ကျား/မ ခွဲခြားခြင်းသည် စီးပွားရေးလုပ်ငန်းအတွက် မကောင်းပါ

ကမ္ဘာကြီးသည် ကျား/မ ခွဲခြားသောအစဉ်အလာအတိုင်း ပုံသေတယူသန်အမြင်များ ပါဝင်သောသတင်းများကို ပိုမိုဆန့်ကျင်လာကြရာ မီဒီယာအဖွဲ့အစည်းများသည် ထိုသို့သော သတင်းများကို ထုတ်ဝေပါကစာဖတ်ပရိသတ် ဆုံးရှုံးနိုင်သည်။ #MeToo လှုပ်ရှားမှုသည် ကမ္ဘာတစ်ဝန်းတွင် ကျား/မ တန်းတူညီမျှမှုကို ပိုမိုနိုးကြား စိတ်ဝင်စားလာကြစေရန် လှုံ့ဆော်ပေးနိုင်ခဲ့သည်။ ကျား/မ တန်းတူ ညီမျှမှုမရှိသည့် အလွဲသုံးစားပြုမှုများကို ဆက်လက်ဖြစ်ပေါ်စေသော လူများ၊ အဖွဲ့အစည်းများကိုသူတို့၏ လုပ်ရပ်များအပေါ်မည်သို့ တာဝန်ယူစေသင့်သည် ဆိုသည်နှင့် မည်သို့ထိရောက်စွာ ဖြေရှင်းရမည်ကို အမျိုးသမီးများနှင့် အမျိုးသားများကိုလည်းပြသပေးနိုင်ခဲ့သည်။ မီဒီယာအဖွဲ့အစည်းတစ်ခုက ကျား/မ ခွဲခြားသော အမျိုးသမီးများကိုချိုးနှိမ်သော သတင်းများထုတ်ဝေနေသည်ဟု ခံစားသိရှိရပါက ပရိသတ်များသည်ငြိမ်မနေကြတော့ပေ။ ပရိသတ်များသည် လူမှုကွန်ယက်ကို အသုံးပြုကာ၎င်းတို့၏ ဒေါသများကိုဖော်ထုတ်ကြသည်။ BBC Radio 4 ၏ ပရိသတ်အများအပြားသည် BBC ဝန်ထမ်းဟောင်း John Humphrys ၏ ပြောကြားချက်ဖြစ်သော ကလေးများကိုစောင့်ရှောက်သော အလုပ်တွင် အမျိုးသမီးများသည် အမျိုးသားများထက် ပိုမိုကျွမ်းကျင်ကြောင်း မှတ်ချက်ကို မကျေနပ်ကြသဖြင့် Twitter လူမှုကွန်ယက်တွင်ဖော်ထုတ်ခဲ့ကြသည်။ ထိုနည်းတူစွာပင် The Atlantic သတင်းစာ၏ အယ်ဒီတာဖြစ်သော Jeffrey Goldberg၏ ပြောကြားချက်ဖြစ်သော စကားလုံး ၁၀,၀၀၀ ပါ မျက်နှာဖုံးသတင်းများကို လူဖြူအမျိုးသားများကသာ ရေးသားနိုင်သည်ဟူသော မှတ်ချက်ကြောင့် အကြီးအကျယ် ဝေဖန်ခံခဲ့ရသည်။ ဖြစ်ချင်တော့ သူတို့၏မဂ္ဂဇင်းက မတူကွဲပြားသော ဝန်ထမ်းများရရှိအောင် မည်ကဲ့သို့လုပ်ဆောင်နေကြောင်း အင်တာဗျူးဖြေကြားချက်တွင် သူသည်ထိုမှတ်ချက်ကို ပြောကြားမိခဲ့ခြင်းပင်။

#MeToo လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်း အကျိုးဆက်ကြောင့် ယနေ့ခေတ် အနေအထားတွင် တိုက်ရိုက် သို့မဟုတ် ကျား/မ ခွဲခြားဆက်ဆံဟန်ရှိသော ဖော်ပြချက်များကို လက်မခံကြတော့ကြောင်း အထက်ပါဥပမာများက ဖော်ပြနေသည်။ The Economist သတင်းစာ၏ သုတေသနအရဝန်ထမ်းများက လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုပြဿနာများတွင် ပါဝင်ပတ်သက်နေပါက ထိုကုမ္ပဏီ၏ရှယ်ယာစျေးများသည် ထိုးကျသွားလေ့ရှိသည်ဟုသိရသည်။ The O’Reilly Factor, Fox News သတင်း ဌာန၏ ပြဿနာတွင် O’ Reilly Factor ဟုခေါ်ဆိုသော Bill O’ Reilly လက်ခံစီစဉ်သည့် show သည် တစ်ပတ် အတွင်းကြော်ငြာရှင် ထက်ဝက်ကျော်ခန့် ဆုံးရှုံးခဲ့ရသည်။ ၎င်းမှာ ၂၀၀၂ ခုနှစ်က Bill O’ Reilly နှင့် Fox News တို့သည် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်သည့် အမှု များအတွက် တရားရင်ဆိုင်ဖြေရှင်းခဲ့ရကြောင်း ပေါ်ပေါက်ခဲ့သောကြောင့်ဖြစ် သည်။

Close Bitnami banner