Women in News (WIN) အကြောင်း


Women in News (WIN) သည် သတင်းမီဒီယာလောကတွင် အမျိုးသမီးများ၏ ခေါင်းဆောင်မှုနှင့် ပြောဆိုရေးသားနိုင်ခွင့်ကို မြှင့်တင်ရန်ရည်ရွယ်သည်။ ၎င်းသည် မီဒီယာလောကတွင် အမျိုးသမီးများ ပိုမိုမြင့်မားသောခေါင်းဆောင်မှုနေရာများရရှိစေရန်နှင့် ရေးသား၊ တည်းဖြတ်မှုအပိုင်းများတွင် ဩဇာလွှမ်းမိုးမှုရရှိလာနိုင်စေရန်အတွက် လိုအပ် သောကျွမ်းကျင်မှုများ၊ မဟာဗျူဟာများနှင့် ထောက်ပံ့ရေးကွန်ယက်များကို အမျိုးသမီးသတင်းထောက်များ နှင့် အယ်ဒီတာများအားဖြန့်ဝေပေးပို့ပါသည်။ တစ်ပြိုင်နက်တည်းမှာပင် WIN သည် မီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ သတင်းခန်းများတွင်လည်းကောင်း၊ စီမံခန့်ခွဲမှုဘုတ်အဖွဲ့တွင်လည်းကောင်း၊ ၎င်းတို့ရေးသားသော သတင်းများကို ထည့်သွင်းဖော်ပြမှုတွင်လည်းကောင်း အမျိုးသား၊ အမျိုးသမီး ကွာဟမှုမရှိစေရန် မီဒီယာလောကတစ်ခုလုံးအတွက် ဖြေရှင်းရန် နည်းလမ်းများကိုရှာဖွေပေးပါသည်။

WIN သည် လက်ရှိတွင် အာဖရိကဆာဟာရ အောက်ပိုင်းဒေသ၊ အာရပ်ဒေသနှင့် အရှေ့တောင်အာရှ (SEA) ဒေသတို့မှ နိုင်ငံပေါင်း ၁၅ ခုရှိ မီဒီယာအဖွဲ့အစည်း ၈၀ ကျော်နှင့် လက်တွဲလုပ်ကိုင်လျက်ရှိသည်။ WIN Africa တွင် Botswana ၊ Kenya ၊ Malawi ၊ Rwanda ၊ Somalia ၊ Tanzania ၊ Uganda ၊ Zambia နှင့် Zimbabwe နိုင်ငံတို့ ပါဝင်သည်။ WIN Arab Region တွင် Egypt ၊ Jordan ၊ Lebanon နှင့် Palestine နိုင်ငံတို့ပါဝင်သည်။ WIN Southeast Asia တွင် Myanmar နှင့် Vietnam နိုင်ငံတို့ ပါဝင်သည်။

WIN သည် ဆွီဒင်နိုင်ငံတကာဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ Swedish International Development Cooperation Agency (Sida) နှင့် နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ အထောက်အပံ့ဖြင့်လုပ်ဆောင်နေခြင်းဖြစ်သည်။

www.womeninnews.org


WIN သည် ဆွီဒင်နိုင်ငံတကာဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ Swedish International Development Cooperation Agency (Sida) နှင့် နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာန Royal Norwegian Ministry of Foreign Affairs တို့၏ အထောက်အပံ့ဖြင့်လုပ်ဆောင်နေခြင်းဖြစ်သည်။

WAN-IFRA သည် ကမ္ဘာပေါ်ရှိသတင်းစာများနှင့် သတင်းထုတ်ဝေသူများ အဖွဲ့ အစည်းဖြစ်ပြီး နိုင်ငံပေါင်း ၁၂၀ ကျော်မှ သတင်းစာ ၁၈,၀၀၀ ကျော်၊ အွန်လိုင်း ဝဘ်ဆိုက် ၁၅,၀၀၀ ကျော် မီဒီယာကုမ္ပဏီ ၃,၀၀၀ ကျော်တို့ကို ကိုယ်စားပြု သည်။ WAN-IFRA သည် ကမ္ဘာလုံးဆိုင်ရာသတင်း မီဒီယာအသင်းအဖြစ် မီဒီယာလွတ်လပ်ခွင့်ကိုကာကွယ်ရန်နှင့် မြှင့်တင်ရန်လည်းကောင်း၊ ယင်းလွတ်လပ်ခွင့်အတွက် မရှိမဖြစ်လိုအပ်သည့် သတင်းမီဒီယာများ စီးပွားရေးအရ အမှီအခိုကင်းရှင်းရေးကို မြှင့်တင်ပေးရန်လည်းကောင်း လူ့အခွင့်အရေးဆိုင်ရာလုပ်ပိုင်ခွင့်ရှိသည့်သူ၏ အနေအထားကြောင့်ထူးခြားပါသည်။

မီဒီယာလွတ်လပ်ခွင့်ကို ထောက်ပံ့ပေးရာတွင် WAN-IFRA သည် ချဉ်းကပ်မှု နှစ်မျိုးကိုအသုံးပြုသည်။ ၎င်းသည်မီဒီယာလွတ်လပ်ခွင့်အတွက် နိုင်ငံရေးနှင့်လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ကန့်သတ်ချက်များကို အကြံပေးသောနည်းလမ်းဖြင့်ကူညီသည်။ တစ်ဖက်တွင်လည်းမီဒီယာများ၏ လုပ်နိုင်စွမ်းနှင့်ကွန်ယက်ကိုအားကောင်းစေကာ သက်ဆိုင်ရာ မီဒီယာအဖွဲ့အစည်းကိုပါ အားကောင်းလာအောင်ကူညီသည်။

ထိုသို့ နည်းလမ်းနှစ်သွယ်ဖြင့် ချဉ်းကပ်ခြင်းကြောင့် WAN-IFRA သည် မီဒီယာ လွတ်လပ်ခွင့်ကို စိန်ခေါ်နေသော အကြောင်းရင်းများကို ရှုထောင့်မျိုးစုံဖြင့်ဖြေရှင်းနိုင်လာသည်။ အကြံပြုချက်နှင့် ဖွံ့ဖြိုးရေးလုပ်ဆောင်ချက်များအကြား အတွေ့အကြုံများအပြန်အလှန် ချိတ်ဆက်မှုများမြှင့်တင်လာနိုင်ကာ WAN-IFRA နိုင်ငံတကာလူ့အဖွဲ့အစည်း၏ ကျယ်ပြန့်သော ကျွမ်းကျင်မှု၊ ပူးတွဲလုပ်ကိုင်မှုများ ဖြင့် အဓိပ္ပာယ်ပြည့်ဝသောအပြောင်းအလဲကိုဖန်တီးလာနိုင်သည်။

www.wan-ifra.org

ဆက်သွယ်ရန်


To get in touch with Women in News:

Melanie Walker
WIN Executive Director
melanie.walker@wan-ifra.org


Jane Godia
Director, Africa
jane.godia@womeninnews.org


Fatemah Farag
Director, Arab Region
fatemah.farag@womeninnews.org


Khin Thandar Htay
Director, Southeast Asia
khin.thandar@womeninnews.org


If you have questions about the microsite, or gender balance:

Gabriella Siciliano
Director, Digital
gabriella.siciliano@womeninnews.org



Mona Magdy Abdelmaksoud
Senior Manager, Gender Balance and Research
mona.magdy@womeninnews.org


Farah Wael
Manager, Digital and Research
farah.wael@womeninnews.org

မျှော်မှန်းချက်


ဤလမ်းညွှန်ချက်သည် မီဒီယာအဖွဲ့အစည်းများနှင့် မီဒီယာကျွမ်းကျင်ပညာရှင်များအနေဖြင့် ၎င်းတို့ရေးသားထုတ်ဝေသည့် အကြောင်းအရာများတွင် ကျား၊မ မျှတမှုမြှင့်တင်ရေးအတွက်လိုအပ်သည့်ဆောင်ရွက်ချက်များနှင့်အတွင်းကျကျလေ့လာချက်များကို ပံ့ပိုးပေးနိုင်ရန်ဖြစ်သည်။

ဤလမ်းညွှန်ချက်က အောက်ပါအချက်များနှင့် ပတ်သက်ပြီး အထောက်အပံံ့ဖြစ်စေနိုင်ပါသည်။

    • အကြောင်းအရာများတွင် ကျား၊မ မျှတမှု၏အရေးပါမှုကို နားလည်သဘော ပေါက်ရန် • မီဒီယာတွင်မတူညီသည့် ကျား၊မ ရေးရာပုံသေကားချပ်သတ်မှတ်မှု နည်းလမ်းများကိုဖော်ထုတ်ရန် • ကျား၊မ ရေးရာပုံသေကားချပ်သတ်မှတ်မှုများ ရှောင်ရှားနည်းကို နားလည်သဘောပေါက်ရန် • ရေးသားဖော်ပြသည့် အကြောင်းအရာများတွင် ကျား၊မ မျှတမှုပိုမိုပါဝင်လာစေရန် • အဖွဲ့အစည်းတွင်း မဟာဗျူဟာများချမှတ်ရန်နှင့် တိုးတက်မှုများကိုလေ့လာစောင့်ကြည့်ရန်လိုအပ်သည့် မက်ထရစ်များနှင့် လုပ်ဆောင်ချက်များကိုသတ်မှတ်ရန် • အခြားသတင်းဌာနများ၏ အောင်မြင်သောလုပ်ဆောင်ချက်များကိုလေ့လာရန်

လိင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ကျား/မ မဟုတ်သူများ အတွက် လမ်းညွှန်


ဤလမ်းညွှန်သည် မီဒီယာများတွင် အမျိုးသမီးများ၏အသံကို မြှင့်တင်ပေးရန်နှင့် ခေါင်းဆောင်သည့်အပိုင်းတွင် အမျိုးသမီးများပါဝင်လာနိုင်စေရန် စသည့် Women in News အဖွဲ့အစည်း၏ အဓိကရည်ရွယ်ချက်ကိုထင်ဟပ်ပြသစေသည်။

ဤလမ်းညွှန်တွင် ကျား/မတန်းတူညီမျှမှုဟူသော အသုံးအနှုန်းသည် အမျိုးသားများနှင့်အမျိုးသမီးများကြား မျှတမှုရရှိခြင်းကို ရည်ညွှန်းသည်။

Women in News သည် လိင်ဟုဆိုခြင်းမှာ ကျား/မ နှစ်မျိုး တည်းမဟုတ်ကြောင်းသိရှိပြီးဖြစ်သည်။ လိင်သည် နှစ်မျိုးမက ရှိနိုင်ကြောင်းနားလည်ပြီးဖြစ်သည်။ ဤလမ်းညွှန်သည် အမျိုးသား နှင့် အမျိုးသမီးများကြား ညီမျှမှုအဓိကထား ရေးသားထားသော်လည်း ဤလမ်းညွှန်တွင်ပါဝင်သောအချက်များကို မီဒီယာအဖွဲ့အစည်းအတွင်းသိရှိထားသော လိင်ပြောင်းထားသူများနှင့် LGBTQIA+ လူ့အဖွဲ့အစည်းဝင်များအတွက်ပါ ကျယ်ပြန့်စွာအသုံးပြုနိုင်သည်။

မီဒီယာလုပ်ငန်းအတွင်း ကျား/မ မဟုတ်သော လူ့အဖွဲ့အစည်းဝင်များအတွက် သီးခြားလမ်းညွှန်များလည်းလိုအပ်ကြောင်း WIN ကသိရှိပါသည်။ ၎င်းအတွက် လမ်းညွှန်ကိုမကြာတော့သော အနာဂတ်တွင်ရေးသားသွားရန်ရှိပါသည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်များ



ကျား/မ ဖြစ်တည်မှု

လူတစ်ဦး၏ နေထိုင်မှုပုံစံဆိုင်ရာ စံသတ်မှတ်ချက်၊ အပြုအမူများနှင့် လူမှုရေး ပေါင်းသင်းဆက်နွယ်မှုများနှင့် ပတ်သက်၍ လူမှုပတ်ဝန်းကျင်က အစဉ်အလာ လက်ခံသတ်မှတ်ထားသည့် စရိုက်လက္ခဏာများဖြစ်သည်။ လူမှုပတ်ဝန်းကျင် များသည် ကျား/မ ဖြစ်တည်မှုအား အမျိုးသား သို့မဟုတ် အမျိုးသမီးဟူ၍ နှစ်မျိုးသတ်မှတ်ထားသည်။ သို့ရာတွင်ကျွန်ပ်တို့ သတ်မှတ်သည့် ကျား/မ ဖြစ် တည်မှုမှာမူ လူတစ်ဦးမှာ ယောက်ျား သို့မဟုတ် မိန်းမအဖြစ် မွေးဖွားလာသည်နှင့် မသက်ဆိုင်ပေ။

*ကျား/မ ဖြစ်တည်မှုကို ကျား သို့မဟုတ် မ နှစ်မျိုးတည်း သတ်မှတ်ချက်ထက် အမျိုးစုံခွဲခြားသတ်မှတ်နိုင်သည်ဟု ကျွန်ပ်တို့နားလည်ထားသောကြောင့် ကျား/မ ဖြစ်တည်မှုဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက်မှာပြောင်းလဲလျက်ရှိသည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် World Health Organization ၏အချက်အလက်များအပေါ်မှီငြမ်းသည်။ https://www.who. int/health-topics/gender

ကျား/မ ဖြစ်တည်မှုဆိုင်ရာ အစဉ်အလာ လက်ခံထားမှု

အမျိုးသားနှင့် အမျိုးသမီးတို့၏ ကျား/မ ဖြစ်တည်မှုဆိုင်ရာကို အခြေခံကာရှိ သင့်သည်ဟု အစဉ်အလာသိနားလည်လက်ခံထားသည့် ဝိသေသများ၊ စရိုက် လက္ခဏာများနှင့် အခန်းကဏ္ဍများ။

ကျား/မ အခြေပြု ဘက်လိုက်မှု

အမျိုးသားနှင့် အမျိုးသမီးတို့၏ ကျား/မ ဖြစ်တည်မှုဆိုင်ရာကို အခြေခံကာရှိ သင့်သည်ဟု အစဉ်အလာသိနားလည်လက်ခံထားသည့် ဝိသေသများ၊ စရိုက် လက္ခဏာများနှင့် အခန်းကဏ္ဍများကြောင့် (သိစိတ်ထဲကရော မသိစိတ်ထဲကပါ) ဘက်လိုက်ဆောင်ရွက်လိုသောလုပ်ရပ်နှင့် အတွေးအမြင်များ။

ကျား/မ အခြေပြု ခွဲခြားဆက်ဆံမှု

လူတို့၏ ကျား/မ ဖြစ်တည်မှုသက်သက်အပေါ်တွင် အခြေခံကာထိုသူများကို ခွဲခြားဆက်ဆံသည့် သဘောထားခံယူမှုနှင့် လုပ်ရပ်များကိုခေါ်ဆိုခြင်းဖြစ်သည်။

ကျား/မ ဖြစ်တည်မှုဆိုင်ရာ သိနားလည်မှု

ကျား/မ အခန်းကဏ္ဍများ၊ လူမှုရေးပေါင်းသင်းဆက်နွယ်မှုများကို လူမှုပတ်ဝန်းကျင်ကမည်သို့ သတ်မှတ်သည်ဆိုသောအချက်ကို ရှုမြင်နိုင်စွမ်းနှင့် ထိုအရာများ ၏သက်ရောက်မှုကိုနားလည်သဘောပေါက်နိုင်စွမ်းကိုဆိုလိုသည်။ ဆက်စပ်သောအခေါ်အဝေါ်အသုံးအနှုန်းများ။ ။ကျား/မ ဖြစ်တည်မှုဆိုင်ရာအကဲဆတ်မှု။

ကျား/မ ညီညီမျှမျှပါဝင်မှု (ဘာသာစကား)

လူများကိုယေဘုယျအားဖြင့်သာ သဘောထားပြီး၊ ကျား/မ ဟူ၍ ရည်ညွှန်းမှုမရှိခြင်း၊ သို့မဟုတ် ကျား ဖြစ်သည်၊ မ ဖြစ်သည်ဟူ၍ပင် အနည်းဆုံးအလားသဏ္ဌာန်တူ ရည်ညွှန်းခြင်းမရှိသည့် ကျား/မ အတိအကျဖော်ပြခြင်းမပြုသော ဘာသာစကားရေးသားသုံးစွဲပုံ။

ဆက်စပ်သော အခေါ်အဝေါ် အသုံးအနှုန်းများ။ ။ ကျား/မ မျှတသော ဘာသာစကားသုံးစွဲပုံ၊ ကျား/မ ထည့်သွင်းရည်ညွှန်းခြင်းမရှိသည့် ဘာသာစကားသုံးစွဲပုံ။

ကျား/မ ဖြစ်တည်မှုဆိုင်ရာ စံသတ်မှတ်ချက်

လူမှုပတ်ဝန်းကျင်များတွင် လိင်အမျိုးအစားမှာ ကျား နှင့် မ ဟု နှစ်မျိုးသတ်မှတ်ထားပြီး၊ လူတစ်ဦးသည် ယောက်ျားအဖြစ်မွေးဖွားလာပါက ၎င်းအား အမျိုးသား၊ မိန်းမအဖြစ်မွေးဖွားလာပါက ၎င်းအားအမျိုးသမီးဟူ၍ သတ်မှတ်ထားချက်ကိုဆိုလိုသည်။ အဆိုပါ ကျား/မ ဖြစ်တည်မှုဆိုင်ရာ စံသတ်မှတ်ချက်နှင့် အံမဝင်သောသူများသည် ခွဲခြားဆက်ဆံခံရသည့်အပြင် အစော်ကားခံရကာ ဝိုင်းပယ်လည်းခံရသည်။

ကျား/မ ခံယူမှု

ကျား/မ ခံယူမှုဆိုသည်မှာ လူတစ်ဦးချင်းစီ၏ စိတ်ထဲတွင်ဖြစ်ပေါ် ခံစားမိသော ကျား/မ လိင်စိတ်ခံယူမှုပင်ဖြစ်သည်။ ထိုသို့ခံယူမှုမှာ ၎င်းတို့က မိမိကိုယ်မိမိ အမျိုးသမီးဟုလည်းကောင်း၊ အမျိုးသားဟုလည်းကောင်း၊ မိမိမှာ အမျိုးသမီးရော အမျိုးသားပါ ဟုတ်သည် ဟုလည်းကောင်း၊ မိမိမှာအမျိုးသမီးလည်းမဟုတ်၊ အမျိုးသားလည်းမဟုတ်ဟုလည်းကောင်း၊ သို့မဟုတ် လိင်စိတ်ခံယူမှု အသွင် အမျိုးမျိုးထဲမှ တစ်ခုခုဟုလည်းကောင်း မှတ်ယူခြင်းဖြစ်သည်။ လူတစ်ဦး၏ ကျား/မ အဖြစ်ခံယူမှုမှာ ၎င်းမွေးဖွားစဉ်က ယောက်ျားအဖြစ်လည်းကောင်း၊ မိန်းမအဖြစ်လည်းကောင်း မွေးဖွားလာသည့်လိင်အမျိုးအစားနှင့် တူညီနိုင်သကဲ့သို့ကွဲပြားမှုလည်းရှိနိုင်သည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ဖော်ပြပါ website ၏အချက်အလက်များအပေါ်မှီငြမ်းသည်။ https://www.genderspectrum.org/quick-links/ understanding-gender/

ကျား/မ ဟု ခံယူထားခြင်းမရှိသူ

လိင်စိတ်ခံယူမှု ပြောင်းလဲထားသူများအပါအဝင် လူအများစုမှာ ယောက်ျား သို့မဟုတ် မိန်းမအဖြစ် မွေးဖွားလာသူများဖြစ်သည်။ သို့ရာတွင်အချို့သူများမှာ အမျိုးသား သို့မဟုတ် အမျိုးသမီး သို့မဟုတ် ကျား သို့မဟုတ် မ အဖြစ်သတ်မှတ်ရန် အံမဝင်ပဲရှိတတ်သည်။ ဥပမာအားဖြင့်ပြောရလျှင် အချို့ သူများ၏ ကျား/မ ဖြစ်တည်မှုတွင် အမျိုးသားအသွင်ရော အမျိုးသမီးအသွင်ပါရှိတတ်သည်။ ထိုသို့မဟုတ်ပါကလည်း ၎င်းတို့သည် ကျား သို့မဟုတ် မ ဆိုသော ဖြစ်တည်မှုနှင့် ကွဲပြားသော လိင်စိတ်ခံယူမှုအသွင်ရှိနေတတ်သည်။ အချို့သူများကမူ မိမိကိုယ်မိမိ ကျား ဟုလည်း မသတ်မှတ်သည့်အပြင် မ ဟုလည်း မသတ်မှတ်ကြပေ။ အချို့သူများ၏ ကျား/မ ဖြစ်တည်မှုခံယူချက်မှာ အချိန် ကာလအလိုက် ပြောင်းလဲသွားတတ်သည်။

ဆက်စပ်သောအခေါ်အဝေါ်အသုံးအနှုန်းများ။ ။လိင်စိတ်ခံယူမှု ပြောင်းထားသူ။

အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ဖော်ပြပါ website ၏အချက်အလက်များအပေါ်မှီငြမ်းသည်။ www.transequality.org

လိင်စိတ်ခံယူမှု ပြောင်းထားသူ

(transgender) ဆိုသည့်စကားရပ်မှာ အစဉ်အလာလက်ခံထားသော ကျား/မ ဖြစ်တည်မှုဆိုင်ရာ စံသတ်မှတ်ချက်နှင့်မတူဘဲ ကျား/မ လိင်စိတ်ခံယူမှု အမျိုးမျိုးနှင့် ပြုမူပြောဆိုမှုများကို လွှမ်းခြုံခေါ်ဝေါ်သောစကားရပ်ဖြစ်သည်။ ထိုစကားရပ်တွင် လိင်စိတ်ခံယူမှုပြောင်းထားသူ၊ လိင်ပြောင်းအမျိုးသမီး( ကျား မှ မ ဘဝ သို့)၊ လိင်ပြောင်းအမျိုးသား (မ မှ ကျား ဘဝ သို့)၊ ခွဲစိတ်ကုသမှုခံယူကာ လိင်ပြောင်းထားသူ၊ မိန်းမလျာ သို့မဟုတ် ယောက်ျားလျာ၊ ကျား/မ ဟူ၍ ခံယူထားခြင်းမရှိသူ၊ လိင်စိတ်ခံယူမှု မပြတ်သားသေးသူများအားလုံးပါဝင်သည်။

ဆက်စပ်သောအခေါ်အဝေါ်အသုံးအနှုန်းများ။ ။ လိင်စိတ်ခံယူမှုပြောင်းထားသူ၊ ကျား/မဟု ခံယူထားခြင်းမရှိသူ။

အဓိပ္ပာယ်ဖွင့်ဆိုချက်များကို GLAAD ၏အချက်အလက်များအပေါ်မှီငြမ်းသည်။ https://www.glaad.org/about

မွေးရာပါအတိုင်းလိင်စိတ်ခံယူသူ

မွေးရာပါအတိုင်းလိင်စိတ်ခံယူသူ (Cisgender) ဆိုသည်မှာ မွေးရာပါ ကျား/မ ဖြစ်တည်မှုအတိုင်း လိင်စိတ်ခံယူသူကို ရည်ညွှန်းသည့်စကားရပ်ဖြစ်သည်။ ဥပမာအားဖြင့် မိန်းမအဖြစ်မွေးဖွားလာသူက မိမိကိုယ်မိမိ အမျိုးသမီးဟုပင် ခံယူမှုကိုဆိုလိုသည်။ ဤစကားရပ်ကို လိင်စိတ်ခံယူမှုပြောင်းထားသူ (transgender) ဆိုသည့်စကားရပ်နှင့် ဆန့်ကျင်ဖက်စကားရပ်အဖြစ်အသုံးပြု သည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်များကို GLAAD ၏အချက်အလက်များအပေါ်မှီငြမ်းသည်။ https://www.glaad.org/about

Close Bitnami banner