။ ဤနည်းဖြင့် ကျား/မ ညီမျှစွာပါဝင်ခြင်းကို အလိုအလျောက်ထင်ရှားပေါ်လွင်လာနိုင်ပါသည်။

အရေးပါသော သတင်းဆောင်းပါများ

သင်၏အမျိုးသမီးဝန်ထမ်းများသည်၊ ဘဝနေထိုင်ပုံ (lifestyle)၊ ခရီးသွား (သို့မဟုတ်) ဆယ်လီများအကြောင်းရေးနေသူများသာရှိသည်ဆိုလျင် ကျား/မ ညီမျှစွာပါဝင်မှုရှိသည်ဟုမဆိုနိုင်သေးပါ။ သင့်ဝန်ထမ်းများကို နိုင်ငံရေး၊ အားကစားနှင့် စီးပွားရေးကဲ့သို့ ခြေခြေမြစ်မြစ်အကြောင်းအရာများကိုလည်း ရေးခွင့်ပေးပါ။

အမျိုးသမီးသတင်းရင်းမြစ်များပါဝင်ပါစေ

အမျိုးသမီးများ၏ ရှုထောင့်အမြင်များ ပါဝင်အောင် အမျိုးသမီးရင်းမြစ်များကို အသုံးပြုပါ။ အမျိုးသားနိုင်ငံရေးသမားများ၏ ပြောစကားများကိုသာ ထုတ်ယူ သုံးစွဲခြင်းမပြုပါစေနှင့်၊ ကျောင်းဆရာမများ၊ အိမ်ထောင်ရှင်အမျိုးသမီးများထံမှလည်းရယူပါ၊ ပုဂ္ဂလိကအတွေ့အကြုံများ ဝေမျှရန်အတွက်သာအမျိုးသမီးများကိုအသုံးပြုခြင်းမှရှောင်ကြဉ်ပါ။

အမျိုးသမီးကျွမ်းကျင်ပညာရှင် ရင်းမြစ်များ ပါဝင်ပါစေ

ကျွမ်းကျင်ပညာရှင်အမျိုးမျိုး၏ အမြင်များပါဝင်နိုင်ရန် အမျိုးသားနှင့် အမျိုးသမီး ကျွမ်းကျင်ပညာရှင်များ တန်းတူညီမျှပါဝင်အောင်လုပ်ပါ။ ဘာသာရပ်အားလုံး တွင်အောင်မြင်နေကြသော တတ်သိနားလည်သော အမျိုးသမီးများရှိ ကြပါသည်။ အမျိုးသမီးပညာရှင်၏ အယူအဆသဘောထားကို ချွင်းချန်ထားခြင်း အတွက်ပေးရန်ဆင်ခြေမရှိပါ။

အမျိုးသမီးကျွမ်းကျင်သူ ရင်းမြစ်စာအုပ်ထားပါ

သင့်တိုင်းပြည် (သို့) ဒေသတွင်အမျိုးသမီးကျွမ်းကျင်သူရင်းမြစ် စာအုပ်မရှိသေးလျှင်ပြုစုထားပါ။ ဤစာအုပ်သည် လှုပ်ရှားတက်ကြွသော၊ ကြီးထွားနေသော database ဖြစ်လာလိမ့်မည်၊ ထို database ကို အသုံးပြု၍ အမျိုးသမီးကျွမ်းကျင်သူရင်းမြစ်များကို နေ့စဉ်လိုပင်ရှာဖွေတွေ့ရှိနေမည်၊ ဘီဘီစီ နှင့် Bloomberg တို့လိုမီဒီယာကြီးများ ထိုကဲ့သို့အောင်မြင်စွာလုပ်ဆောင်နေကြပါသည်။ ပြည့်စုံ သော အမျိုးသမီးရင်းမြစ်စာအုပ် နမူနာကို ကြည့်လိုလျှင် She Source (US/Global) ကို ကြည့်ပါ။ဇင်ဘာဘွေနိုင်ငံတွင် (According to Her) ဟု ခေါ်သောအလားတူ အမျိုးသမီးရင်းမြစ်စာအုပ်ကို Gender Media Connect က ဖန်တီးပေးထားသည်။

အမျိုးသမီး ကျွမ်းကျင်သူများကို မီဒီယာနှင့် ဆက်သွယ်ရေး သင်တန်းပေးပါ

အမျိုးသမီးကျွမ်းကျင်သူများထံမှ သတင်းဆောင်းပါးများ၏ အရည်အသွေးတိုးတက်လာစေရန် Bloomberg အပါအဝင်မီဒီယာ ကော်ပိုရေးရှင်းကြီးများက မီဒီယာတွင်ဖော်ပြခြင်းမခံခဲ့ရဖူးသော၊ အတွေ့အကြုံမရှိသေးသူများအတွက် မီဒီယာနှင့် ဆက်သွယ်ရေးသင်တန်းများပို့ချပေးနေကြသည်။ ဤသို့ပို့ချမှုသည် ရေဒီယိုနှင့် ရုပ်မြင်သံကြားလို မီဒီယာများအတွက် အထူးသဖြင့်အရေးပါလှပေသည်။

Close Bitnami banner